ယူနိုက်တက်တို့ အရှက်ကွဲခဲ့ပြန်တဲ့ ပွဲမှာ ဘယ်သူတွေ ညံ့ခဲ့ကြသလဲ… (rating)

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ဝက်ဖို့ဒ် အသင်းနဲ့ အဝေးကွင်း ပွဲစဥ် ကစားခဲ့ရပြီး လက်စတာနဲ့ ပွဲစဥ်ပြီးနောက် နောက်ထပ် စိတ်ပျက်ဖွယ်ကောင်းလှတဲ့ အဝေးကွင်း ရှုံးပွဲကို 4 – 1 ဆိုတဲ့ ဂိုးပြတ် ရလဒ် နဲ့ အရှက််တကွဲ ကြုံတွေ့ခဲ့လိုက်ရပါတယ် ။

ဒီပွဲရဲ့ ပွဲချိန် 8 မိနစ်မှာပဲ ဘရူနို ၊ တော်မီနေး တို့ရဲ့ အမှားတွေကြောင့် ယူနိုက်တက်တို့ ပင်နယ်တီ ပေးခဲ့ရပါတယ် ။ ဒါပေမဲ့ အဆိုပါ ပင်နယ်တီကို ဒီဂီယာ ကာကွယ် သွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ပင်နယ်တီ မကန်မီ ဝက်ဖို့ဒ် ဖက်မှ ကီကို လူကျွံနေခဲ့တဲ့ အတွက် ကွင်းလယ်ဒိုင် က ပင်နယ်တီ ပြန်ကန်စေခဲ့ပါတယ် ။

ဒါပေမဲ့ အဲ့ဒီ ပင်နယ်တီကိုပါ ပင်နယ်တီ ဖမ်းတာ ညံ့လေ့ ရှိခဲ့တဲ့ ဒီဂီယာက ထပ်မံ ကာကွယ် သွားခဲ့လိုက် ပါတယ် ။ ထို့အတူ ယူနိုက်တက်တို့ အညံ့ထဲကနေ ကောင်းပြနေခြင််းက နိုင်ပွဲ ပြန်ရစေနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်တွေ ဖြစ်ပေါ်စေခဲ့ပါတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ မျှော်လင့်ချက်တွေ တကယ် ဖြစ်မလာခဲ့ပဲ ယူနိုက်တက်တို့ ပထမပိုင်းမှာတင် 2ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်မှာ လူစားဝင်ခဲ့တဲ့ ဗန်ဒီ ဘိခ်က ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ မက်ဂွားယားရဲ့ မိုက်မဲတဲ့ အနီကဒ် ၊ နာကျင်ချိန်ပို မိနစ်မှ ပေးဂိုး 2 ဂိုးက ယူနိုက်တက်တို့ကို ဂိုးပြတ်ရှုံးနိမ့်စေခဲ့ပါတယ် ။

အဆိုပါ ပွဲစဥ်မှာ ယူနိုက်တက် အသင်းဖက်က ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ဖျင်းခဲ့ကြသလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (5)

ပင်နယ်တီ 2 ကြိမ်ထိ အံ့ဖွယ် ကာကွယ်ပြနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ခံစစ် ကစားသမားတွေရဲ့ လူကပ် ကစားပုံ ညံ့ဖျင််းမှု ၊ ဒီပွဲမှာ ကိုယ်တိုင် စွမ်းဆောင်ရည် ကျဆင်းမှုတွေနဲ့ အတူ 4 ဂိုးထိ ပေးခဲ့လိုက်ရပါတယ် ။

 

ဘစ်ဆာကာ (3)

ဖြတ်တင် ပေးပို့မှုတွေ ညံ့ဖျင်းလွန်းခဲ့သလို ခံစစ် ကစားပုံလည်း အားရကျေနပ်စရာ မရှိခဲ့ပါဘူး ။

လင်ဒီလော့ဖ် (5)

ဝက်ဖို့ဒ် ရဲ့ အရှိန်ပါတဲ့ တိုက်စစ်ဆင် ကစားဟန်ကို ဟန့်တားနိုင်ဖို့ နှေးကွေးနေခဲ့ပါတယ် ။ ပထမပိုင်း အတွင်းမှာ နေရာယူ ကစားပုံလည်း ညံ့ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဒု – ပိုင်းမှာတော့ တည်ငြိမ်တဲ့ ကစားဟန် ပြသခဲ့ပါတယ် ။

မက်ဂွားယား (3)

