မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရန်းဂနစ် ခေါ်ယူ လာနိုင်ဖွယ် ရှိနေတဲ့ ကစားသမား 4 ဦး

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက်မကြာမီမှာပဲ အသင်းရဲ့ ယာယီိ နည်းပြသစ် အဖြစ် RB လက်ပ်ဇစ် အသင်းရဲ့ နည်းပြဟောင်း ရဲ့လ်ဖ် ရန်းဂနစ်ကို ခေါ်ယူလိုက်ပါပြီ ။ ရန်းဂနစ်ဟာ အနည်းဆုံး ဒီရာသီကုန် အထိ ယူနိုက်တက် နည်းပြ ရာထူးကို ရရှိသွားမှာပဲ ဖြစ်ပါတယ် ။

လက်ရှိအချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းမှာ အားနည်းချက်တွေ ရှိနေသေးဆဲဖြစ်ပြီး ရလဒ်တွေ မတည်ငြိမ်မှုကြောင့် အမှတ််ပေး ဇယားကို ဦးဆောင်နေခဲ့တဲ့ ချဲလ်ဆီး အသင်းအောက် 12 မှတ် အကွာ ၊ အဆင့် 8 နေရာမှာ ရပ်တည် နေခဲ့ရပါတယ် ။

ဒါ့ကြောင့် ရန်းဂရစ်က ယူနိုက်တက် နည်းပြ ဖြစ်လာတာနဲ့ တပြိုင်နက် အသင်းကို အခုထက်ပိုပြီး အင်အားတောင့်တင်းစေဖို့ လိုအပ်တဲ့ ကစားသမားသစ် ခေါ်ယူမှုတွေ လုပ်ရမှာ အသေအချာပါပဲ ။ ရန်းဂနစ် ခေါ်ယူနိုင်ဖွယ် ရှိနေတဲ့ ကစားသမား 4 ဦးကို MEN မှ ဖော်ပြပေးလိုက်ပါတယ် ။

(1) ဒင်းနစ် ဇာကာရီယာ

ရန်းဂနစ်ဟာ ဇာကာရီယာ နဲ့ အတူ အလုပ် လက်တွဲလုပ်ခဲ့ဖူးတဲ့သူ တစ်ဦးတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ဂျာမန် ကလပ်် နည်းပြဟောင်းဟာ ဂျာမန်မြေမှာ ခြေစွမ်းပြ ကစားနေတဲ့ ကစားသမားရဲ့ အရည်အသွေးတွေ အကြောင်းကို သေချာပေါက် သိရှိနေပါလိမ့်မယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကွင်းလယ်ခံစစ် ကစားသမားကောင်း တစ်ဦးကို လိုချင်နေခဲ့တာ အားလုံံးပဲ သိကြမှာပါ ။ ဇာကာရီယာ ကတော့ လာမဲ့ နွေမှာ မိုချန်ဂလာဘတ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားဖို့ ရှိနေတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် အသက် 25 နှစ်သာ ရှိသေးတဲ့ ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မှာ ဖြစ်သလို အသင််းရဲ့ အားနည်းချက် တစ်ခုကိုလည်း ဖာထေးနိုင်မှာ ဖြစ်တာကြောင့် ဇာကာရီယာဟာ ရဲ့လ်ဖ် ရန်းဂနက် ရဲ့ ဦီးစားပေး ပစ်မှတ် ဖြစ်လာနိုင်ခြေ မြင့်တက်နေခဲ့ပါတယ် ။

(2) နော်ဒီ မူကီလီ

ရန်းဂရစ်ဟာ RB လက်ပ်ဇစ် အသင်းရဲ့ နည်းပြ ဖြစ်ခဲ့ဖူးသလို 2012 ခုနှစ်မှ စတင်ပြီး အသင်းရဲ့ အားကစား ဒါရိုက််တာ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးပဲ ဖြစ််ပါတယ် ။ ဒါ့ကြောင့် မူကီလီ ဆိုတာ ရန်းဂရစ် အရခေါ်ယူသွားနိုင်ဖွယ် ရှိနေတဲ့ ကစားသမား တစ်ဦး ဖြစ်လာနိုင််ခြေ မြင့်တက်နေခဲ့ပါတယ် ။

