ယူနိုက်တက်ကို ချန်ပီယံလိဂ် နောက်တစ်ဆင့် တက်စေခဲ့တဲ့ ကာရစ်ရဲ့ အနာဂတ်အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဆင့်ကလဲယား

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမားဟောင်း ဖြစ်သူ ထရီဗော် ဆင့်ကလဲယား က မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်တစ်ဆင့် တက်စေခဲ့တဲ့ ယာယီ နည်းပြ ကာရစ်ကို ရာသီကုန်အထိ နည်းပြအဖြစ် ဆက်ထားသင့်ကြောင်း အရိပ်အမြွတ် ပြောခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ တစ်ပါတ်တုန်းက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဝက်ဖို့ဒ် အသင်းကို 4 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ဖိအားတွေအောက် ရောက်နှင့်နေပြီးသား နည်းပြ ဆိုးလ်ရှားဟာ ၅ နာရီ အကြာမှာပဲ အထုတ်ခံခဲ့ရပါတယ် ။

အဲ့ဒီနောက် မိုက်ကယ် ကာရစ်ဟာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာခဲ့ပြီး အသင်းကို ယာယီ ကိုင်တွယ်ခွင့် ရရှိခဲ့ပါတယ် ။ ဒါ့အပြင် ပထမဆုံး ကိုင်တွယ်ရတဲ့ ပွဲစဉ်မှာ သူဟာ စပိန်မြေမှာ ဗီလာရီးယဲ အသင်းကို 0 – 2 နဲ့ အနိုင် ရရှိစေခဲ့ပြီး ချန်ပီယံလိဂ် နောက်တစ်ဆင့် တက်ရောက်စေခဲ့ပါတယ် ။

အဆိုပါ ပွဲစဉ်မှာတော့ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒို က အဖွင့်ဂိုး သွင်းယူပေးခဲ့သလို ယူနိုက်တက်ဆီကို ရောက်လာခဲ့တဲ့နောက် ခြေစွမ်းတွေ ပျောက်ဆုံး နေခဲ့တဲ့ ဂျေဒန် ဆန်ချို ဟာလည်း သရဲနီ ကစားသမား ဘဝရဲ့ ပထမဆုံး ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့ ပါတယ် ။

 

အခုတော့ ဆိုးလ်ရှား အပေါ် ချီးကျူးနေသူတွေ ရှိလာခဲ့ချိန် ဆင့်ကလဲယား က မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ကွင်းလယ် ကစားသမားဟောင်းကို ရာသီကုန် အထိ လက်ထောက် နည်းပြ အဖြစ် အသင်းမှာပဲ ဆက်လက် ထားရှိသင့်ကြောင်း ချီးကျူး စကားတွေနဲ့ မြစ်ဖျားခံ ပြောခဲ့လိုက် ပါတယ် ။

” မိုက်ကယ် ကာရစ်ဟာ တွေးတောစရာ အရာ အချို့ကို ပေးဆောင်သွားခဲ့ပါတယ် ။ သူ အသင်းရဲ့ ပွဲထွက် စာရင်းကို ပြောင်းလဲသွားခဲ့ပုံက အတော်လေး ပြင်းထန်ခဲ့တယ်လို့ ကျွန်တော် ထင်မိပါတယ် ။ ဒါဟာ မန်နေဂျာတွေဆီမှာ တခါတလေ တွေ့မြင်ရဖို့ တကယ်ပဲ လိုအပ်ပါတယ် ”

” သူဟာ ဘရူနို ဖာနန်ဒက်စ် နဲ့ မားကပ်စ် ရပ်ရှ်ဖို့ တို့ကို ကစားသမား စာရင်းမှ ချန်လှပ်သွားခဲ့ပါတယ် ။ ဒါ့ကြောင့် သူဟာ အသင်းရဲ့ ယခင် ပုံစံကို ကြည့်ပြီး အရင်က ပုံစံဟာ အလုပ် မဖြစ်ခဲ့ဘူး ဆိုတာကို သေသေချာချာ သိနေပုံ ပေါ်လွင် နေခဲ့ရ ပါတယ် ”

” သူဟာ ဆိုးလ်ရှားရဲ့ လက်ထက်တုန်းက ရုန်းကန်နေခဲ့ရတဲ့ ဒွန်နီ ဗန်ဒီ ဘိခ် နဲ့ ဂျေဒန် ဆန်ချို တို့ကို ပွဲထွက် စာရင်းထဲ ထည့်သွင်း ကစားစေခဲ့ပါတယ် ။ ကျွန်တော့် အမြင်မှာတော့ သူတို့ နှစ်ဦးစလုံးဟာ ဒီပွဲမှာ ကစားပုံ အတန်အသင့် ကောင်းခဲ့ကြတယ်လို့ ထင်မြင်မိပါတယ် ”

” ကျွန်တော် မနေ့က ဆန်ချိုရဲ့ ကစားပုံကို ကြည့်ရှုခဲ့ပြီး ယခင်တုန်းက ဆိုးလ်ရှား လက်အောက်မှာ ကစားခဲ့တာနဲ့ တကယ့်ကို ခြားနားစွာ ကစားပေးနိုင်ခဲ့တယ် ဆိုတာကို မြင်တွေ့ခဲ့ရပါတယ် ။ ယူနိုက်တက်မှာ သူ ဒီလောက်အထိ ဆင်းကစားပေးခဲ့တဲ့ ကျွန်တော် တခါမှ မတွေ့ခဲ့ဖူးပါဘူး ”

” သူဟာ အသင်းအတွက် တကယ်ပဲ ကြိုးကြိုးစားစား ကစားပေးခဲ့ပါတယ် ။ မိုက်ကယ် ကာရစ်ဟာ အသင်းရဲ့ ပုံစံတွေကို တက်နိုင်သလောက် အမြန်ဆုံး ပြောင်းလဲပေးနိုင်ခဲ့ ပါတယ် ” လို့ ဆင့်ကလဲယား က ကာရစ် ရဲ့ ပြောင်းလဲ ပေးနိုင်စွမ်းကို ချီးကျူး သွားခဲ့လိုက်ပြီး အသင်းမှာပဲ ဆက်ရှိစေလိုကြောင်း အရိပ်အမြွတ် ပြခဲ့ပါတယ် ။

#Sports_Myanmar