ယခင်ကထက် ပိုကောင်းတဲ့ ကစားဟန်ကို ပထမပိုင်းအတွင််း ပြသနိုင်ခဲ့ပြီး ဟန့်တားမှု အချို့ကိုလည်း လုပ်ပြနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ မိုက်မဲတဲ့ ဘောလုံးကိုင် ကစားပုံ ၊ ဥာဏ်နည်းတဲ့ ဖျက််ထုတ်မှုတွေကြောင့် နှစ်ဝါ တစ်နီနဲ့ ထွက်ခဲ့ရပါတယ် ။

ရှော (5)

ဘစ်ဆာကာလောက် ပစ်မှတ်ထားပြီး ကစားခံရခြင်း မရှိခဲ့ပါဘူး ။ ဒါပေမဲ့ ထူးကဲတဲ့ ခြေစွမ်း ပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဒုတိယ ပေးဂိုးမှာ အမှားမကင်းသူ ဖြစ်ခဲ့ရပါတယ် ။ ဒဏ်ရာ ရရှိမှုနဲ့ အတူ လူစားလဲခံခဲ့လိုက်ရပါတယ် ။

တော်မီနေး (3)

အပြည့်အဝ ကြံ့ခိုင်ပုံ မပေါ်ခဲ့သလို ဘောလုံး မရှိတဲ့ အချိန််မှာလည်း ကစားပုံ ညံ့ခဲ့တဲ့ အတွက် ပင်နယ်တီ ပေးခဲ့ရပါတယ် ။ စည်းကမ်းတကျ ကစားနိုင်ခြင်း ကင်းမဲ့နေခဲ့ပါတယ် ။

မာတစ် (4)

နေရာလွတ်တွေကို ဖြည့်ကစားပေးရင်း အသင်းကို ချိတ်ဆက််နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး ။ ဒါ့အပြင်် ဘောလုံးကိုင် ကစားနေပုံတွေက ဂရုစိုက်မှု အားနည်းခဲ့ပါတယ် ။

ဆန်ချို (5)

အရမ်းကောင်းလွန်းတဲ့ ကစားဟန်တွေကို မပြသနိုင်ခဲ့သေးပေမဲ့ ပရိသတ်တွေ မြင်တွေ့ချင်ကြတဲ့ အလန်းစား ဖြတ်တင်ဘော အချို့ကို သေသပ်စွာ ပေးပို့ပြနိုင်ခဲ့ ပါတယ် ။ ယူနိုက်တက်တို့ ရခဲ့တဲ့ တစ်ဂိုးကလည်း သူ့ကြောင့်ပါလို့ ပြောရင် မမှားပါဘူး ။

ဘရူနို (3)

သူ့ရဲ့ စိတ်ပျက်ဖွယ် ကောင်းတဲ့ ဘောလုံး ကန်ထုတ်မှုက ဝက်ဖို့ဒ်ကို အစောပိုင်း မိနစ်မှာပဲ ပင်နယ်တီ ရရှိဖို့ လမ်းစ ဖြစ်စေခဲ့ပါတယ် ။ အပေါင်း လက္ခဏာဆောင်တဲ့ အကျိုး သက်ရောက်မှုတွေ ပေးနိုင်စွမ်း ကင်းမဲ့နေခဲ့ပါတယ် ။

ရပ်ရှ်ဖို့ (4)

ဂိုးပေါက်ခြိမ်းခြောက်မှု လုပ်နိုင်ခဲ့သလို တောင်ပံပြောင်းပြီး ဖြည့်ကစားပေးခဲ့ပါတယ် ။ ကြီးမားတဲ့ အကျိုးသက်ရောက််မှု မပေးနိုင်ခဲ့ပေမဲ့ ပထမပိုင်းအပြီး အထုတ်ခံရလောက်အောင်လည်း မညံ့ခဲ့ပါဘူး ။

ရော်နယ်ဒို (6)

ပထမပိုင်းအတွင်း ပျောက်ဆုံးနေခဲ့ပေမဲ့ အရင်ကထက် ပိုပြီး အနောက်ပြန်ဆင်း ကစားပေးခဲ့ပါတယ် ။ ဗန်ဒီ ဘိခ်ရဲ့ ဂိုးကို ဖန်တီးပေးခဲ့သလို ဘရူနို အတွက်လည်း အခွင့်အရေး ဖန်တီး ပေးနိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ …

မာရှယ် (4)
ဗန်ဒီ ဘိခ် (8) MOTM
ဒါးလော့ (4)
လင်ဂတ် (-)

#Sports_Myanmar