ယူနိုက်တက် နည်းပြရာထူးအတွက် ဘယ်သူ့ကို ရွေးချယ်စေလိုသလဲ ၊ ဘာကြောင့်လဲ ဆိုတာ ရှင်းပြလိုက်တဲ့ ယူနိုက်တက် ဂန္တဝင်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့လတုန်းက လက်စတာ စီးတီး အသင်းကို 4 – 2 ၊ လီဗာပူးကို 0 – 5 ၊ မန်စီးတီး အသင်းကို 0 – 2 ဆိုတဲ့ ရလဒ်တွေနဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်သွားခဲ့တဲ့နောက် နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ််ဟာ မရေမရာ ဖြစ်သွားခဲ့ရပါတယ် ။

ယခင်ကတော့ ယူနိုက်တက်တို့ဟာ ရောက်ရှိတဲ့ နေရာတိုင််းမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ အင်တာ မီလန် နည်းပြဟောင်း အန်တိုနီယို ကွန်တီကို ခေါ်ယူလိုခဲ့ကြပါတယ် ။ ဒါပေမဲ့ လက်တွေ့မှာတော့ တော့တင်ဟမ် ဟော့ စပါး အသင်းက လက်ဦးသွားခဲ့ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြသစ် ရာထူးအတွက် လက််စတာ စီးတီး နည်းပြ ဘရန်ဒန် ရော်ဂျာ ၊ ရီးယဲ မက်ဒရစ်် နည်းပြဟောင်း ဇီဒန်း ၊ အေဂျက်ဇ် နည်းပြ အဲရစ် တန်ဟတ် ၊ လိုက်ပ်ဇစ် နည်းပြဟောင်း ရဲ့လ်ဖ် ရန်းဂနစ် တို့က နာမည်တွေ ထွက်နေခဲ့ကြပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် ကတော့ အသင််းဟောင်း အနေနဲ့ အခက်အခဲတွေကြားက ရုန်းထွက်လိုတယ် ဆိုရင်တော့ တူညီတဲ့ ဖိအားတွေကို ရင်ဆိုင်နေရတဲ့ အေဂျက်ဇ် နည်းပြ အဲရစ် တန်ဟတ်ကို ခေါ်ယူတာက တကယ့်ကို ကောင်းမွန်လိမ့်မယ်လို့ YouTube Channel မှတဆင့် ရှင်းပြသွားခဲ့လိုက် ပါတယ် ။

” ခင်ဗျား အနေနဲ့ အဲ့ကို သွားပြီး ego ပြည့်နေတဲ့ ၊ နာမည််ကျော်တွေ များပြားနေတဲ့ အသင်းရဲ့ အဝတ်လဲခန်းကို ကိုင်တွယ် ထိန်းချုပ်ဖို့ လိုအပ်ပါတယ် ။ ရောက်လာတဲ့လူတိုင်း အဲ့ဒီအလုပ်တစ်ခုကိုတော့ သေချာပေါက်လုပ်ဆောင််ရမှာပါပဲ ”

” တန်ဟတ်က ဘယ်လိုမျိုူ စိတ်နေစိတ်ထား ရှိတဲ့သူလဲ ဆိုတာကို ကျွန်တော်လည်း မသိပါဘူး ။ ဒါပေမဲ့ သူဟာ အေဂျက်ဇ် မှာ အံ့ဖွယ် အရာတွေကို လုပ်ပြထားနိုင်ခဲ့ပါတယ် ။ အေဂျက်ဇ် ဆိုတာက အသင်းလေး တစ်သင်း မဟုတ််ဘူး ဆိုတာကိုတော့ သတိရပေးကြပါ ”

” သူတို့က ကြီးမားတဲ့ အသင်းပါပဲ ၊ ဟော်လန်က အကြီးမားဆုံး အသင်း တစ်သင်းပါ ။ ဟုတ်ပါတယ် ၊ အေဂျက်ဇ် ဆိုတာက ခြားနားလှပါတယ် ။ ဒါ ဟော်လန်ရဲ့ အကြီးမားဆုံး ကလပ်အသင်း ဖြစ်ပြီး ပွဲစဥ်တိုင်းမှာ အနိုင် ရရှိရေး အတွက် တောင်းဆိုမှုတွေ မြင့်မားလှပါတယ် ”

” အဲ့ဒီ စိတ်ဓါတ် ခံယူချက်တွေက ဟော်လန်မြေက ပရိသတ််တွေဆီမှာ အမြဲလို ရှိနေခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်လာရင်လည်း အရမ်းကို တူညီတဲ့ ပုံစံမျိုး ပိုင်ဆိုင်ရပါလိမ့်မယ် ” လို့ ဖာဒီနန် က သုံးသပ် ပြောကြား သွားခဲ့လိုက်ပါတယ် ။

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ လက်ရှိ အချိန်အထိတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူ အကြီိးအကဲတွေက ဆိုးလ်ရှားဖက်မှာပဲ ဆက်လက်ရပ်တည်နေခဲ့ကြပါတယ် ။ ဒီတစ်ပါတ် ယူနိုက်တက်တို့ ဝက်ဖို့ဒ် နဲ့ ရင်ဆိုင််ရမဲ့ ပွဲမှာ ဆိုးလ်ရှားကပဲ အသင်းကို ဆက်လက် ကိုင််တွယ်သွားဖို့ ရှိနေပါတယ် ။

#Sports_Myanmar