အသက် 24 နှစ်သာ ရှိနေသေးတဲ့ မူကီလီဟာ ညာခံစစ် ကစားသမား တစ်ဦး ဖြစ်တဲ့ အတွက် တိုက်စစ်လိုက်ပါမှု အားနည်းနေတဲ့ ဘစ်ဆာကာကို ဖိအားပေးနိုင်မှာ သေချလှပါတယ် ။ ဒါ့အပြင် မူကီလီက ကွင်းလယ် ခံစစ် နေရာမှာလည်း ကစားပေးနိုင်စွမ်း ရှိသူ တစ်ဦးပဲ ဖြစ်ပါတယ် ။

 

ဒါ့ကြောင့် အသင်းရဲ့ လိုအပ်ချက် နှစ်ခုကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိတဲ့ အသင်းဟောင်းမှ ကစားသမား ဖြစ်သူဟာ ရန်းဂနစ် အတွက်တော့ စိတ်ဝင်စားစရာ ဖြစ်နေမှာ သေချာလှပါတယ် ။

(3) ဒါနီ အိုလမို

RB လက်ပ်ဇစ် အသင်းမှ ရန်းဂနစ် ခေါ်ယူသွားနိုင်ဖွယ် ရှိနေတဲ့ ကစားသမားက မူကီလီ တစ်ဦးထဲတော့ မဟုတ်ပါဘူး ။ တိုက်စစ် ကစားသမား တစ်ဦး အဖြစ် ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြနေခဲ့တဲ့ ဒါနီ အိုလမို လည်း ပါဝင်နေခဲ့ပါတယ် ။

ဒါနီအိုလမို ဆိုတာ ယခင်ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာဖို့ သတင်းတွေ ထွက်ခဲ့ဖူးတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ။ သူဟာ တိုက်စစ််ပိုင်းမှာ နေရာစုံ ကစားပေးနိုင်တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် အသက် 23 နှစ်သာ ရှိနေသေးတဲ့ တိုက်စစ်မှူးဟာ အသက်အရွယ် ရရှိနေပြီ ဖြစ်တဲ့ ရော်နယ်ဒို ၊ ကာဗာနီ တို့ရဲ့ နေရာကို ဖြည့်စွက် ကစားပေးနိုင်တဲ့ ကစားသမား ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ် ။ အိုလမိုက စပိန် လက််ရွေးစင် အသင်းအတွက် ကစားပေးခွင့် ရရှိထားခဲ့တဲ့ လူငယ် တစ်ဦးပဲ ဖြစ်ပါတယ် ။

(4) အားလင်း ဟားလန်း

ဟားလန်း အကြောင်းတော့ အများကြီး ပြောနေစရာ မလိုတော့ပါဘူး ။ သူ့ကို ခေါ်ယူဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းကသာမက ဥရောပ ထိပ်သီး အသင််းတိုင်းက စိတ်ဝင်စားကြပါတယ် ။ ဒါပေမဲ့ ဒေါ့မွန် အသင််းက ထိန်းထားနိုင်ခဲ့တဲ့အတွက် အပြောင်းအရွှေ့ မဖြစ်ခဲ့သေးတာပါ ။

သူဟာ ဂိုးသွင်း သေချာတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်သလို တစ်ရာသီ သွင်းဂိုး 30 အထက် သွင်းယူပေးနိုင်ဖို့ အာမခံချက်် ပေးနိုင်သူ ဖြစ်တဲ့ အတွက် ယူနိုက်တက်ဆီကို ရန်းဂနစ် ခေါ်ယူလာချင်မယ့် ကစားသမားမျိုး ဖြစ်နေမှာလည်း သေချာလှပါတယ် ။

#Sports_Myanmar