ယူနိုက်တက် အသင်းဆီ ရောက်လာတော့မယ့် ရန်းဂနစ်ကို သတိပေးစကား ပြောကြားလိုက်တဲ့ ရွန်းနီ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာခဲ့တဲ့နောက် ဆုဖလား အောင်မြင်မှုတွေ ပုံမှန် ရယူနိုင်ဖို့ ခက်ခဲသွားခဲ့ရပါတယ် ။ အသင်းမှ ဖာဂူဆန် ထွက်ခွာသွားတဲ့နောက် ရောက်လာတဲ့ ဒေးဗစ် မိုယက်စ် ကလည်း ခေတ္တသာ နည်းပြခွင့် ရရှိခဲ့ပြီး ဖလား မရယူပေးနိုင်ပဲ ထွက်ခွာခဲ့ရပါတယ် ။

အဲ့ဒီနောက် နယ်သာလန် လက်ရွေးစင် နည်းပြ လူးဝစ် ဗန်ဟားလ် ရောက်လာခဲ့ပြီး ကစားပုံအသစ်နဲ့ အသင်းကို တိုးတက် ပြောင်းလဲ စေနိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ FA ဖလား တစ်လုံးထဲသာ ရယူပေးနိုင်ခဲ့ပြီး ပျင်းရိဖွယ် ကောင်းတဲ့ ကစားဟန်ကြောင့် 2 နှစ် အကြာမှာ အထုတ်ခံခဲ့လိုက်ရပါတယ် ။

အဲ့ဒီနောက် ကမ္ဘာ့ အကောင်းဆုံး နည်းပြ စာရင်းဝင် တစ်ဦးဖြစ်တဲ့ ဟိုဆေး မော်ရင်ဟိုလည်း မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ပြီး ပထမဆုံး ဘောလုံး ရာသီမှာ ကားလင်း ဖလား ၊ ယူရို ပါလိဂ် ဖလား တွေကို ရယူနိုင်ခဲ့ပေမဲ့ ရလဒ်တွေ ဆိုးရွားနေခဲ့မှုကြောင့် 2018 ဒီဇင်ဘာမှာ အထုတ်ခံခဲ့လိုက်ရပါတယ် ။

အဲ့ဒီနောက် ယာယီ နည်းပြ အဖြစ် ယူနိုက်တက် ကစား သမားဟောင်း အိုလီ ဂန်နာ ဆိုးလ်ရှား ရောက်လာခဲ့ပြီး အသင်းကို ရလဒ်ကောင်းတွေ ၊ ဖျော်ဖြေမှုပေးတဲ့ ကစားဟန်တွေ ယူဆောင်လာနိုင်ခဲ့တဲ့ အတွက် အမြဲတမ်း နည်းပြ အဖြစ် မကြာမီမှာပဲ ခန့်အပ်ခံခဲ့လိုက်ရပါတယ် ။

အဲဒီနောက် သူဟာ အသင်းကို နှစ်စဥ် တိုးတက်ကောင်းမွန််အောင် လုပ်ဆောင်နိုင်ခဲ့ပေမဲ့ ဆုဖလား အောင်မြင်မှုတွေတော့ မရယူပေးနိုင်ခဲ့ပါဘူး ။ အခုတော့ သူဟာ ယူနိုက်တက်ကို ကိုင်တွယ်တာ 3 နှစ် ပြည့်ခါနီးမှာ ရလဒ်တွေ ဆိုးရွားလာမှု ၊ ဖျော်ဖြေမှု မပေးနိုင်ခြင်းတွေကြောင့် အသင််းနဲ့ လမ်းခွဲခဲ့လိုက်ရပါတယ် ။

