မန်ယူနိုက်တက် ဂန္တဝင်ဟာ သူ့ရဲ့ဟီးရိုး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်တဲ့ စမစ်ရို

အာဆင်နယ် အသင်း ရဲ့ လူငယ် ကြယ်ပွင့် အမ်မလီ စမစ်ရို က မန်ချက်စတာ ယူနိုက်တက် နဲ့ အင်္ဂလန် အသင်း ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့ ဟီးရိုး ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

အင်္ဂလန် လူငယ် ကြယ်ပွင့် စမစ်ရို ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဝက်ဖိုဒ့် နဲ့ ပွဲမှာ အာဆင်နယ် အတွက် သွင်းဂိုး တစ်ဂိုး ထပ်မံ သွင်းယူ နိုင်ခဲ့ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး လေးဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။

စမစ်ရို ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ဂိုးသွင်းယူ နိုင်ခဲ့တာ ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၄ ဂိုး ( ပြိုင်ပွဲစုံမှာဆို ၅ ဂိုး) ၊ ဂိုးဖန်တီးမှု ၂ ကြိမ် အထိ ရှိလာခဲ့ပါပြီ ။ ဒါ့အပြင် စမစ်ရို ဟာ အနယ်ကာ ၊ ရေယက်စ် ၊ ဖာဘရီဂက်စ် တို့ နောက်ပိုင်း ပရီးမီးယားလိဂ် ၃ ပွဲဆက် ဂိုးသွင်းနိင်တဲ့ အသက် ၂၁ နှစ်အောက် အာဆင်နယ် ကစားသမား ဖြစ်လာခဲ့ပါတယ် ။

ဒါကြောင့် အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ အယ်ဘေးနီးယား ၊ ဆန်မာရီနို တို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် အပြီးသတ် လူစာရင်း ကနေ နှုတ်ထွက် သွားတဲ့သူတွေနေရာမှာ စမစ်ရို ကို အစားထိုး ရွေးချယ် ခဲ့ပါတယ် ။ စမစ်ရို အတွက်တော့ အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ ပထမဆုံး အကြိမ် ရွေးချယ် ခံခဲ့ရတာ ဖြစ်ပါတယ် ။

ယနေ့ နံနက်မှာ ကစားခဲ့တဲ့ အယ်ဘေးနီးယား ကို ၅ ဂိုးပြတ် အနိုင်ရတဲ့ ပွဲမှာ စမစ်ရို ဟာ စတာလင် နေရာမှာ လူစားဝင် ကစားခဲ့ပြီး အင်္ဂလန် လက်ရွေးစင် အသင်းကြီး အတွက် ပထမဆုံး အကြိမ် ကစားခွင့် ရခဲ့ပါတယ် ။

စမစ်ရို က ပွဲမတိုင်မှီ အင်္ဂလန် YouTube Channel နဲ့ အင်တာဗျူးမှာ သူ့ရဲ့ အင်္ဂလန် ဟီးရိုးဟာ ဒေးဗစ်ဘက်ခမ်း ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။ ” ကျွန်တော့် အင်္ဂလန် ဟီးရိုး လား ၊ Becks လို့ပဲ ကျွန်တော် ဖြေရမှာပေါ့ဗျာ ။ ”

” ဘက်ခမ်း နာမည်ကိုပဲ အရင်ဦးဆုံး ဖြေပါမယ် ။ သူ့ရဲ့တည်ကန်ဘောတွေ ဖရီးကစ်တွေနဲ့ အခြား အရာတွေ အားလုံးကို သဘောကျ ခဲ့တာပါ ၊ ဒါကြောင့် ကျွန်တော့် ဟီးရိုးက သူလို့ပဲ ဖြေချင် ပါတယ် ။ ” လို့ ဆိုပါတယ် ။

အယ်ဘေးနီးယား နဲ့ ပွဲမှာ အင်္ဂလန် အသင်းကြီးအတွက် ပထမဆုံး အကြိမ် ကစားခွင့်ရတဲ့ စမစ်ရို ဟာ အာဆင်နယ် အသင်း chin pad ကို ဝတ်ဆင် ကစားခဲ့တာကြောင့် ပရိသတ်တွေရဲ့ သဘောကျ နှစ်သက်မှုကို အထူး ရရှိ နေပါတယ် ။

SM