ရပ်ရှ်ဖို့ ဒေါပွနေခဲ့တယ်လို့ မှတ်ချက်ပေးလိုက်ပြီး ယူနိုက်တက်ရဲ့ စိတ်မကောင်းစရာ ဖြစ်နေရတဲ့ အားသာချက်ကို ထုတ်ပြောလိုက်တဲ့ ဟားဂရေ့ဗ်

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အိုဝင် ဟားဂရေ့ဗ် က လက်ရှိ အသင်းမှ ကြယ်ပွင့် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ဟာ ပွဲထွက် ကစားခွင့်တွေ မရရှိခဲ့တဲ့ အတွက် ဒေါပွနေလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ်မှာတော့ တော့တင်ဟမ် ဟော့ စပါး အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး အဝေးကွင်းမှာ 0 – 3 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ ပါတယ် ။ ဒါက ဖိအားတွေအောက် ရောက်နေတဲ့ ဆိုးလ်ရှား အတွက် စိတ်သက်သာရာ ရရှိစေခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ 3-4-1-2 ကစားကွက်ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဝါရင့်တိုက်စစ်မှူး နှစ်ဦး ဖြစ်ကြတဲ့ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ အီဒင်ဆန် ကာဗာနီ တို့ကို ထည့်သွင်း ကစားစေခဲ့ပါတယ် ။ ဒါဟာ လက်တွေ့မှာလည်း အလုပ်ဖြစ်သွားခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ ဒဏ်ရာ ပြသနာတွေမှ ပြန်လည် သက်သာ ကောင်းမွန်ခဲ့တဲ့နောက် ယူနိုက်တက် ကြယ်ပွင့် မားကပ်စ် ရပ်ရှ်ဖို့ဟာ 3 ပွဲ ပါဝင် ကစားခဲ့ပြီး 2 ဂိုး သွင်းယူပေးထားနိုင်ခဲ့တဲ့ အတွက် ဒီလို ပွဲစဥ်မျိုးမှာ ပွဲထွက်နိုင်ဖို့ မျှော်လင့်ခဲ့ပေမဲ့ အခွင့်အရေး မရခဲ့ပါဘူး ။

အခုတော့ ယူနိုက်တက် ကစားသမားဟောင်း ဖြစ်သူ အိုဝင် ဟားဂရေ့ဗ် က ပွဲထွက်ခွင့် မရတဲ့အတွက် ရပ်ရှ်ဖို့ဟာ ဒေါပွ နေခဲ့လိမ့်မယ်လို့ မှတ်ချက်ပေးရင်း သူ ဂိုးသွင်းပြီး အောင်ပွဲခံချိန်မှာ ဒါကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ရပ်ရှ်ဖို့ရဲ့ အောင်ပွဲခံပုံကို တွေ့ရင် ဒါကို မြင်တွေ့နိုင်မှာပါ ။ သူဟာ ဒေါပွနေခဲ့ ပါတယ် ။ ဒါပေမဲ့ ဘောလုံး ဂန္တဝင် နှစ်ယောက်က ခင်ဗျားရဲ့ အရှေ့မှာ ပွဲထွက် ကစားခွင့်တွေ ရယူနေကြတယ်ဆိုရင် နည်းပြဆီ ကွန်ပလိန်းတက်ဖို့ ခင််ဗျား အတွက်တော့ ခက်ခဲနေမှာပဲလေ ”

” သူ (ဆိုးလ်ရှား) က ရော်နယ်ဒို ကို ဘယ်တော့မှ ချန်မှာ မဟုတ်ပါဘူး ။ ရော်နယ်ဒို အတွက်လည်း အနားမှာ တစ််စုံတစ်ယောက် ရှိနေဖို့ လိုအပ်ပါတယ် ။ ကာဗာနီဟာ ပြီးဆုံးခဲ့တဲ့ ​ဘောလုံးရာသီတုန်းက အရမ်းကောင်းခဲ့တယ်လေ ။ သူဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်နေခဲ့ပါတယ် ”

” ကိုယ့်ရဲ့ အသင်းမှာ ရပ်ရှ်ဖို့ နဲ့ မေဆွန် ဂရင်းဝုဒ် တို့လို ကစားသမားတွေ အရံခုံပေါ် ရှိနေတာ တကယ့် အားသာချက် တစ်ခုပါပဲ ။ ဒါက ကစားသမားတွေ အတွက်တော့ နာကျင်စရာ ဖြစ်နေမှာ အသေအချာပါပဲ ။ ဒါပေမဲ့ အခု အချိန် အသင်းမှာ ဟန်ချက်ရဖို့ အရေးကြီးတယ်လေ ”

” ဒီနေ့ သူတို့ရဲ့ ကစားပုံတွေ ကောင်းမွန်ခဲ့ ပါတယ် ။ ရပ်ရှ်ဖို့ ကတော့ အရံခုံပေါ်ကနေ ဆင်းလာပြီး ဂိုးတွေ သေချာပေါက်် အများကြီး သွင်းယူပြနိုင်လိမ့်ဦးမယ်လို့ ယုံကြည်ပါတယ် ” လို့ ဟားဂရေ့ဗ် က သုံးသပ်ရင်း ဒီကစားကွက်ကို ဆိုးလ်ရှား ဆက်သုံးလိမ့်ဦးမလားလို့ အမေးခံလိုက်ရတဲ့အခါမှာတော့…

” ကြီးမားတဲ့ မေးခွန်း တစ်ခုက သူတို့ ဒီတစ်ပါတ် မန်စီးတီး အသင်းကို အိုးလ် ထရပ်ဖို့ဒ်မှာ ရင်ဆိုင်ရမယ်ဆိုတာ ပါပဲ ။ ဒီလိုပွဲမျိုးမှာ ခင်ဗျားဟာ ​ဘောလုံးကိုင်ကစားခွင့် သိပ်ရမှာ မဟုတ်ပါဘူး ။ သူတို့နဲ့ တွေ့တဲ့ အခါမှာ ခံစစ်ပိုင််း အားပြုကစားရမှာ သေချာလှ ပါတယ် ”

” သူတို့ 7 ယောက် ခံစစ် ကစားခဲ့ပြီး အရှေ့မှာ ဘရူနို ၊ ရော်နယ်ဒို ၊ ကာဗာနီ တို့ကို ထားခဲ့ကြပါတယ် ။ ဒါက စီးတီးနဲ့ ပွဲမှာ အလုပ်ဖြစ်မလား ? စောင့်ကြည့်ကြတာပေါ့ ။ ဒါက ကြီးမားတဲ့ ခြေလှမ်း တစ်ခုပဲလို့ ကျွန်တော် ထင်ပါတယ် ” လို့ ဟားဂရေ့ဗ် က ပြန်လည် ဖြေကြား သွားခဲ့လိုက််ပါတယ် ။

#Sports_Myanmar