အချုပ်အားဖြင့် ပြောရရင် ယူနိုက်တက်ဟာ ဆာ အဲလက်စ် မရှိတော့တဲ့နောက် အလားအလာကောင်းသူ ၊ နည်းစနစ်် ကြွယ်ဝသူ ၊ ကမ္ဘာ့ အကောင်းဆုံး နည်းပြ ၊ အသင်း အကြောင်း နားလည်သူ တွေကို ပြောင်းလဲ ခန့်အပ်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဆုဖလား အောင်မြင်မှုနဲ့ ဝေးကွာဆဲ ဖြစ်နေခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် ယာယီ နည်းပြ အဖြစ် RB လက်ပ်ဇစ် အသင်းရဲ့ နည်းပြဟောင်း ရဲ့လ်ဖ် ရန်းဂနစ် ရောက််လာဖို့ နီးစပ်နေပါပြီ ။ အဲ့တာ မတိုင်မီမှာတော့ ယူနိုက်တက်် ပရိသတ် အချစ်တော် ရွန်းနီက ဒါဟာ ခက်ခဲတဲ့ စမ်းသပ််မှု ဖြစ်ကြောင်း သတိပေးရင်း အသင်းမှာ အမြန်ဆုံး အံဝင်နိုင်လိမ့်မယ်လို့ ထောက်ခံသွားခဲ့လိုက်ပါတယ် ။

” သူ (ရန်းဂနစ်) ဟာ ပွဲစဥ်တွေမှာ အရမ်းကို လေးစားသမှု ရရှိသူ တစ်ဦးပါပဲ ။ ဒါပေမဲ့ သူဟာ ခက်ခဲတဲ့ အလုပ်ကို လုပ်ဆောင်ရလိမ့်မယ်လို့ ကျွန်တော် တွေးထင်မိ ပါတယ် ။ ဒီလို ပြောရတာက သူ့ရဲ့ အရည်အသွေးတွေ အပေါ်မှာ သံသယ ဖြစ်မိလို့ မဟုတ်ပါဘူး ”

” သူဟာ အသင်းဆီ 6 လတာ ယာယီ နည်းပြ အဖြစ်နဲ့ ရောက်လာမယ် ၊ သူ့ရဲ့ ကစားပုံကို အသက်သွင်းရမယ် ၊ ပရိသတ်တွေ နှစ်သက်အောင် ဖိအားပေး ကစားရမယ် ၊ သူ ဘယ်လို အလုပ်လုပ်ချင်သလဲ ဆိုတာကို လိုက်လျော ညီထွေအောင် လုပ်ဆောင်ရမယ် ၊ အဲ့တာတွေက 6 လနဲ့ လုပ်ပြနိုင်ဖို့ ခက်ခဲနေမယ်လို့ ဆိုလိုတာပါ ”

” ဒါပေမဲ့ သူဟာ အရမ်းကို အတွေ့အကြုံ များတဲ့သူ တစ်ဦးပါ ။ သူဟာ အသင်းရဲ့ ကစားသမားတွေကို အံဝင်အောင်် ကစားစေရင်း တည်ငြိမ်မှု တစ်ခုကို အသင်းဆီ ပြန်လည်် ရောက်လာစေနိုင်မယ့်သူလို့ ထင်မိပါတယ် ။ ပြီးတော့ အသင်းကို ဆုဖလားတွေ ရနိုင်အောင်လည်း ကြိုးစားပေးနိုင်ပါလိမ့်မယ် ”

” ဒီ မန်ချက်စတာ ယူနိုက်တက် အသင်းက အရင်ထက် ဆုဖလားတွေ ရယူနိုင်ဖို့ ဖြစ်နိုင်ခြေပိုများတဲ့ အင်အားကို ပိုင်ဆိုင်ထားပါတယ် ။ သူတို့တွေဟာ ဖလား ဆွတ်ခူးနိုင်ခွင့်ကို ပိုအားကောင်းစေဖို့ မှန်ကန်တဲ့ နည်းပြ ခေါ်ယူခဲ့ပြီလို့ ကျွန်တော် တွေးနေပါတယ် ” လို့ ရွန်းနီ က သတိပေးရင်း နဲ့ ထောက်ခံမှုပါ ပြုလုပ်သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar