ယူနိုက်တက် နည်းပြသစ် ဖြစ်လာနိုင်ခြေ ရှိနေတဲ့ သရဲနီ ကစားသမားဟောင်း 4 ဦး

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ လက်ရှိ ဘောလုံး ရာသီအတွင်း တည်ငြိမ်တဲ့ ရလဒ်ကောင်းတွေကို မရယူ ပြနိုင်ခဲ့တဲ့ အတွက် ကြီးမားတဲ့ ဖိအားတွေအောက် ကျရောက် နေခဲ့တာ ဘောလုံး ပရိသတ်တွေ အားလုံး အသိပဲ ဖြစ်ပါတယ် ။

အထူးသဖြင့် ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လက်စတာ စီးတီးကို 4 – 2 ၊ လီဗာပူး ကို 0 – 5 ၊ မန်စီးတီးကို 0 – 2 ဆိုတဲ့ ရလဒ်တွေနဲ့ ဂိုးပြတ်် ရှုံးနိမ့်ခဲ့ပြီး ချဲလ်ဆီး အသင်းအောက် 9 မှတ် အကွာ ဖြစ်သွားခဲ့ချိန် ဆိုးလ်ရှား အထုတ်ခံရမဲ့ သတင်းတွေ ကျယ်လောင်ခဲ့တာပဲ ဖြစ်ပါတယ် ။

လက်ရှိအချိန်မှာတော့ ယူနိုက်တက် နည်းပြသစ် ဖြစ်နိုင်ဖို့ ဘရန်ဒန် ရော်ဂျာ၊ ဇနက်ဒင်း ဇီဒန်း၊ မော်ရီစီယို ပိုချက်တီနို အပြင် လက်ပ်ဇစ် နည်းပြဟောင်း ရဲ့လ်ဖ် ရန်းဂနစ် တို့လို နာမည်ကျော် နည်းပြတွေက ဦးစားပေးသူ အဖြစ် သတ်မှတ်ခံနေခဲ့ရ ပါတယ် ။

ဒါပေမဲ့ မန်ချက်စတာ ညနေခင်း သတင်းကတော့ ယူနိုက်တက် အသင်းရဲ့ အချစ်တော်ကစားသမားဟောင်း အချိို့ဟာလည်း ဒီရာထူးကို ရရှိသွားနိုင်ခြေ ရှိကြောင်း သုံးသပ််ခဲ့လိုက်ပါတယ် ။ MEN မှာ သတင်းထွက်ခဲ့တဲ့ ကစား သမားဟောင်း 4 ဦးကို ဖော်ပြပေးလိုက်ပါတယ် ။

(1) လောရင့် ဘလန့်

ကစားသမားဘဝရဲ့ နောက်ဆုံး ဘောလုံးရာသီ နှစ်ခုကို မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကုန်ဆုံးစေခဲ့ပြီး 2003 ခုနှစ်မှာ ကစားသမား ဘဝမှ အနားယူခဲ့တဲ့ ဘလန့်ဟာ လက်ရှိ အချိန် ကာတာ အခြေစိုက် အယ်လ် ရေယန် အသင်းကို ကိုင်တွယ်နေပါတယ် ။

လောရင့် ဘလန့်ဟာ 2016 ခုနှစ်တုန်းက ပြင်သစ် ထိပ််သီး PSG အသင်းကို ကိုင်တွယ်ခဲ့ဖူးသူ တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် သူဟာ ပြင်သစ် လက်ရွေးစင် အသင်းကိုပါ နည်းပြဖူးသူ ဖြစ်တဲ့အတွက် အတွေ့အကြုံ ကြွယ်ဝသူ တစ်ဦးလို့ ဆိုလို့ရနိုင်ပါတယ် ။

လက်ရှိ အချိန်အထိတော့ အသက် 55 နှစ် အရွယ် ဘလန့်ဟာ နည်းပြဘဝမှာ ဆုဖလား 15 လုံးအထိ ရယူဆွတ်ခူးထားသူ တစ်ဦးပဲ ဖြစ်ပါတယ် ။ သူဟာ ဘော်ဒိုး ၊ PSG အသင််းတွေကို ကိုင်တွယ်နေစဥ် လီဂူး ဖလား 4 လုံး အထိ ဆွတ်ခူးထားနိုင်ခဲ့ပါတယ် ။

(2) ရွိုင်ကိန်း

ယူနိုက်တက် ပရိသတ်တွေကတော့ အသင်းထဲမှာ မာမာထန်ထန် ကိုင်တွယ်နိုင်သူတစ်ဦး ရှိသင့်တယ်လို့ ထင်မှတ်နေခဲ့ကြပါတယ် ။ အကယ်လို့ အဲ့တာကသာ တစ်ကယ်ပဲ အလုပ်ဖြစ်နိုင်မယ်ဆိုရင် ယူနိုက်တက်ကို ရွိုင်ကိန်းထက် ပိုပြီး မာမာထန်ထန် ကိုင်တွယ်ပြသူ ရှိသွားမှာ မဟုတ်တာ သေချာလှပါတယ် ။

