မန်ချက်စတာ ယူနိုက်တက်ဆီက ဂျရတ် ခေါ်ယူသွားနိုင်ဖွယ် ရှိနေတဲ့ ကစားသမား 5 ဦး

မနေ့ကပဲ လီဗာပူး အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင််း တစ်ဦး ဖြစ်သူ စတီဗင် ဂျရတ် ဟာ အက်စတွန် ဗီလာ အသင်းရဲ့ နည်းပြ ရာထူးကို တရားဝင်လက်ခံလိုက်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲဆီကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပါတယ် ။

ဂျရတ်ဟာ ဒီအလုပ်ကို လက်မခံခင်ကတော့ စကော့တလန်လိဂ်မှာ ရိန်းဂျား အသင်းကို ကိုင်တွယ်ရင်း ခမ်းနားတဲ့ ရက်စွဲတွေ ပိုင်ဆိုင်ခဲ့သလို ဆယ်စုနှစ်အကြာ ဝေးကွာနေခဲ့တဲ့ စကော့တလန် လိဂ်ဖလားကိုလည်း ရယူဆွတ်ခူး ပေးနိုင်ခဲ့ပါတယ် ။

အခုတော့ သူဟာ ရလဒ်တွေ ယိုယွင်းနေခဲ့တဲ့ အက်စတွန်် ဗီလာ အသင်းကို ကိုင်တွယ်ဖို့ ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ ရောက်လာခဲ့ပါပြီ ။ ဒီလို အနေအထား တစ်ရပ်မှာ သူ့အနေနဲ့ အသင်းကိုပိုမိုတောင့်တင်းစေဖို့ ကစားသမားသစ် ခေါ်ယူမှုတွေ လုပ်ဆောင်ရမှာ မလွဲမသွေပါပဲ ။

ဒီလို အနေအထား တစ်ရပ်မှာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပြီး အသုံးမပြုနိုင် ဖြစ်နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ကစားသမားတွေဟာ သူ့အတွက် ခေါ်ယူချင်စရာ ကောင်းသူတွေ ဖြစ်လာလိမ့်မယ်လို့ ထင််ကြေးပေးခံနေရပါတယ် ။

အခုတော့ The Sun မှ ဖော်ပြပေးလိုက်တဲ့ အက်စတွန် ဗီလာ အတွက် ဂျရတ် ခေါ်ယူနိုင်ဖွယ် ရှိနေတဲ့ ယူနိုက်တက် ကစားသမား 5 ဦးကို ဖော်ပြပေးလိုက်ပါတယ် ။

(1) ဂျက်စီ လင်ဂတ်

ဇန်နဝါရီ စျေးကွက်အတွင်း အသင်း အတော်များများမှ ခေါ်ယူဖို့ စိတ်ဝင်စားနေကြမဲ့ ကစားသမားစာရင်းထဲ ထိပ်ဆုံးက ပါဝင်နေမှာ လင်ဂတ်ပါပဲ ။ လင်ဂတ်ဟာ ပင်ကိုယ် အရည်အသွေး ကောင်းမွန်တဲ့ ကစားသမားတစ်ဦး ဖြစ်တယ််ဆိုတာကို ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းမှာ အငှားကစားရင်း ပြသခဲ့ပြီးပါပြီ ။

ဒါ့ကြောင့်လည်း ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုယက်စ် က သူ့ကို အပြီးသတ် ခေါ်ယူချင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ကစားသမား ကိုယ်တိုင်ကတော့ ယူနိုက်တက်မှာ အခွင့်အရေး ရပါလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီမှာပဲ ဆက်နေခဲ့ပါတယ် ။ ဒါပေမဲ့ မျှော်လင့်နေတဲ့ အခွင့်အရေးတွေ မရနိုင်ခဲ့ပါဘူး ။

အခုတော့ သူက အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားမယ့် ကစားသမားစာရင်းထဲလည်း မပါဝင်ခဲ့တဲ့ အတွက် ဇန်နဝါရီမှာ အသင်းပြောင်းဖို့ တွေးနေမှာ အသေအချာပါပဲ ။ သူ့ကို ဘယ်အသင်းက လက်ဦး ခေါ်ယူနိုင်မလဲဆိုတာ တကယ့်ကို စိတ်ဝင်းစရာပါပဲ ။

(2) ဂျိမ်းစ် ဂါနာ

သူဟာ လက်ရှိ အချိန် နော်တင်ဟမ် ဖောရက်စ် အသင်းမှာ အငှား ကစားနေသူ တစ်ဦးပါပဲ ။ သူဟာ ဂျရတ်ရဲ့ ပစ်မှတ်် ဖြစ်နေမှာ အသေအချာပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ ဂျရတ်ဟာ ရိန်းဂျားစ် အသင်းကို ကိုင်တွယ်စဥ် ၊ ပြီးခဲ့တဲ့ နွေထဲက ဂါနာကို ခေါ်ယူဖို့ စိတ်အားထက်သန် နေခဲ့လို့ပါပဲ ။ ဒါပေမဲ့ ကစားသမားကတော့ နော်တင်ဟမ် ဖောရက်စ်ကိုပဲ ရွေးချယ်သွားခဲ့ပါတယ် ။

