မိုက်ကယ်အို၀င်ရဲ့ UEFA ချန်ပီယံလိဂ် ပွဲစဉ် ၄ အတွက် ခန့်မှန်းချက်မျာ

 

ဒီကြားရက်မှာတော့ ဥရောပ ချန်ပီယံလိဂ် ပွဲစဉ် ၄ ကို ကစားသွားရမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အို၀င်ဟာ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ချန်ပီယံလိဂ် ပွဲတွေကို ယခုလိုပဲ ခန့်မှန်းပေးသွားခဲ့ပါတယ်။

၁~အတ္တလန်တာ Vs မန်ယူနိုက်တက်
ပြီးခဲ့တဲ့ စနေနေ့က စပါးကို အနိုင်ရရှိခဲ့ခြင်းဟာ မန်ယူနိုက်တက်ရဲ့ ရာသီကို ကယ်တင်ပေးခဲ့တဲ့ ကြီးမားတဲ့ ရလဒ်တစ်ခု ဖြစ်လာနိုင် ပါတယ်။ ဆိုးရှားရဲ့ ကစားကွက် ပြောင်းလဲမှုဟာ တကယ့်ကို အလုပ်ဖြစ်သွားခဲ့ပြီး ကာဗာနီ နဲ့ ရော်နယ်ဒို တို့ရဲ့ တိုက်စစ်အတွဲဟာ စပါးခံစစ်ကို ပြသနာတွေ များစွာ ပေးစွမ်းခဲ့ပါတယ်။ ဒါပေမယ့် အတ္တလန်တာနဲ့ ပွဲကလည်း ယူနိုက်တက် အတွက် နောက်ထပ် ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။ သရေတစ်မှတ် ဆိုတာ ယူနိုက်တက်အတွက် အရမ်းကောင်းတဲ့ ရလဒ် ဖြစ်ပါတယ်။ ကျွန်တော် ကတော့ ၁ ဂိုးစီ သရေကျသွားမယ်လို့ ခန့်မှန်းပါတယ်။

၂~မယ်မို vs ချဲလ်ဆီး
ချဲလ်ဆီးဟာ လက်ရှိ အချိန်မှာ တားဆီးလို့ မရနိုင်တဲ့ အသင်းတစ်သင်းလို ပါပဲ။ သောမတ်တူချယ်ရဲ့ အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၀ ပွဲကစား ပေးဂိုး ၃ ဂိုးသာ ရှိထားခဲ့တာကို ကြည့်လိုက်မယ် ဆိုရင် တကယ့်ကို ပြောင်မြောက်တဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။ အိမ်ကွင်းမှာတုန်းက ချဲလ်ဆီးဟာ မယ်မိုကို ၄-၀ သက်တောင့်သက်သာ နိုင်ထားခဲ့ပါတယ်။ ဒီပွဲမှာတော့ ပြတ်သားတဲ့ ရလဒ်ကို ထပ်မြင်ရလိမ့်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် ချဲလ်ဆီးတို့ သက်တောင့်သက်သာ ကစားကာ ၂-၀ နဲ့ နိုင်သွားမယ်လို့ ကျွန်တော် ထင်ပါတယ်။

၃~မန်စီးတီး vs ကလပ်ဘရုခ်ျ
ခရစ်စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ စီးတီးတို့ ရှုံးသွားလိမ့်မယ်လို့ ဘယ်သူ ထင်ထားခဲ့မှာလဲ? မန်စီးတီးဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ ကစားပုံ တအားကို ကောင်းနေခဲ့တာ ဖြစ်ပြီး ဒီလိုမျိုး ရလဒ်ဟာ တစ်ခါတစ်ရံတော့ ဖြစ်တက်ပါတယ်။ ပထမ အကျော့တုန်းက ဘယ်ဂျီယံမှာ ၅-၁ နဲ့ နိုင်ထားခဲ့ ပေပေမယ့်လည်း ကျွန်တော်ကတော့ စီးတီးရဲ့ ပြန်လည် ရုန်းထွက်မှုကို ဒီပွဲမှာ မြင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော် ကတော့ စီးတီးတို့ ၃-၀ နဲ့ နိုင်မယ်လို့ ရွေးချယ်ချင်ပါတယ်။

၄~လီဗာပူး vs အက်သလက်တီကိုမက်ဒရစ်
လီဗာပူးဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စု အဆင့်ကို အကောင်းဆုံး တာထွက် နိုင်ခဲ့ပြီး ၃ ပွဲ ကစား ၃ ပွဲစလုံး အနိုင်ရရှိ ထားခဲ့ပါတယ်။ လီဗာပူးဟာ မက်ဒရစ်မှာတုန်းက အက်သလက်တီကို ခက်ခက်ခဲခဲ ကစားကာ ၃-၂ နဲ့ အနိုင်ရရှိထားခဲ့ပြီး အန်ဖီးမှာလည်း လီဗာပူးတို့ပဲ ထပ်မံ အနိုင်ရသွားမယ်လို့ ကျွန်တော် မျှော်လင့် ထားပါတယ်။

ဆာလားဟာ အုပ်စု ပွဲစဉ် ၃ ပွဲမှာ သွင်းဂိုး ၅ ဂိုးထိ ရှိထားခဲ့ပါတယ်။ ဒီပွဲစဉ်မှာလည်း အီဂျစ်စတား ထပ်မံ ဂိုးသွင်းနိုင်လိမ့်မယ်လို့ ကျွန်တော် မြင်နေပါတယ်။ ဆာလားရဲ့ ဂိုးနဲ့ အတူ လီဗာပူးတို့ ၂-၀ နဲ့ နိုင်လိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်။

SM