ရွိုင်ကိန်းဆိုတာ မှန်တယ်ထင်တာကို ပြောဖို့ ၊ လုပ်ပြဖို့ တွေဝေတွန့်ဆုတ် နေတတ်သူ တစ်ဦး မဟုတ်ပါဘူး ။ ဒါကို အားလုံး အသိပါ ။ သူသာ ယူနိုက်တက် နည်းပြ ဖြစ််လာခဲ့ရင် ကစားသမားတွေ ဘယ်လို တုန့်ပြန်ကြမလဲဆိုတာက တကယ့်ကို စိတ်ဝင်စားစရာပါပဲ ။

ဒါပေမဲ့ ရွိုင်ကိန်းရဲ့ နည်းပြ ဘဝ မှတ်တမ်းတွေက ကြီးကျယ််ခမ်းနားမှု မရှိခဲ့တာက အားနည်းချက် ဖြစ်နေခဲ့ရပါတယ် ။ ရွိုင်ကိန်းဟာ နည်းပြဘဝ အစ်ပဆွစ်ချ် တောင်း ၊ ဆန်းဒါးလန်း အသင်းတွေကိုသာ ကိုင်တွယ်ခဲ့ဖူးပါသေးတယ် ။

(3) ဒါးရင်း ဖလက်ချာ

ရွိုင်ကိန်းထက် ပိုပြီး ယူနိုက်တက် နည်းပြ ဖြစ်နိုင်​ခြေ ရှိနေသူ တစ်ဦးက ကွင်းလယ် ကစားသမားဟောင်း ဒါးရင်း ဖလက်ချာပဲ ဖြစ်ပါတယ် ။ ဖလက်ချာဟာ လက်ရှိ အချိန်မှာ ယူနိုက်တက် အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ ရာထူး နဲ့ အလုပ် လုပ်နေသူပဲ ဖြစ်ပါတယ် ။

သူဟာ အဆိုပါ ရာထူးနဲ့ အလုပ် လုပ်နေခဲ့စဥ် ကာလအတွင််း လေ့ကျင့်ရေး ကွင်းမှ မြက်ခင်းပြင် ပေါ်မှာ ကစား သမားတွေနဲ့ လက်ပွန်းတတီး နေခဲ့ဖူးသူ တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ သူဟာ နည်းပြ အတွေ့အကြုံ ကင်းမဲ့နေသူ တစ်ဦး ဖြစ်နေတာက အားနည်းချက် တစ်ခု ဖြစ်နေခဲ့ရပါတယ် ။

ဒါ့ကြောင့် သူဟာ ယူနိုက်တက် နည်းပြ ရာထူးကို ရရှိခဲ့ရင်တောင် ဆိုးလ်ရှားလိုပဲ ယာယီ နည်းပြ အဖြစ်မှ ဘဝကို စတင်ခွင့် ရရှိသွားမှာပဲ ဖြစ်ပါတယ် ။ သူ့ကို ချက်ချင်းပဲ အမြဲတမ်း နည်းပြ ရာထူးပေးပြီး ဂလေဇာ မိသားစုက စွန့်စားမှု လုပ်ဆောင်သွားမှာ မဟုတ်ပါဘူး ။

(4) ဝိန်းရွန်းနီ

ဒါကတော့ လေးဦးထဲမှာ ဖြစ်နိုင်ခြေ အရှိဆုံး ဖြစ်သလို တကယ်ဖြစ်လာခဲ့ရင်လည်း ယူနိုက်တက် ပရိသတ်တွေဖက်က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိမ့်မဲ့ ကစားသမားဟောင်းပဲ ဖြစ်ပါတယ် ။ သူဟာ လက်ရှိ ချန်ပီယံရှစ် ကလပ်် ဒါဘီ ကောင်တီ အသင်းကို ကိုင်တွယ်နေသူပဲ ဖြစ်ပါတယ် ။

သူဟာ ဒါဘီ ကောင်တီ အသင်းကို 17 ပွဲ ကိုင်တွယ်ပြီးချိန် 3 ပွဲနိုင် ၊ 9 ပွဲသရေ ၊ 5 ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရယူပေးထားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဒါဘီ ​ကောင်တီ အသင်းဟာ 12 မှတ် အဖြတ်ခံထားရတဲ့အပြင် ကစားသမား အင်အားပါ လုံလောက်မှု မရှိတဲ့ အတွက် အမှတ်ပေး ဇယား အောက််ဆုံး နေရာမှာ ရမှတ် 6 မှတ်နဲ့ ရပ်တည် နေခဲ့ရပါတယ် ။

ဒါဘီ နဲ့ ယူနိုက်တက် အသင်းအကြား ခြားနားချက်တွေက ကြီးမားလွန်းလှပါတယ် ။ အကယ်လို့ ရွန်းနီလို မာမာထန်ထန် ကိုင်တွယ်သူ တစ်ဦးသာ လက်ရှိ ကစားသမား စာရင်းကို ကိုင်တွယ်ခွင့် ရခဲ့ရင် ဘာတွေ လုပ်ပြနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေမှာ အသေအချာပါပဲ ။

#Sports_Myanmar