သူဟာ ပြီးခဲ့တဲ့ ရာသီထဲက နော်တင်ဟမ်မှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့တဲ့ အတွက် ပရိသတ် အချစ်တော် တစ်ဦး ဖြစ်ခဲ့ပါသေးတယ် ။ လက်ရှိအနေအထားအရ သူဟာ ယူနိုက်တက် အသင်းမှာလည်း ပွဲထွက်ခွင့် တစ်နေရာ ရရှိနိုင််ခြေ မရှိသေးတဲ့အတွက် ဂျရတ်ရဲ့ အက်စတွန် ဗီလာဆီကို ရောက်ရှိကောင်း ရောက်ရှိသွားနိုင်ပါတယ် ။

(3) ဒွန်နီ ဗန်ဒီ ဘိခ်

လင်ဂတ်လို ပါပဲ ၊ ဒွန်နီ ဗန်ဒီ ဘိခ်ဟာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပွဲထွက်ကစားခွင့်တွေ ရရှိဖို့ အခက်တွေ့ နေခဲ့ရသူ တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် သူဟာ နွေမှာ အသင်းပြောင်းလိမ့်မယ်လို့ သတင်းကြီးနေခဲ့တာပဲ ဖြစ်ပါတယ် ။ သူဟာ လက်ရှိ နယ်သာလန်မှာလည််း ရွေးချယ်ခံရခြင်း မရှိခဲ့ပါဘူး ။

သူ့ကို ခေါ်ယူဖို့အတွက် စပိန် ထိပ်သီး ဘာစီလိုနာ ၊ ပိုင်ရှင််အသစ် ဦးဆောင်နေတဲ့ နယူးကာဆယ် အသင်းတွေက စိတ်ဝင်စား နေကြတယ်လို့ သိရပါတယ် ။ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ဗန်ဒီ ဘိခ် ဆိုတာ ခြေစွမ်းကောင်းတဲ့ ထိပ်တန်း ကစားသမား တစ်ဦးဖြစ်တဲ့ အတွက် ဂျရတ်မှ အနည်းဆုံး အငှား ခေါ်ယူဖို့် ကြိုးစားသွားဖွယ် ရှိနေပါတယ် ။

(4) အေဇဲလ် တွမ်ဇီဘီ

ဂျရတ် အတွက် ကံကောင်းနေတာတစ်ခုက ယူနိုက်တက် ကြယ်ပွင့်ဟာ အခု အက်စတွန်ဗီလာ အသင်းဆီ ရောက်ရှိနေပြီး အငှား ကစားပေးနေတာပါပဲ ။ သူဟာ တစ်ချိန်မှာ ယူနိုက်တက် စီနီယာ အသင်းအတွက် ကစားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခံနေရတဲ့ အလားအလာကောင်းသူ ဗဟို နောက်ခံလူ တစ်ဦးပါ ။

ဒါပေမဲ့ ယူနိုက်တက် အသင်းမှာ စီနီယာ ဗဟို နောက်ခံလူ များစွာ ရှိနေခြင်းက သူ့ရဲ့ ပွဲထွက် ကစားခွင့် မိနစ်တွေကို အကန့်အသတ် ဖြစ်စေခဲ့ပါတယ် ။ ဒါ့ကြောင့် ဂျရတ် အနေနဲ့ ကစားသမားကို အငှား ကိုင်တွယ်နေစဥ် အတွင်း ခြေစွမ်းပိုင်း သဘောကျပါက အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးစားရုံသာ ရှိနေပါတော့တယ် ။

(5) ဒီယိုဂို ဒါးလော့

အက်စတွန် ဗီလာ အသင်းရဲ့ နောက်ခံ အစွန်လူ စာရင်းမှာ မတ်တီ ကပ်ရှ် ၊ မတ် တားဂတ် နဲ့ အက်ရှ်လေ ယန်းတို့ သုံးဦးသာ ရှိနေတဲ့ အတွက် ဂျရတ် အနေနဲ့ အသင်းကို ပိုပြီး တောင့်တင်းစေဖို့ ဒီနေရာကို ထည့်တွက် အင်အားဖြည့်တင်း သွားရမှာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဒါးလော့က ဂျရတ်အတွက် မျက်စိကျစရာ ဖြစ်သွားနိုင်ပါတယ် ။

သူဟာ ပြီးခဲ့တဲ့ ရာသီက အေစီမီလန် အသင်းမှာ အငှား ကစားရင်း ပုံစံကောင်း ပြသထားနိုင်ခဲ့သူ တစ်ဦး ပါပဲ ။ လက်ရှိ အချိန်မှာတော့ ရှော ၊ ဘစ်ဆာကာ တို့က ပွဲထွက်ခွင့် တစ်နေရာ အပိုင်သိမ်းထားကြတာကြောင့် သူဟာ ပွဲကစားချိန် မိနစ်တွေ နည်းပါးနေခဲ့တာပဲ ဖြစ်ပါတယ် ။ သူဟာလည်း အသင်းမှ ထွက်ခွာနိုင်ခြေ ရှိနေတာကြောင့် ဂျရတ် အတွက် ထည့်သွင်းစဥ်းစားစရာ ဖြစ်သွားနိုင်ပါတယ် ။

#Sports_Myanmar