ယူနိုက်တက် ကစားသမားတွေ အပေါ် ပေါက်ကွဲလိုက်တဲ့ ရွန်းနီ

လက်ရှိ ဒါဘီ ကောင်တီ အသင်းကို ကိုင်တွယ် နည်းပြနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် တိုက််စစ်မှူးဟောင်းဖြစ်သူ ဝိန်းရွန်းနီက ဝက်ဖို့ဒ် အသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ကြတဲ့ အသင်းဟောင်း ကစားသမားတွေ အပေါ် ပေါက်ကွဲ သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့ တုန်းက ဝက်ဖို့ဒ် အသင်းနဲ့ အဝေးကွင်း ပွဲစဥ် ကစားခဲ့ရာ အစောပိုင်း မိနစ်မှာ ဒေးဗစ် ဒီဂီယာ က ပင်နယ်တီ ကာကွယ််နိုင်ခဲ့ပေမဲ့ အလွယ်တကူ ခွင့်ပြုခဲ့ရတဲ့ ဂိုးတွေကြောင့် 4 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့် သွားခဲ့ရပါတယ် ။

အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက်တို့ဟာ နောက်ဆုံး ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဥ် 7 ပွဲမှာ 5 ပွဲ အထိ ရှုံးနိမ့်ခဲ့ရတဲ့ မှတ်တမ်းဆိုး တစ်ခုကို ပိုင်ဆိုင် သွားခဲ့ရပါတယ် ။ ထို့အတူ အမှတ်ပေး ဇယားမှာလည်း အဆင့် 8 နေရာအထိ ဆင်းပေးခဲ့လိုက်ရပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြိုင််ဖက်ကို ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူပြီး ကစားနိုင်ခဲ့ပေမဲ့ တိုက်စစ်ပိုင်း ဖိအားပေး ကစားနိုင်စွမ်းတော့ ကင်းမဲ့နေခဲ့ရပါတယ် ။ ဒါ့အပြင် ခံစစ်ပိုင်း ကစားပုံကလည်း လျော့တိလျော့ရဲ ဖြစ်နေခဲ့ပါသေးတယ် ။

ဒါ့ကြောင့် ယူနိုက်တက်တို့ဟာ ကစားပုံ ညံ့ဖျင်းမှုမှတစ်ဆင့် ပြိုင်ဖက် အသင်းကို အခွင့်အရေးတွေ မကြာခနဆိိုသလို ပေးဆောင်ခဲ့ရပြီး ပွဲစဥ် ပြီးဆုံးတဲ့ အချိန်မှာ ဂိုးပေါက်် ခြိမ်းခြောက်မှု အကြိမ် 20 အထိ ပေးဆောင် သွားခဲ့ရပါတယ် ။ ယူနိုက်တက် အသင်းသားတွေတော့ 9 ကြိမ်မျှသာ ခြိမ်းခြောက်နိုင်ခဲ့ကြပါတယ် ။

ရလဒ် တစ်ခု အနေနဲ့ ယခင်ထဲက ဖိအားတွေအောက်ကို ကျရောက်နေခဲ့တဲ့ ဆိုးလ်ရှားဟာ ဝက်ဖို့ဒ်ကို အရှက်တကွဲ ရှုံးနိမ့် ခဲ့ပြီးနောက်် 24 နာရီ အတွင်းမှာပဲ ယူနိုက်တက် အသင််းရဲ့ နည်းပြ အဖြစ်မှ ရုတ်ချည်းဆိုသလို အထုတ်ပယ် ခံခဲ့လိုက်ရပါတယ် ။

အခုတော့ ချန်ပီယံရှစ် ပြိုင်ပွဲ အမှတ်ပေး ဇယား အဆင့် 2 နေရာမှ ဘုန်းမောက် အသင်းကို 3 – 2 ဆိုတဲ့ ရလဒ် တစ်ခုနဲ့ အနိုင်ယူ အပြီးမှာတော့ ယူနိုက်တက် ဂန္တဝင် ရွန်းနီ က အသင်းဟောင်း ကစားသမားတွေအနေနဲ့ ကိုယ့်တာဝန်ကို ကိုယ်တိုင်ယူသင့်ကြောင်း ပေါက်ကွဲခဲ့လိုက်ပါတယ် ။

” ကစားသမားတွေဟာ ကွင်းထဲမှာ လက်တွေ့ ဝှေ့ယမ်းနေကြတယ် ၊ ဘောလုံးကို တလွဲတွေ ပေးနေကြတယ်ဆိုတာတွေကို မြင်တွေ့ခဲ့ရပါတယ် ။ ဒါက လုံးဝ လက်သင့်ခံနိုင်စရာ အကြောင်းကို မရှိပါဘူး ။ အခုလို ပိုင်ဆိုင်ထားတဲ့ ကစားသမား အင်အားနဲ့ ဆိုရင် ဒီထက် ပိုသာလွန်တဲ့ စွမ်းဆောင်ရည် ပြနိုင်ရပါ့မယ် ”

” ဒါဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းဆီက ပရိသတ်တွေ အနိမ့်ဆုံးထား မျှော်လင့်နေကြတဲ့ အရာ တစ်ခုပါပဲ ။ ကစားသမားတွေ အနေနဲ့လည်း အနည်းဆုံး စိတ်နှစ်ပြီး အားထုတ် ကစားပေးတာလောက်တော့ လုပ်ကို လုပ်ဆောင်သင့်ပါတယ် ” လို့ ရွန်းနီ က ပေါက်ကွဲသွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar