မက်ဂွားယားရဲ့ အသင်းခေါင်းဆောင် ရာထူးကို ဖြုတ်သွားဖို့ ရှိ ၊ မရှိဆိုတာ ပြောသွားလိုက်တဲ့ ဆိုးလ်ရှာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို နောက်ခံလူ ဖြစ်တဲ့ ဟယ်ရီ မက်ဂွားယားဟာ လက်စတာ စီးတီး အသင််းမှ မန်ချက်စတာဆီ ပြောင်းရွှေ့ပြီး မကြာမီမှာပဲ ထူးကဲတဲ့ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့တဲ့ အတွက် အသင််းခေါင်းဆောင် ရာထူးကို အမြန်ဆုံးရယူနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် သူဟာ ခေါင်းဆောင် တစ်ဦးရဲ့ တာဝန်ကိုလည််း အတော်လေး ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့သလို ခံစစ်ကိုပါ လုံခြုံမှုတွေ ပေးဆောင် သွားနိုင်ခဲ့တဲ့ အတွက် ပရိသတ်နဲ့ သတင်းသုံးသပ်သူတွေရဲ့ ချီးကျူးမှုတွေ ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ပြီးခဲ့တဲ့ နွေတုန်းက မိုင်ကိုနော့စ် ကျွန်းကို သွားရောက််ပြီး ပြသနာဖြစ် ၊ အသင်းဆီ ပြန်လည် ရောက်လာခဲ့ချိန်မှာ စွမ်းဆောင်ရည် ကျဆင်းခဲ့တဲ့ အတွက် ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ် ။ ဒါပေမဲ့ မကြာမီမှာပဲ သူဟာ အကောင််းဆုံး ပြန်လာနိုင်ခဲ့ပါတယ် ။

အခုတော့ 2021-22 ရာသီသစ်မှာ မက်ဂွားယားဟာ စတင််ပုံ ကောင်းမွန်ခဲ့ပေမဲ့ ဒဏ်ရာ ပြသနာ ကြုံတွေ့ အပြီး အသင််းဆီ ပြန်လာခဲ့တဲ့နောက် ပုံစံကောင်းတွေ ပြသနိုင်ဖို့ ရုန််းကန်ခဲ့ရ ပါတယ် ။ ဒါ့အပြင် အမှား ကျူးလွန်မှုတွေလည််း များပြားခဲ့ပါသေးတယ် ။

ဒါ့ကြောင့် မက်ဂွားယား နဲ့ ပတ်သက်လို့ ဝေဖန်သူတွေ ပြန််လည် များလာသွားခဲ့ရသလို သူက အသင်းခေါင်းဆောင်် ရာထူးနဲ့ တကယ်ရော ထိုက်တန်ရဲ့လား ၊ ရာထူး ဖြုတ်လိုက်သင့်လား ဆိုပြီး ဝေဖန်သူတွေလည်း ပေါများလာခဲ့ကြပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ အသင််း ခေါင်းဆောင် ဖြစ်သူရဲ့ အရည်အသွေးအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေသေးပြီး နိုင်ငံ့ပွဲမှာ ဂိုးသွင်း စွမ်းရည်တွေပြသခဲ့တဲ့ နောက်ခံလူကို ရာထူးဖြုတ်သွားမှာ မဟုတ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” အသင်း တစ်သင်း အနေနဲ့ ကျွန်တော်တို့ လုပ်နိုင်စွမ်း ရှိသလောက် မလုပ်ပြနိုင်ခဲ့သေးသလို ရှိသင့်တဲ့ အဆင့်အတန််း တစ်ခုမှာလည်း ရှိမနေသေးဘူးလို့ ထင်မိပါတယ် ။ ဂါးရတ် (ဆောက်ဂိတ်) ပြောသလိုပါပဲ ၊ ဟယ်ရီ (မက်ဂွားယား) ဟာ ပုန်းကွယ်နေသင့်တဲ့ လူစား မဟုတ်သလို အရံခုံပေါ်မှာ ထိုင်နေသင့်တဲ့ ကစားသမားမျိုးလည်း မဟုတ်ပါဘူး ”

” ဟယ်ရီ ဆိုတာ အချိန်တိုင်းမှာ နည်းပြ ဖြစ်သူ အတွက် အသင့်ရှိပေး နေလိုတဲ့ တကယ့် ထိပ်တန်း ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်ပါ ။ သူ ကောင်းကောင်း လေ့ကျင့် နိုင်ခဲ့ပါတယ် ။ သူ အခုလို အဝေးကို သွားပြီး နိုင်ငံ့ အသင်းအတွက် နှစ်ဂိုး သွင်းနိုင်ခဲ့တာက သူ့ရဲ့ ခြေစွမ်းပိုင်း ၊ ယုံကြည်မှုတွေ တိုးတက်စေနိုင်ပါလိမ့်မယ် ”

” ကျွန်တော့် အတွက်တော့… ကျွန်တော်က သူ့ရဲ့ အသင်း ခေါင်းဆောင် ရာထူးကို ဖြုတ်သိမ်းသွားမှာ မဟုတ်ပါဘူး ။ သူက အသင်းဆီ ရောက်လာထဲက ကွင်းအတွင်းမှာရော အပြင်မှာပါ ကျွန်တော်တို့ အတွက် အရမ်းကို အရေးပါသူ တစ်ဦးပါ ။ သူ့ရဲ့ မိသားစု ၊ ကလပ် အသင်း နဲ့ ကျွန်တော်တို့ အားလုံးက သူ့အတွက် ပျော်ရွှင်နေပါတယ် ”

” သူက ထိပ်တန်း ပရော်ဖက်ရှင်နယ် ကစားသမား တစ်ဦး ဖြစ်နေတဲ့အတွက် ဝေဖန်သံတွေဟာ မှားယွင်းကြောင်း သက်သေပြသွားနိုင်မှာပါ ။ ကျွမ်းကျင်သူတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် အတွေးတွေ ရှိနှင့်ပြီးသားပါ ။ သူတို့ ထင်မြင်တဲ့ အရာတွေကို ပြောဆိုကြခြင်းဆိုတာက သူတို့တွေရဲ့ အလုပ််ပဲလေ ”

” အဲ့တာတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စိုးရိမ်နေစရာ အကြောင်းတော့ မရှိပါဘူး ။ စစ်မှန်တဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား တစ်ဦး အနေနဲ့ မက်ဂွားယားဟာ ကလပ် နဲ့ နိုင်ငံ့ အသင်း အတွက် အမြဲတမ်း အသင့်ရှိနေသူ ဖြစ်ကြောင်း သက်သေပြထားခဲ့ပြီးပါပြီ ” လို့ ဆိုးလ်ရှားက ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar