ယူအီးအက်ဖ် ချန်ပီယံလိဂ် ပွဲစဉ် ၅ အတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်

 

နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာ ချန်ပီယံလိဂ် ပြိုင်ပွဲက ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ BetVictor ရဲ့ Brand Ambassador ဖြစ်သူ မိုက်ကယ်အိုဝင်ဟာ အင်္ဂလန် အသင်းတွေရဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ ကို ယခုလိုပဲ ခန့်မှန်းပေးလိုက်ပါတယ်။

၁~ဗီလာရီးရဲယ် vs မန်ယူနိုက်တက်
အိုလီဂန်နာဆိုးရှား နည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပထမဦးဆုံး ကစားရမယ့် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းကို မိုက်ကယ်ကားရစ်က ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ ပြည်တွင်း ပြိုင်ပွဲမှာ အတော်ဆိုးဝါးရဲ့ form ကို ကြုံတွေ့ခဲ့ရပြီးနောက် ဒီပွဲမှာ အနိုင်ရဖို့ဟာ ယူနိုက်တက် အတွက် အတော်လေး အရေးကြီးနေပါတယ်။

ဧည့်သည် အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ရမှတ် ၇ မှတ် ရရှိထားပြီး ဖြစ်ပေမယ့်လည်း သူတို့ရဲ့ ကစားဟန် ကတော့ ယုံကြည်ထားစရာ မရှိပါဘူး။ ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေသာ မရှိဘူးဆိုရင် ယူနိုက်တက်တို့ ဘယ်လိုဖြစ်နေမလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ? အသင်းရဲ့ ဒီလို အခြေအနေတွေကြောင့် ရော်နယ်ဒိုလို ကြီးကြယ်တဲ့ ကစားသမားတောင် ထိခိုက်မှုတွေ ရှိနေမှာပါ။ ဗီလာရီးရဲယ်လို ကစားအားကောင်းတဲ့ အသင်းနဲ့ ရင်ဆိုင်ရာမှာ ယူနိုက်တက်တို့ နောက်တစ်ကြိမ် ရလဒ်ဆိုးကို ကြုံတွေ့ရလိမ့်မယ်လို့ ကျွန်တော် ခံစားမိနေပါတယ်။ စပိန်ကလပ်တို့ ၂-၁ နဲ့ နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။

၂~ချဲလ်ဆီး vs ဂျူဗင်တပ်
ချဲလ်ဆီးဟာ ဒီရာသီမှာ တကယ့်ကို machine တစ်ခုပါပဲ။ သောမတ်တူချယ်ရဲ့ အသင်းဟာ ကစားပုံ တအားကောင်းနေပြီး လက်စတာကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်ကို ကြည့်လိုက်မယ် ဆိုရင် တူချယ်ရဲ့ လုပ်ဆောင်ပုံတွေကို တွေ့မြင်နိုင်ပါတယ်။ ဒီရာသီ ပုံစံကောင်း မပြသနိုင်ခဲ့ပေမယ့်လည်း ဂျူဗင်တပ် အသင်းနဲ့ ရင်ဆိုင် ကစားရတာ ကတော့ ဘယ်တော့မှ မလွယ်ကူပါဘူး။

ကျွန်တော် ကတော့ ဧည့်သည် အသင်းဟာ ဒီပွဲစဉ်ကို ဖွင့်ပြီး ကစားလိမ့်မယ်လို့ မမြင်မိပါဘူး။ ဂျူဗင်တပ် အနေနဲ့ တူရင်ကို တစ်မှတ်နဲ့ ပြန်နိုင်ရင်ကို ကျေနပ်နေမှာပါ။ ဒီလိုမျိုး mentality ဟာ အန္တရာယ် ရှိနိုင်ပါတယ်။ ပွဲဟာ အကြိတ်အနယ် ဖြစ်မှာ ဖြစ်ပေမယ့် ကျွန်တော် ကတော့ the Blues တို့ ၁-၀ နဲ့ ကပ်နိုင်ကာ ၃ မှတ် ရသွားမယ်လို့ ထင်ပါတယ်။

 

၃~မန်စီးတီး vs ပီအက်ဂျီ
ဒါဟာ တကယ့် ပွဲကြီးပွဲကောင်း ပါပဲ။ ကမ္ဘာ့အချမ်းသာဆုံး အရည်အသွေးမြင့် ကစားသမား အများဆုံး ပိုင်ဆိုင်ထားတဲ့ အသင်း ၂ သင်းဟာ မန်ချက်စတာမှာ ထိပ်တိုက် တွေ့နေပါတယ်။ ရိုးရိုးသားသား ပြောရရင် ဒါဟာ ဖိုင်နယ် ပွဲစဉ် မဟုတ်တဲ့ အတွက် အနည်းငယ် စိတ်ပျက်မိပါတယ်။ နှစ်သင်းစလုံးဟာ တိုက်စစ်မှာ ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် ကျွန်တော်ကတော့ စိတ်လှုပ်ရှားစရာ ပွဲကို မျှော်လင့်နေပါတယ်။ မန်နေဂျာ ၂ ဦးရဲ့ နည်းစနစ် အားပြိုင်မှုကိုလည်း မြင်တွေ့ရမှာပါ။ အကြိတ်အနယ် ဖြစ်မယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပေမယ့် ပီအက်ဂျီဟာ ဒီရာသီ တအားကို ခြေစွမ်း မတည်ငြိမ်ဘူးလို့ ထင်ပါတယ်။ ဒါ့ကြောင့် စီးတီးတို့ ၂-၁ နဲ့ နိုင်မယ်လို့ ရွေးချယ်ပါတယ်။

၄~လီဗာပူး vs ပေါ်တို
လီဗာပူးဟာ နောက်တဆင့်ကို အုပ်စုဗိုလ်နဲ့ တက်သွားပြီး ဖြစ်ပါတယ်။ ယာဂန်ကလော့ အနေနဲ့ ပြီးခဲ့တဲ့ စနေနေ့က အာဆင်နယ်ကို ၄-၀ နဲ့ နိုင်ထားခဲ့တဲ့ ပွဲစဉ်က အရှိန်အဟုန် ကနေ တည်ဆောက် သွားချင်နေမှာပါ။ လီဗာပူးဟာ ပေါ်တိုကို အဝေးကွင်းမှာ ချေမှုန်းထားခဲ့တဲ့ အသင်း ဖြစ်ပြီး လူစုံထုတ်သွားမှာ မဟုတ်ပေမယ့် အိမ်ရှင်တို့ပဲ ၃-၁ နဲ့ နိုင်သွားမယ်လို့ ကျွန်တော် ထင်ပါတယ်။

SM