” ယူနိုက်တက်နဲ့ ပွဲက မနက်ဖြန် ကစားရမယ် ဆိုရင်လည်း ကစားလိုက်မှာပါ ” #ပက်ဂွာဒီယိုလာ

 

ပက် ဂွာဒီယိုလာ ရဲ့ မန်စီးတီး အသင်းဟာ ချန်ပီယံလိဂ် အဝေးကွင်းမှာ ကလပ်ဘရုဂ် အသင်းကို 1 – 5 ၊ အိမ်ကွင််းမှာ 4 – 1 ဆိုတဲ့ ရလဒ် တွေနဲ့ အနိုင် ကစားနိုင် ခဲ့တဲ့နောက် အုပ်စု A ရဲ့ အမှတ်ပေး ဇယားကို ဦးဆောင် လိုက်နိုင်ပြီပဲ ဖြစ်ပါတယ် ။

ဒီပွဲမှာတော့ မန်စီးတီး အသင်းအတွက် သွင်းဂိုးတွေကို ဖိုဒန် ၊ မာရက်ဇ် ၊ စတာလင်း နဲ့ ဂျီးဆပ် တို့က သွင်းယူခဲ့ကြပြီး နောက်ခံလူ ဂျွာအို ကန်ဆယ်လို တစ်ဦးထဲက 3 ဂိုးထိ ဖန်တီး ပေးသွားနိုင်ခဲ့ကာ ပွဲစဥ်ရဲ့ အကောင်းဆုံး ကစား သမား ဖြစ်သွားနိုင်ခဲ့ ပါတယ် ။

ဒီရလဒ်ကြောင့် မန်စီးတီး အသင်းဟာ နောက်တစ်မှတ် ရယူနိုင်ရုံ နဲ့ 16 သင်း ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်ပါတော့မယ် ။ အခုတော့ မန်စီးတီး တို့ဟာ စနေညရဲ့ အစောဆုံး ပွဲစဥ်အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ယူနိုက်တက် အသင်းနဲ့ မန်ချက်စတာ ဒါဘီ နွှဲရပါတော့မယ် ။

ဒီလို ပွဲစဥ်မျိုး မတိုင်မီမှာတော့ မန်စီးတီး အသင်းဟာ နားချိန် နာရီ 60 မျှသာ ရရှိသွားဖို့ ရှိနေပါတယ် ။ ဒါပေမဲ့ ဂွာဒီယိုလာ ကတော့ ပွဲစဥ် ဇယား ရေးဆွဲမှု အရ နားရက် နည်းပါး နေမှု အကြောင်း အမေးခံလိုက်ရချိန် မှာတော့ ယူနိုက်တက် ပွဲကို မနက်ဖြန် ကစားရမယ်ဆိုရင်လည်း ကစားလိုက်မှာပါလို့ ပြန်ဖြေခဲ့လိုက်ပါတယ် ။

” ဒီ (ကလပ် ဘရုဂ်) နဲ့ ပွဲစဥ်က မန်ချက်စတာ ယူနိုက်တက််နဲ့ ပွဲစဥ်ထက် ပိုပြီး အရေးကြီးတယ် ဆိုတဲ့အကြောင်း ကျွန်တော့်ကို လူတွေ ဇွတ်ပြောဆိုနေခဲ့ကြပါသေးတယ် ။ ဒါ ဟုတ်ခဲ့ပါတယ် ။ ဒါပေမဲ့ အခုတော့ အရေး အကြီးဆုံး ပွဲစဥ်က မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲ ဖြစ်သွားခဲ့ပါပြီ ” လို့ ပြောရင်း ပွဲစဥ် နှစ်ပွဲအကြားမှာ နားရက်နည်းပါးနေမှု အပေါ် စိုးရိမ်လားလို့ အမေးခံလိုက်ရချိန်…

” နိုးပါ ၊ မစိုးရိမ်ပါဘူး ။ အကယ်လို့ ကျွန်တော်တို့ မနက်ဖြန်် ကန်ရမယ်လို့ ညွှန်ကြားခံရရင် ကျွန်တော်တို့ မနက်ဖြန််ပဲ ကန်လိုက်ကြမှာပါ ။ ပွဲစဥ် ဇယား ရေးဆွဲမှု က ပွဲစဥ် ဇယား ရေးဆွဲမှုပါပဲ ။ တခါတလေ ကျွန်တော်တို့ အင်္ဂါနေ့မှာ ကစားရပြီး သောကြာနေ့ ထပ်ကစားရတာမျိုး ရှိခဲ့ဖူးပါတယ် ”

” တခါတလေမှာ စနေနေ့ 12:30 ကစားရတာမျိုး (သို့) သောကြာနေ့ 5:30 ဆက်ကစားရတာမျိုးလည်း ရှိခဲ့ဖူးပါတယ် ။ သေချာပါတယ် ၊ စနေနေ့ 12:30 အချိန်မှာ ကျွန််တော်တို့တွေဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲကို ရောက်နေကြမှာပါ ” လို့ ဂွာဒီယိုလာ က ပြန်လည် တုန့်ပြန် ဖြေကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် မန်စီးတီး အသင်းဟာ အကူအညီ သိပ်မရတဲ့ အကြောင်း​ ပြောတဲ့အခါ…

” ခင်ဗျား မန်စီးတီး အသင်းမှာ ရှိနေရင် ဘယ်သူကမှ ဒီအသင်းကို မကူညီဘူး ဆိုတာ သိပါလိမ့်မယ် ။ ဘယ်သူမှ မကူညီပါဘူး ။ ကျွန်တော်တို့ လုပ်ခဲ့သမျှကို ဆက်လက် လုပ်ဆောင်ရပါ့မယ် ။ ဒါကို ကျွန်တော် အရမ်းပဲ ကျေနပ်မိပါတယ် ”

” အသင်းကြီး တစ်သင်းကို ကိုင်တွယ်ရတာ နဲ့ ပတ်သက်လို့ ကျွန်တော် နားလည်ထားတာ ရှိပါတယ် ။ ဒီမှာ ကူညီပေးမဲ့သူ မရှိပါဘူး ။ ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ရင် ကျွန််တော်တို့ရဲ့ ကိုယ်တိုင်ရဲ့ ကြိုးစားမှုကြောင့် အနိုင်ရခြင်းပဲ ဖြစ်သွားမှာပါ ။ ဘယ်သူ့ အကူအညီမှ မပါပါဘူး ” လို့ ဂွာဒီယိုလာ က ဖြေကြား သွားခဲ့ပါတယ် ။

#Sports_Myanmar