ယူနိုက်တက် ကစားသမား တစ်ဦးကို ” သုံးစားမရတဲ့ကောင် ” လို့ ခေါင်းစဥ်တပ်လိုက်တဲ့ ပေါလ် စခိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မန်စီးတီး အသင်းကို မန်ချက်စတာ ဒါဘီ ပွဲစဥ် ဧည့်ခံ ကစားခဲ့ရပြီး အိမ်ကွင်း ပရိသတ်တွေ ရှေ့မှောက် 0 – 2 ဆိုတဲ့ ရလဒ် နဲ့ အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ပါတယ် ။

ဒီပွဲမှာတော့ ပွဲချိန် 7 မိနစ်မှာပဲ ယူနိုက်တက် ဗဟိုနောက််ခံလူ ဘိုင်လီ က ကန်ဆယ်လို ရဲ့ ဖြတ်တင်ဘောကို ဖြတ်ထုတ်ပုံ ညံ့ခဲ့ပြီး own goal သွင်းယူ သွားခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ပထမပိုင်း ပြီးခါနီးမှာ ကန်ဆယ််လို ကပဲ ဖြတ်တင်ဘော ပေးခဲ့ပြီး လုခ်ရှော ရဲ့ တွေဝေမှုကြောင့် ဘာနာဒို က ဂိုးသွင်းခဲ့တာပဲ ဖြစ်ပါတယ် ။

 

ဒါ့ကြောင့် ယူနိုက်တက်တို့ဟာ ပထမပိုင်းမှာပဲ 2 ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပြီး ဒုတိယပိုင်းမှာ ဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမဲ့ မန်စီးတီး အသင်းရဲ့ ခြယ်လှယ် ကစားမှုကိုပဲ ခံခဲ့ရပြီး 0 – 2 ဆိုတဲ့ ပထမပိုင်း အရှုံး ရလဒ် နဲ့သာ ပွဲစဥ်ကို အဆုံးသတ် ခဲ့လိုက်ရ ပါတယ် ။

ပွဲစဥ်ကို ပြန်လည် ခြုံကြည့်လိုက်မယ်ဆိုရင်တော့ ဒီပွဲမှာ မန်စီးတီးအတွက် ကန်ဆယ်လို့က အထူးအရေးပါသူ ဖြစ်ခဲ့ရပါတယ် ။ ဒီလို ဖြစ်စေနိုင်ဖို့ အတွက် ဖီးလ် ဖိုဒန် က ဘစ်ဆာကာကို ဒုက္ခတွေ ပေးခဲ့ပြီး အသင်းဖော် အတွက် နေရာလွတ်တွေ ဖြစ်ပေါ်စေခဲ့တာပဲ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီတွေတုန်းက မန်စီးတီး အသင်းရဲ့ ဘယ်တောင်ပံ တိုက်စစ် နေရာမှာ စတာလင်း နေရာယူ ကစားခဲ့ချိန် ဘစ်ဆာကာကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့တာ များခဲ့ပေမဲ့ ဖိုဒန်+ကန်ဆယ်လို တို့နဲ့ တွေ့တဲ့ အခါမှာတော့ ဘစ်ဆာကာဟာ ကလေးလို ဖြစ်သွားခဲ့ရ ပါတယ် ။

ဒါ့အပြင် သူ့ရဲ့ ဘောလုံးကိုင် ကစားမှုတွေက စိတ်ပျက်စရာ ဖြစ်နေခဲ့တဲ့ အတွက် ယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ် က ပွဲစဥ် အပြီးမှာ အင်္ဂလန်သားကို သုံးစားမရတဲ့ကောင်လို့ ခေါ်ဝေါ်ပြီး အပြင်းအထန် ဝေဖန် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

” ဒီအသင်းရဲ့ ကစားသမားတွေအတွက် 3-5-2 က အသုံးတည့်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အရင်ထဲက ​ပြောခဲ့ဖူးပါတယ် ။ ဝမ်ဘစ်ဆာ ဆိုတာ ဘောလုံးကိုင် ကစားတဲ့ နေရာမှာ သုံးစားမရတဲ့ကောင် ပါပဲ ။ သူဟာ ခံစစ် ကစားပုံ ကောင်းပါတယ် ၊ ဒါပေမဲ့ ညာတောင်ပံ တစ်လျှောက် တိုက်စစ်ဆင်ရေး ကဏ္ဍမှာ သုံးစားမရပါဘူး ”

” ဒီနေ့ပွဲမှာ ဗဟို ခံစစ် ကစားသမား သုံးယောက် ရှိခဲ့ကြပါတယ် ။ သူတို့ထဲက တစ်ဦးတစ်ယောက်မှ ဘောလုံးကိုင်် ကစားတာ မကောင်းကြပါဘူး ။ အိုလီ အနေနဲ့ နည်းလမ််းရှာဖွေရပါ့မယ် ။ ဒါကို ဖြေရှင်းနိုင်မဲ့ ကစားသမား အင််အားက အသင်းမှာ ရှိနှင့်ပြီးသားပါပဲ ” လို့ ပေါလ် စခိုးလ် က ဝေဖန်ထိုးနှက် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2019 ဇွန်လတုန််းက ဘစ်ဆာကာကို ခရစ္စတယ် ပဲလေ့စ် အသင်းမှ ပေါင် သန်း 50 နဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ဘစ်ဆာကာဟာ ယူနိုက်တက်ရဲ့ ညာခံစစ်မှာ အမြဲလို ပွဲထွက်ခွင့်တွေ ရနိုင်ခဲ့ပေမဲ့ ဂိုးသွင်းယူမှု ၊ ဖန်တီးမှု စကေးတွေ တိုးတက်မလာခဲ့ပါဘူး ။

ဒါ့ကြောင့် ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေဟာ အသင််းကို နောက်ထပ် ညာခံစစ် ကစားသမား တစ်ဦး ခေါ်ပေးဖို့ တောင်းဆိုခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒီအတွက် ယူနိုက်တက် အသင်းဖက်ကလည်း အက်သလက်တီကို မက်ဒရစ် အသင်းမှ အင်္ဂလန် လက်ရွေးစင် ထရစ်ပီယား ကို စိတ််ဝင်စားခဲ့ပေမဲ့ လက်တွေ့မှာ မခေါ်ယူနိုင်ခဲ့တဲ့ အတွက် ဘစ်ဆာကာကပဲ ယူနိုက်တက် အတွက် ဦးစားပေး ဆက်ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ တိုးတက်မှု ကင်းမဲ့နေဆဲပါပဲ ။

#Sports_Myanmar