ယူနိုက်တက် နည်းပြသစ် ရန်းဂနစ်ကို ဝေဖန်ထိုးနှက်လိုက်တဲ့ လိုကိုမိုးတစ် ဥက္ကဌဟောင်း


ယူနိုက်တက်တို့ လက်စတာ စီးတီး ၊ လီဗာပူး ၊ မန်စီးတီး အသင်းတွေကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ချိန်မှာ နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ ရှေ့ဆက် အသင်းမှာ ရှိနေဖို့ မသေချာ မရေရာ ဖြစ်သွားခဲ့ပါသေးတယ် ။ သို့သော်လည်း နိုင်ငံ့ပွဲစဉ်တွေ ပြီးဆုံးခဲ့တဲ့ အထိ သူ့ရဲ့ အနာဂတ်ဟာ ယူနိုက်တက်မှာပဲ ဆက်ရှိမလို ဖြစ်ခဲ့ရပါတယ် ။

ဒါပေမဲ့ ဝက်ဖို့ဒ် အသင်းကို 4 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက်တော့ ယူနိုက်တက် အသင်းရဲ့ အကြီးအကဲပိုင်းတွေဟာ ဆိုးလ်ရှားကို ချက်ချင်းဆိုသလို အရေးပေါ် အစည်းအဝေး ခေါ်ခဲ့ပြီး နှစ်ဖက် သဘောတူ လမ်းခွဲလိုက်ကြဖို့ အတွက် ညှိုနှိုင်း သွားခဲ့ကြပါတယ် ။

အဲ့ဒီနောက် 5 နာရီ အကြာမှာပဲ ဆိုးလ်ရှားဟာ ယူနိုက်တက် အသင်းမှ ထွက်ခွာလာခဲ့ရပြီး လက်ထောက် နည်းပြဖြစ်သူ မိုက်ကယ် ကာရစ် က ယာယီ နည်းပြ တာဝန် ထမ်းဆောင်ခဲ့ရ ပါတယ် ။ ကာရစ် က ယာယီ နည်းပြ ဘဝရဲ့ ပထမဆုံး ပွဲစဉ်မှာပဲ ချန်ပီယံလိဂ်မှာ ဗီလာ ရီးယဲ ကို 0 – 2 နဲ့ နိုင်အောင် လုပ်ပေးနိုင်ခဲ့ ပါတယ် ။

ဒါပေမဲ့ ပရိသတ်တွေနဲ့ သတင်း သုံးသပ်သူတွေက ယူနိုက်တက်တို့ နာမည်ကြီး နည်းပြသစ် တစ်ဦးကို ခေါ်ယူသင့်ကြောင်း သုံးသပ်ခဲ့ကြတဲ့နောက် မကြာမီမှာပဲ ယူနိုက်တက်တို့ဟာ RB လက်ပ်ဇစ် နည်းပြဟောင်း ရဲ့လ်ဖ် ရန်းဂနစ်ကို ယာယီ နည်းပြ အဖြစ် ခန့်အပ်ဖို့ သဘော တူညီမှု ရယူ သွားနိုင်ခဲ့ကြ ပါတယ် ။

ဒါပေမဲ့ ရန်းဂနစ်ဟာ အလုပ်လုပ်ခွင့် ပါမစ် မရရှိခဲ့သေးတဲ့ အတွက် ချဲလ်ဆီး နဲ့ ပွဲစဉ်ကို ကိုင်တွယ်ခွင့် ရရှိသွားဖို့ ရှိမနေပါဘူး ။ ရန်းဂနစ် ဆိုတာ ရှော်လ်ကေး ၊ ဟန်နိုဗာ ၊ ဟော့ဖမ်ဟိန်း ၊ လက်ပ်ဇစ် အသင်းတွေကို ကိုင်တွယ်ခဲ့စဉ် တုန်းက မှတ်တမ်းကောင်း အချို့ကို ပိုင်ဆိုင်ခဲ့ဖူးသူပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ လိုကိုမိုးတစ် မော်စကို အသင်းရဲ့ ဥက္ကဌဟောင်း တစ်ဦး ဖြစ်သူ နီကိုလိုင် နူမော့ဗ် က ယူနိုက်တက် အသင်းဆီ ရောက်မလာသေးတဲ့ ရဲလ်ဖ် ရန်းဂနစ် ဟာ ငွေကြေးကိုသာ ဂရုစိုက်တတ်သူ တစ်ဦး ဖြစ်ကြောင်း ဝေဖန် ထိုးနှက် သွားခဲ့လိုက် ပါတယ် ။

” အခုက မန်ချက်စတာ အကြောင်း ပြောတာ မဟုတ်ပါဘူး ။ ရန်းဂနစ် အတွက်လည်း ဒါက လွတ်မြောက်ရာ တစ်ခုကို ရှာဖွေခြင်း ၊ သစ္စာဖောက်ခြင်း ၊ ကျက်သရေ မဲ့ခြင်းမျိုး မဟုတ်ရပါဘူး ။ တကယ်တော့ ရန်းဂနစ် ဆိုတာ ကုန်သည် ပွဲစား တစ်ဦးမျှ ပါပဲ ”

” သူဟာ ဘောလုံးကို လုံးဝ ဂရုစိုက်တတ်သူ မဟုတ်ပါဘူး ။ သူဟာ သူ့အနားမှာ စီးပွားရေး လုပ်ငန်းတွေကိုသာ လုပ်ဆောင်တတ်သူ တစ်ဦးပါ ။ သူဟာ နိုင်ငံ ၊ လိဂ် ၊ အသင်းတွေကို တက်နိုင်သလောက် သွားရောက် လွှမ်းမိုးနိုင်လေလေ ၊ ငွေကြေးတွေ ရှာဖွေနိုင်လေလေ ပါပဲ ”

” သူဟာ လိုကိုမိုးတစ်မှာ ရှိနေခဲ့စဉ်တုန်းက နဲ့ ဘာမှ ခြားနားမှု မရှိသေးပါဘူး ။ သူဟာ ကျွန်တော်တို့ အသင်းဆီကို ဘောလုံး အားကစား မြှင့်တင်ပေးဖို့ ရောက်လာတာ မဟုတ်ခဲ့ပါဘူး ။ သူဟာ ငွေကြေးတွေကို ရှာဖွေနိုင်ဖို့ပဲ ရောက်လာခဲ့သူ တစ်ဦးပါ ”

” အခုတော့ သူဟာ နေရာအစုံကနေ ငွေတွေရှာပြနေပါပြီ ။ အခုတော့ သူနဲ့သူ့ရဲ့ company ဟာ မန်ချက်စတာဆီကို ရောက်လာကြပါတော့မယ် ။ အကယ်လို့ အာဖရိကမြေက ဒါပြီးလို့ သူ့ကို ခေါ်မယ်ဆိုရင် သူဟာ မန်ချက်စတာကနေလည်း ထွက်ခွာသွားဦးမှာပါပဲ ။ သူ့ရဲ့ စီးပွားရေး လုပ်ကွက်တွေက ရိုးရှင်းလှပါတယ် ” လို့ လိုကိုမိုးတစ် ဥက္ကဌဟောင်းက ဝေဖန်ခဲ့လိုက်ပါတယ် ။

#Sports_Myanmar