မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အိုလီ ဂန်နာ ဆိုးလ်ရှား လုပ်ဆောင်နေခဲ့တဲ့ အလုပ်တွေအပေါ် ကာကွယ်ပေးလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ကစားသမားတွေဖက်မှ ကျဆင်းနေခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ တာဝန်တွေကို ခွဲယူကြဖို့ တိုက်တွန်းနှိုးဆော်ရင်း နည်းပြ ဆိုးလ်ရှား လုပ်ဆောင်နေခဲ့တဲ့ အလုပ်တွေအပေါ် ကာကွယ်စကားတွေ ဆိုသွားခဲ့လိုက်ပါတယ် ။

လက်ရှိ ရက်သတ္တပါတ် အချို့ဟာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား အတွက်တော့ တကယ့်ကို ခက်ခဲလှတဲ့ အခိုက်အတန့်တွေ ဖြစ်ခဲ့ရပြီး သူဟာ ရာထူးမှအထုတ်ခံရဖို့အထိပါ နီးစပ်မှုတွေ ပိုင်ဆိုင်သွားခဲ့ရပါတယ် ။ ဒီလို ဖြစ်စေခဲ့တဲ့ အဓိကပြသနာ တစ်ခုက ခါးသီးပြိုင်ဖက် လီဗာပူး အသင််းကို အိမ်ကွင်းမှာ 5 ဂိုးပြတ် ရှုံးနိမ့်ခြင်းပါပဲ ။

ဒါပေမဲ့ အဲ့ဒီနောက် တစ်ပွဲမှာတော့ ယူနိုက်တက် အသင်းဟာ တော့တင်ဟမ် ဟော့ စပါး အသင်းကို 0 – 3 ဆိုတဲ့ ရလဒ််နဲ့ အနိုင်ပြန် ကစားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည််း တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ သွင်းဂိုး 2 ဂိုးနဲ့ အတ္တလန္တာ အသင်းကို သရေ ကစားပြသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဆိုးလ်ရှား ကတော့ ဖိအားတွေအောက် ကျနေဆဲပါပဲ ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီညမှာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင််းကို ဧည့်ခံပြီး မန်ချက်စတာ ဒါဘီ ပွဲစဥ် ကစားသွားရဖို့ ရှိနေပါတယ် ။ ဒါဟာ အမှတ်ပေး ဖလားဆု ဆွတ်ခူးနိုင်ရေး လမ်းကြောင်းအတွက် အရေးပါတဲ့ ပွဲစဥ် တစ်ပွဲ ဖြစ်သလို ဆိုးလ်ရှားရဲ့ အနာဂတ် အပေါ်ပါ သက်ရောက်သွားဖို့ ရှိနေပါတယ် ။

အခုလို နည်းပြ ဖြစ်သူရဲ့ အနာဂတ် ဘယ်လို ဆက်ဖြစ်မလဲဆိုတာ မရေရာမသေချာသေးတဲ့ အနေအထားတစ်ရပ်မှာ ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ဆိုးလ်ရှား ဖက်မှ ကာကွယ် စကား ဆိုသွားခဲ့လိုက်ပြီး အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ပြောကြားသွားခဲ့လိုက်ပါတယ် ။

” သူဟာ တကယ့် ၊ တကယ့်ကို ခမ်းနားတဲ့သူ တစ်ဦးပါပဲ ။ လူတွေ အားလုံး သူဟာ ဘယ်လို လူသားမျိုးလဲဆိုတာကို သိကြလိမ့်မယ်လို့ ထင်မိပါတယ် ။ သာမန်လူတွေက စိတ်ပျက် ဝမ်းနည်းသွားကြပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ လိုချင်တဲ့ ရလဒ်ကောင်းတွေဟာ ထွက်ပေါ်မလာခဲ့ဘူးလေ ”

” ဒီအတွက် နည်းပြဖြစ်သူကို အပြစ်တင် ဝေဖန်ဖို့ဆိုတာက အရမ်းကို လွယ်ကူလှပါတယ် ။ ကျွန်တော်တို့ ကွင်းထဲ သွားရောက်ပြီး ပိုကောင်းအောင် လုပ်ပြနိုင်သင့်ပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ကျွန်တော်တို့ဟာ အမှတ််ပေး ဇယား အဆင့် 2 နေရာကို ရောက်ရှိ နိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ ဒီလောက် လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ကြပါဘူး ”

” ပြီးခဲ့တဲ့ ဘောလုံးရာသီက ကျွန်တော်တို့ ထင်မှတ်ထား ခဲ့ကြသလိုမျိုး ကောင်းမွန်တဲ့ ရာသီတစ်ခု မဖြစ်သွားခဲ့ရပါဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုတော့ ဖြစ်ခဲ့ရပါတယ် ။ ဘယ်သူကမှ ကျွန်တော်တို့ အဆင့် 2 ၊ ok ထိပ်သီး 4 သင်း စာရင်းထဲကိုတောင် ဝင်နိုင်မယ်လို့ မထင်ခဲ့ကြပါဘူး ”

” ကျွန်တော်တို့ မန်စီးတီးကို အနီးကပ် ဖိအားပေးနိုင်လိမ့်မယ်လို့ တွေးသူတောင် မရှိခဲ့သလောက်ပါပဲ ။ ကျွန်တော့်အတွက်တော့ အိုလီဟာ အလုပ်တွေ တကယ့်ကို ကောင််းမွန်စွာ လုပ်ဆောင်နေခဲ့တယ်လို့ပဲ တွေးပါတယ် ။ သူဟာ အသင်းဆီ ရောက်လာကတည်းက ဒီအသင်း အကြီးကြီး တိုးတက်လာခဲ့တာပါပဲ ”

” ကျွန်တော်တို့ အိမ်ကွင်းမှာ အမှတ်တွေ လျှော့ကျနေဆဲပါပဲ ။ ဒါဟာ လုံလောက်စွာကို မကောင်းမွန်ခဲ့သေးပါဘူး ။ ဒါကို ကျွန်တော်တို့တွေလည်း သိကြပါတယ် ။ ဒါပေမဲ့ အဲ့တာတွေက နည်းပြ တစ်ဦးထဲရဲ့ အမှားကြောင့်တော့ မဟုတ််ခဲ့ရပါဘူး ” လို့ ဘရူနို ဖာနန်ဒက်စ်က ဆိုးလ်ရှားဖက်မှ ကာကွယ်သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar