ယူနိုက်တက်ရဲ့ နိုင်ပွဲကို အချိန်ဆွဲခြင်းလို့ ခေါင်းစဥ်တပ်လိုက်တဲ့ အဘွန်လဟော်

 

အက်စတွန် ဗီလာ အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ဂါဘရီယယ် အဘွန်လဟော်က တော့တင်ဟမ် ဟော့စပါး အသင်းကို အနိုင် ရရှိခြင်းက ယူနိုက်တက် နည်းပြ ဆိုးလ်ရှား အတွက်တော့ အချိန််ဆွဲခြင်းပဲလို့ မှတ်ချက်ပေးသွားခဲ့လိုက် ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေတုန်းက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လက်စတာ စီးတီး အသင်းကို 4 – 2 ၊ လီဗာပူး အသင်းကို 5 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်သွားခဲ့တဲ့နောက် အထုတ်ခံရဖို့ နီးစပ်တဲ့ထိ ဖိအားတွေ ဝင်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေ အပြင် နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန်တို့ကပါ သူ့ဖက်မှ ထောက်ခံပေးခဲ့ကြတဲ့အတွက် ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ တော့တင်ဟမ် ၊ အတ္တလန္တာ ၊ မန်စီးတီး တို့ ပွဲစဥ်ပြီးဆုံးမှ အဆုံးအဖြတ် ဖြစ်လိမ့်မယ်လို့ သိခဲ့ရပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက်တို့ တော့တင်ဟမ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အဝေးကွင်း ပွဲစဥ်မှာတော့ ဆိုးလ်ရှားဟာ သုံစွဲနေခဲ့ကြ 4-2-3-1 ကစားကွက်ကို မသုံးစွဲတော့ပဲ လင်ဒီလော့ဖ် ၊ ဗာရန်း နဲ့ မက်ဂွားယား ၊ ရော်နယ်ဒိုနဲ့ ကာဗာနီတို့ကို တိုက်စစ်နဲ့ ခံစစ်မှာ ပထမဆုံး တွဲဖက် အသုံးပြုခဲ့ပါတယ် ။

ဒါ့အပြင် ဘစ်ဆာကာ ၊ ဖရက်ဒ် ၊ တော်မီနေး နဲ့ လုခ်ရှော တို့ကို 4 ယောက်တန်းပြီး ကွင်းလယ် တိုက်စစ်မှာ ဘရူနို ဖာနန်ဒက်စ် ကို နေရာပေးခဲ့ကာ 3-4-1-2 ကစားကွက်ကို ခင်းကျင်း သွားခဲ့ပါတယ် ။ ဒါဟာ လက်တွေ့မှာ အလုပ် ဖြစ်သွားခဲ့ရ ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် တိုက်စစ် ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ ရော်နယ်ဒို နဲ့ ကာဗာနီ တို့ဟာ တစ်ယောက်တစ်ဂိုးစီ သွင်းယူခဲ့ကြပြီး လူစားဝင် ကစားပေးခဲ့တဲ့ ရပ်ရှ်ဖို့ကပါ နောက်တစ်ဂိုး သွင်းယူခဲ့တဲ့ အတွက် ယူနိုက်တက် တို့ 0 – 3 နဲ့ ဂိုးပြတ် နိုင်ခဲ့ကြ ပါတယ် ။

အခုတော့ ဆိုးလ်ရှားရဲ့ ဖိအားတွေလည်း အနည်းငယ် လျော့ကျ သွားခဲ့ရပါပြီ ။ ဒါပေမဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း အဘွန်လဟော်က ဒါဟာ ဆိုးလ်ရှားရဲ့ အနာဂတ်ကို ခေတ္တအချိန်ဆွဲလိုက်ခြင်းမျှသာ ဖြစ်ကြောင်း ဝေဖန်သွားခဲ့လိုက််ပါတယ် ။

” ပွဲစဥ် စတင်ခဲ့လိုက်တဲ့ ပထမဆုံး စက္ကန့်ထဲက သူတို့ တိုက််ပွဲဝင်ခဲ့ကြ ပါတယ် ။ သူတို့ဟာ ဆိုးလ်ရှား အတွက် တိုက််ပွဲဝင်ပေးခဲ့ကြ ပါတယ် ။ ဒါဟာ တကယ်ပဲ ကစားသင့်တဲ့ ကစားကွက် တစ်ခုပါပဲ ။ အရင်က ခင်ဗျားရဲ့ ခံစစ်က ကစားသမားတွေ ရုန်းကန်နေခဲ့ကြရတယ်လေ ”

” အကယ်လို့ သူတို့တွေ Clean sheet ရဖို့ ရုန်းကန်နေရရင် ခင်ဗျား ဘာလုပ်မလဲ ? ခံစစ် 5 ယောက် ထားရမှာပါပဲ ။ ဒါလေး သိဖို့ ရော့ကတ် ပညာရှင် ဖြစ်ဖို့ မလိုပါဘူး ။ ကြားရက်ထဲက သူတို့ ခံစစ် 5 ယောက် ထားပြီး ကစားသင့်တယ်လို့ ကျွန်တော် ပြောခဲ့ပါသေးတယ် ”

” အသင်းမှာ ဂိုးသွင်းနိုင်သူတွေ ရှိတယ်လေ ။ ယူနိုက်တက််မှာ ရော်နယ်ဒို ၊ ကာဗာနီ ၊ ရပ်ရှ်ဖို့ ၊ ဂရင်းဝုဒ်တို့ ရှိကြပါတယ် ။ တိုက်စစ်မှူး နှစ်ယောက်ထားရင် ဂိုးသွင်းနိုင်မှာပါပဲ ။ ရပ်ရှ်ဖို့ တောင် လူစားဝင်ခဲ့ပြီး သာမန်အသင်း ဖြစ်နေခဲ့တဲ့ စပါးဖက် ဂိုးသိပ်နိုင်ခဲ့တာ သက်သေပါပဲ ”

” အခြေခံအားဖြင့် ဒါဟာ ဆိုးလ်ရှားအတွက် လက်ရှိဖြစ်ပျက်နေတာကို အချိန်ဆွဲလိုက်ခြင်းပါပဲ။ သူ ယူနိုက်တက် ကနေ ထွက်ခွာရမှာပါ ။ ဒါပေမဲ့ ဒီနေ့လို ရလဒ် ထွက်ပေါ်ခဲ့တဲ့ အတွက် သူ့ကို ဂုဏ်ထူးမှတ် ပေးရမှာတော့ သေချာလှပါတယ် ” လို့ အဘွန်လဟော် က ချီးကျူးစကားကိုပါ မပျက်မကွက် ပြောကြားသွားခဲ့ပါတယ် ။

#Sports_Myanmar