ယူနိုက်တက်တို့ အမြန်လုပ်ဆောင်ခဲ့သင့်တဲ့ အရာတစ်ခုကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အူစိန်ဘော့

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အမာခံ ပရိသတ် တစ်ဦးဖြစ်တဲ့ အူစိန်ဘော့ က ရလဒ်တွေ ဆိုးရွားနေခဲ့စဥ်ထဲက ယူနိုက်တက် တို့ဟာ ဆိုးလ်ရှားကို ထုတ်ပယ်လိုက်ပြီး အန်တိုနီယို ကွန်တီနဲ့ အမြန်ဆုံး အစားထိုးလိုက်ခဲ့သင့်ကြောင်း ပြောကြားသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်စတာ စီးတီးကို 4-2 ၊ လီဗာပူး အသင်းကို 0-5 ဆိုတဲ့ ရလဒ်တွေ နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ ဝေဝါးသွားခဲ့ပြီး အဆိုပါ နေရာကို အင်တာ နည်းပြဟောင်း အန်တိုနီယို ကွန်တီ ရောက်လာလိမ့်မယ်လို့ သတင်းကျယ်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေ ၊ နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန် နဲ့ ကစားသမားဟောင််းတွေက ဆိုးလ်ရှားဖက်က ထောက်ခံပေးခဲ့ကြတဲ့ အတွက်် နော်ဝေသားဟာ ဒီအသင်းမှာပဲ နိုင်ငံပွဲစဥ်တွေ မစခင် အထိ ရှိနေလိမ့်မယ်လို့ သတင်းထွက်ခဲ့ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက်တို့ဟာ မန်စီးတီး အသင်းကို 0 – 2 နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ဆိုးလ်ရှား အပေါ် ဝေဖန်သူတွေ ပိုမို များပြားလာခဲ့ကြပြီး အထုတ်ခံ စေလိုသူတွေထဲမှာ ယူနိုက်တက် အမာခံ ပရိသတ်် အချို့လည်း ပါဝင်လာခဲ့ကြပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် နည်းပြ ရာထူးကို လက်ခံဖို့ ကွန်တီဟာ အားမနေတော့ပါဘူး ။ သူက ယူနိုက်တက် တို့ ဆိုးလ်ရှားကို ထောက်ခံမယ်လို့ သတင်းထွက်ခဲ့ပြီး မကြာမီမှာပဲ တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ နည်းပြ ရာထူးကို လက်ခံခဲ့လိုက်လို့ပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြသစ် ရာထူးအတွက် ကွန်တီ ဖြစ်နိုင်ခြေ မရှိတော့ပေမဲ့ လက်စတာ နည်းပြ ဘရန်ဒန်် ရော်ဂျာ ၊ PSG နည်းပြ မော်ရီစီယို ပိုချက်တီနို ၊ ရီးယဲ မက််ဒရစ် နည်းပြဟောင်း ဇနက်ဒင်း ဇီဒန်း တို့က နည်းပြသစ်် ဖြစ်နိုင်ဖို့ သတင်းတွေ ထွက်နေဆဲ ပါပဲ ။

ဒါပေမဲ့ ကွန်တီကို ပိုပြီး သဘောကျ နှစ်ခြိုက်တဲ့ ယူနိုက်တက် ပရိသတ် ၊ တာတို ကမ္ဘာ့အပြေးချန်ပီယံဟောင်း အူစိန်ဘော့ ကတော့ ယူနိုက်တက်တို့ ဆိုးလ်ရှားကို ထုတ်ပြီး ကွန်တီကို အမြန်ဆုံး ခန့်အပ်ခဲ့သင့်ကြောင်း မချိတင်ကဲ ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော် ယူနိုက်တက် အသင်းမှာ ကွန်တီကို အမြန်ဆုံး အလိုရှိခဲ့ပါတယ် ။ သူဟာ စပါးအသင်းမှာ ပိုကောင်းလာပါလိမ့်မယ် ။ သူက အသင်းကို အစုအဖွဲ့ တစ်ခု ဖြစ််လာအောင် ဦးဆောင်ပေးသွား နိုင်ပါလိမ့်မယ် ။ သူ ချဲလ်ဆီးကို ကိုင်တွယ်ခဲ့ဖူးပါတယ် ။ သူ ဖလား ရခဲ့ပါတယ် ”

” သူ အင်တာ မီလန် အသင်းကို သွားခဲ့ပါတယ် ။ အဲ့ဒီမှာလဲ ဖလားယူခဲ့ပြန် ပါတယ် ။ သူဟာ ဂျူဗင်တပ်ကိုလည်း နည်းပြခဲ့ဖူးပါတယ် ။ အဲ့ဒီမှာလည်း သူဟာ ဖလား ရယူနိုင်ခဲ့တာပါပဲ ။ သူဟာ သွားရောက် ကိုင်တွယ်တဲ့ အသင်းတိုင်းမှာ အသင်းကို အကောင်းဆုံး စုဖွဲ့နိုင်ခဲ့ပါတယ် ”

” အခု ဇန်နဝါရီမှာ ဆိုရင်တောင် သူဟာ ကစားသမား 1 ဦး ၊ 2 ဦးလောက် ခေါ်ယူလို့ ရရှိကောင်း ရနိုင်ပါဦးမယ် ။ အဲ့တာပြီးရင် ရာသီကုန်ဆုံးသွားတဲ့ အခါမှာ သူဟာ လိုချင််နေတဲ့ ကစားသမားတွေကို ခေါ်ယူကောင်း ခေါ်ယူပြဦးမှာပါ ” လို့ အူစိန်ဘော့ က ပြောပြီးနောက် ရော်နယ်ဒို နဲ့ ပတ်သက်လို့..

” ကျွန်တော်တို့ ဆက်လက် ရုန်းကန်ကြရဦးမှာပါ ။ ခရစ္စတီယာနို ရော်နယ်ဒိုက ကျွန်တော်တို့ကို ပွဲတိုင်း ကယ်တင်ပေးခဲ့ပါတယ် ။ ကစားသမား တစ်ဦးကပဲ တာဝန်ယူနေခဲ့ရသလိုပါပဲ ။ ကျွန်တော်တို့ ဘောလုံးကိုတောင် ကောင်းကောင််း မကစားပြနိုင်ခဲ့တာ ကြာပါပြီ ”

” သူတို့ ကြည့်ရတာ အရမ်းကို relax ဖြစ်နေသလို ပါပဲ ။ ကျွန်တော်တို့ ဘောလုံး ပေးပို့မှုတွေ အရမ်းကိုပဲ နှေးခဲ့ကြပါတယ် ။ ဆာ အဲလက်စ် ရှိတုန်းက ဆိုရင် ကျွန်တော်တို့ မနိုင်နိုင်အောင် ကစားခဲ့ရပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ အနိုင်ရလဒ်ကိုချည်း တောင်းဆိုနေခဲ့လို့ပါပဲ ” လို့ အူစိန်ဘော့ က ပြောသွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar