မက်ဂွားယား ခြေစွမ်းမပြနိုင်မှုအတွက် ဘယ်သူ့ကို အပြစ်တင်ရမလဲဆိုတာ ပြောပြလိုက်တဲ့ ဂျွန်ဘန်းစ်

လီဗာပူး အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ဂျွန်ဘန်းစ် ကတော့ ဝေဖန်မှုတွေအောက် ကျရောက်နေခဲ့တဲ့ ယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွားယား ဖက်မှ ကာကွယ်စကား ဆိုခဲ့လိုက်ပြီး သူဟာ အသင်း ခေါင်းဆောင် လက်ပတ်နဲ့ ထိုက်တန်ကြောင်း ပြောသွားခဲ့ပါတယ် ။

ယူနိုက်တက် အသင်း ခေါင်းဆောင်ဟာ ဒီနှစ် ဘောလုံး ရာသီမှာတော့ အင်္ဂလန် လက်ရွေးစင် အသင်းဆီ သွားပြီး ကစားပေးတဲ့ အခါတိုင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမဲ့ ကလပ် အသင်းဆီ ရောက်လာတဲ့ အခါတွေမှာတော့ ပုံစံကောင်း ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရပါတယ် ။

ယူနိုက်တက် အသင်းဆီ ရောက်ရောက်ချင်းမှာပဲ အထူး ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပြီး အသင်းခေါင်းဆောင် လက်ပတ်ကို မကြာမီမှာပဲ ရယူထားနိုင်ခဲ့တဲ့ မက်ဂွားယားဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အစပိုင်းတုန်းက ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါသေးတယ် ။

ဒါပေမဲ့ မကြာမီမှာပဲ အကောင်းဆုံး ပုံစံတွေ ပြန်ပြနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ဒဏ်ရာပြသနာမှ ပြန်လာခဲ့တဲ့ မက်ဂွားယားဟာ ပုံစံကောင်းတွေ ပြန်လည် ပြသနိုင်ဖို့ အတော်လေး ရုန်းကန်နေခဲ့ရသလို အမှား ကျူးလွန်မှုတွေလည်း များပြားခဲ့ရပါတယ် ။

ဒါ့ကြောင့် ဒီနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပေးဂိုးတွေ အတော်လေး များပြားခဲ့ရ သလို ခံစစ်မှူးတွေ ၊ အထူးသဖြင့် အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယားဟာ ဝေဖန်မှုတွေ ခံခဲ့ရာပြီး အသင်း ခေါင်းဆောင် လက်ပတ်နဲ့ ထိုက်တန်ရဲ့လားလို့ မေးခွန်းပါ ထုတ်ခံခဲ့ရပါတယ် ။

ဒါပေမဲ့ လီဗာပူး ကစားသမားဟောင်း ဖြစ်သူ ဂျွန်ဘန်းစ်က မက်ဂွားယားဟာ ယူနိုက်တက် အသင်းခေါင်းဆောင် လက်ပက် နဲ့ တကယ်ပဲ ထိုက်တန်သူ ဖြစ်ကြောင်း ၊ ခံစစ်ကို ကာကွယ်ပေးနိုင်စွမ်း မရှိတဲ့ အသင်းဖော်တွေကြောင့် သူဟာ ခြေစွမ်း မပြနိုင်ဖြစ်ခဲ့ရကြောင်း ပြောခဲ့လိုက်ပါတယ် ။

 

 

” သူ(မက်ဂွားယား)က ယူနိုက်တက် အသင်းခေါင်းဆောင် လက်ပတ်နဲ့ တကယ်ပဲ ထိုက်တန်သူ တစ်ဦးပါ ။ သူဟာ ကာကွယ်ပေးမှု မရရှိတဲ့ ခံစစ်တန်းလေးယောက်မှာ ပါဝင် ကစားပေးနေခဲ့ရပါတယ် ။ အကယ်လို့ လီဗာပူး တိုက်စစ် ကစားသမား သုံးဦး ဘောလုံးမရှိတဲ့အချိန် အလုပ်မကြိုးစားဘူးဆိုရင် သူတို့လည်း ခံစစ်ပေါက်မှာပါပဲ ”

” ခံစစ်ပိုင်း ပြသနာ ဖြစ်ရခြင်းက ကစားသမား တစ်ဦးထဲကြောင့်တော့ မဟုတ်ရပါဘူး ။ ဟယ်ရီက ဘစ်ဆာကာ ၊ လုခ်ရှော တို့ နည်းတူ ခံစစ် ကစားသမားကောင်း တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဖရက်ဒ် ၊ တော်မီနေး တိုက လွဲရင် ဘောလုံး ပိုင်ဆိုင်မှု မရှိတဲ့ အချိန်မှာ သူတို့ကို ကာကွယ်ပေးမဲ့သူက ရှိမနေပါဘူး ”

” ဒီအတွက် ဖရက်ဒ် နဲ့ တော်မီနေး တို့လည်း ခံစစ်မှူးတွေရဲ့ အရှေ့မှာနေပြီး အလုပ်တွေ အများကြီး ကြိုးစားကြဖို့ လိုအပ်နေပါသေးတယ်။ ကျွန်တော်ကတော့ မက်ဂွားယားကို ဝေဖန် ထိုးနက်သွားမှာ မဟုတ်ပါဘူး ။ သူက ယူနိုက်တက် နဲ့ အင်္ဂလန် တို့အတွက် တကယ့်ကို ကောင်းတဲ့ ခံစစ်မှူး တစ်ဦးပဲလေ ”

 

” ဒါပေမဲ့ လက်ရှိ ယူနိုက်တက် အသင်းရဲ့ ကစားပုံအရတော့ အသင်းဟာ ခံစစ် ရုတ်တရက် ကစားရတဲ့ အချိန်တွေမှာ သူ့ဟာသူ တစ်ကိုယ်တည်း ခံစစ် ကစားနေခဲ့ရပါတယ် ။ ဒီလို မဖြစ်သင့်ဘူးလေ ။ ကျွန်တော်ကတော့ သူ့ကို ဝေဖန်သွားဖို့ မရှိပါဘူး ” လို့ ဂျွန်ဘန်းစ် က သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar