မိန်းမစစ်ကြောင်း ထုတ်ပြောလာတဲ့ ဂိုးသမား ၊ လာကာဇက် ကို စာချုပ်ချင်တဲ့ အာဆင်နယ် ၊ ဟမ်းမားရဲ့ စပါယ်ရှယ်လူသား အန်တိုနီယို တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းမျာ

အီရန် အမျိုးသမီး လက်ရွေးစင် အသင်းရဲ့ ဂိုးသမား က သူမ ဟာ မိန်းမစစ်ကြောင်း နဲ့ သူမ ကို အမျိုးသား တယောက်လို့ စွပ်စွဲ ခဲ့တဲ့ ဂျော်ဒန် ဘောလုံး အဖွဲ့ချုပ် ကို တရားပြန်စွဲ သွားမယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အီရန် အမျိုးသမီး အသင်းရဲ့ ဂိုးသမားဟာ ဂျော်ဒန် ကို ၄-၂ နဲ့ အနိုင်ရတဲ့ ပင်နယ်တီ အဆုံးအဖြတ် မှာ ပင်နယ်တီ ၂ လုံးကို ကာကွယ်ပေး သွားခဲ့သူ ဖြစ်ပြီး ပွဲအပြီးမှာ ဂျော်ဒန်ဘက် က ဂိုးသမားဟာ အမျိုးသား တယောက်ဖြစ်နိုင်တယ်လို့ ပြောဆိုပြီး အာရှ ဘောလုံးအဖွဲ့ချုပ် ကို စစ်ဆေးပေးစေလိုကြောင်း အသံထွက်လာ ခဲ့တာပဲ ဖြစ်ပါတယ် ။

နာမည်ကျော် အေးဂျင့် မီနို ရွိုင်းအိုလာ က ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ရဲ့ စာချုပ်သစ် ကိစ္စ နဲ့ ပတ်သက်ပြီး လက်ရှိမှာ ပြောဖို့ စောလွန်း နေပါသေးကာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့် သွားရ မယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် ရွိုင်းအိုလာ က သူ့အနေနဲ့ ပေါ့ဘာ ရဲ့ စိတ်ကူး အိပ်မက် မက်မှု ကို တားဆီးနိုင်စွမ်း မရှိဘူး လို့လည်း ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် ယူဗင်တပ် ခံစစ်မှူး ဒီလစ် ရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီးလည်း လာမယ့် ၂၀၂၂ နွေရာသီ အစ မှသာ စဉ်းစား ရွေးချယ် ဖွယ် ရှိတယ်လို့ ရွိုင်းအိုလာက ပြောဆို သွားခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် ရဲ့ အကြီးအကဲ ဂယ်ရီ ဟော့ဖ်မန်း ဟာ အဆိုပါ ရာထူးကို တာဝန်ယူ အပြီး ၁၈ လ အကြာမှာပဲ နှုတ်ွက် သွားခဲ့ပြီ ဖြစ်ပါတယ် ။ ဟော့ဖ်မန်း နှုတ်ထွက်ရမှု မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ ဆော်ဒီ ဘီလီယံနာတွေ က နယူးကာဆယ် အသင်းဝယ်ယူမှု ကို ခွင့်ပြု ခဲ့မှုက အဓိက ကျခဲ့တယ်လို့ ကြားသိရ ပါတယ်

ဘာစီလိုနာ ဟာ လူငယ် ကစားသမားတွေ ဖြစ်တဲ့ ဂါဗီ နဲ့ အာရူဟို တို့ကို ကာလရှည် စာချုပ်တွေ ချုပ်ဆို နိုင်ဖို့ အရှိန်မြှင့် လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။

ဒါ့အပြင် ဘာစီလိုနာ ဟာ ဇန်နဝါရီ မှာ ချဲလ်ဆီး မှာ နေရာမရ ဖြစ်နေတဲ့ ဟာကင် ဇီယက်ချ် ကို အငှား နဲ့ ခေါ်ယူဖို့ လည်း စိတ်ဝင်စား နေတယ်လို့ သိရ ပါတယ် ။

အာဆင်နယ် ဟာ တိုက်စစ်မှူး လာကာဇက် ရဲ့ ခြေစွမ်းပြ နိုင်မှုတွေအပေါ် အားရ ကျေနပ် နေပေမယ့် ပြင်သစ် တိုက်စစ်မှူး ကို ကာလရှည် စာချုပ် ချုပ်ဆိုဖို့ စိတ်ကူး မရှိဘဲ ကာလတို စာချုပ်သာ ကမ်းလှမ်းဖို့ ရှိတယ်လို့ သိရ ပါတယ် ။

နယ်သာလန် လူမျိုး နည်းပြ ဗန်ဘရွန်ခရော့စ် ဟာ ရိန်ဂျားစ် အသင်း ရဲ့ နည်းပြ ဖြစ်လာတော့မှာ ဖြစ်ပြီး မနက်ဖြန် မှာ အတည်ပြု ကြေညာ နိုင်ဖွယ် ရှိတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဝက်စ်ဟမ်း အသင်း အကြီးအကဲ ဒေးဗစ် ဆူလီဗန် ဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ အန်တိုနီယို ကို ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားနေတဲ့ ဂျမေကာ အသင်း ကနေ အင်္ဂလန် ကို မြန်မြန် ပြန်ရောက် လာနိုင်ဖို့ အတွက် ကိုယ်ပိုင် ဂျက်လေယာဉ် တစင်းကို ပေါင် ၁ သိန်း အထိ အကုန်အကျခံကာ စီစဉ် ပေးခဲ့တယ် လို့ သိရ ပါတယ် ။

 

ဒါကြောင့် အန်တိုနီယို ဟာ ဝုဗ် နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲမှာ ဝက်စ်ဟမ်း အတွက် ပါဝင် ကစား ပေးနိုင်တော့ မှာပါ ။

ဝက်စ်ဟမ်း ဟာ အခုလ အစောပိုင်းက ဂျန့် အသင်းနဲ ကစားခဲ့တဲ့ ပွဲက ဖြစ်ရပ်တွေ အပေါ် UEFA ရဲ့ ပြစ်ဒဏ် ချမှတ် မှု ကို ခံယူ သွားမှာ ဖြစ်ပြီး လာမယ့် အပတ် ထဲမှာ ရက်ပစ် ဗီယာနာ အသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ် ပွဲစဉ် ကို ကွင်းပိတ် ကစား သွားမယ်လို့ သိရ ပါတယ် ။

ရီးရဲ မက်ဒရစ် ရဲ့ ဝေးလ် တောင်ပံ ကစားသမားကြီး ဂါရတ်ဘေးလ် ကတော့ လက်ရွေးစင် အသင်းမှာ ရရှိ လာခဲ့တဲ့ ဒဏ်ရာကြောင့် ၃ ပတ်လောက် အနားယူရ ဥိးမယ်လို့ သတင်း ကြားသိရ ပါတယ် ။

တောင်အမေရိက ဘောလုံး အဖွဲ့ချုပ် ဟာ ဘရာဇီး – အာဂျင်တီးနား ပွဲစဉ် က ဘရာဇီး ကစားသမား ရာဖင်ဟာ ကို နှုတ်ခမ်း ကွဲ စေခဲ့တဲ့ အာဂျင်တီးနား နောက်ခံလူ အော်တာမန်ဒီ ရဲ့ တံတောင် တွက်ချက် ကို သတိ မပြုမိ ခဲ့တဲ့ ပွဲကြီးကြပ်သူ ကွင်းလယ်ဒိုင် နဲ့ VAR အကြီးအကဲ တို့ကို တာဝန်ကနေ ရပ်ဆိုင်း ထားလိုက်တယ်လို့ သိရ ပါတယ် ။

 

SPORTS MYANMAR