ဘာတွေ မှားနေလဲ ၊ ဘယ်လို အမှန်ပြင်မလဲ နဲ့ သူ့ရဲ့ အနာဂတ််တွေအကြောင်း ပြောပြလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ်မှာတော့ ဝက်ဖို့ဒ် အသင်းနဲ့ အဝေးကွင်းပွဲစဥ် ကစားသွားရဖို့ ရှိနေပါတယ် ။ အဲ့တာပြီးရင်တော့ ယူနိုက်တက်တို့ဟာ ဗီလာ ရီးယဲ ၊ ချဲလ်ဆီး အသင်းတွေနဲ့ အဝေးကွင်းပွဲစဥ်တွေ ဆက်လက် ကစားရပါလိမ့်မယ် ။

အဆိုပါ ပွဲစဥ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက သူ့ရဲ့အသင်း ဘာတွေ မှားနေသလဲ ဆိုတာ အမေးခံလိုက်ရတဲ့ အချိန်မှာတော့ အရင်တုန်းကလည်း ဒီလို အခိုက်အတန့်မျိုးတွေ ပိုင်ဆိုင်ခဲ့ဖူးကြောင်း ပြောခဲ့လိုက်ပါတယ် ။

ဒါ့အပြင် ဒါတွေကို အမှန်ပြင်နိုင်ဖို့ အတွက် အရင်လို ရှုံးပွဲ မရှိတဲ့ ပွဲဆက်မျိုးတွေကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရန် လိုအပ််ကြောင်း ပြောခဲ့လိုက် ပါတယ် ။ ဒါ့အပြင် လက်ရှိ အသင််းမှာ ပုံစံ နဲ့ စွမ်းဆောင်ရည် တိုးတက်ဖို့ လုပ်ဆောင်နေကြောင်းပါ ပြောခဲ့လိုက်ပါတယ် ။

အဲ့ဒီနောက် သူ့ရဲ့ အနာဂတ် အကြောင်း အမေးခံလိုက်ရချိန်မှာတော့ ပရိသတ်တွေဟာ အသင်း နဲ့ ကလပ် အပေါ် အားပေးနေကြဆဲ ဖြစ်ကြောင်း ၊ သူတို့ဟာ ခက်ခဲတဲ့ ရက််စွဲတွေကို ကြုံခဲ့ကြသလို အသင်းကို အကောင်းဆုံး ပြန်လည်် တည်ဆောက်စေလိုကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ အရင်တုန်းကလည်း ဒီလို အခိုက်အတန့်တွေကို ကြုံတွေ့ခဲ့ဖူးပါတယ် ။ ကျွန်တော်တို့ရဲ့ အဝေးကွင််း ပုံစံ ၊ ကျွန်တော်တို့ ပွဲစဥ် 30 ကစားခဲ့အပြီး 1 ပွဲမျှသာ ရှုံးနိမ့်ခဲ့ကြ ပါတယ် ။ ပြီးခဲ့တဲ့ ရာသီတုန်းကဆို ကျွန်တော်တို့တွေဟာ ပွဲစဥ် 20 ကျော်ထိ အကောင်းဆုံး ကစားနိုင်ခဲ့ပါသေးတယ် “

” ကျွန်တော်တို့ လမ်းကြောင်းအမှန်အပေါ် ပြန်ရောက်နိုင်ဖို့ အတွက် အဲ့ဒီလို ရလဒ်တွေ ဆက်တိုက် ကောင်းမွန်နေဖို့ လိုအပ်ပါတယ် ။ ဒီတစ်ပါတ်တော့ ကျွန်တော်တို့တွေဟာ ဆက်လက် တိုးတက်သင့်တဲ့ အရာတွေ အပေါ်ပဲ အဓိကထားပြီး လေ့ကျင့်ခဲ့ကြပါတယ် “

” ကျွန်တော်တို့ရဲ့ ပုံစံနဲ့ စွမ်းဆောင်ရည်တွေက လုံလောက််စွာ မကောင်းမွန်ခဲ့ပါဘူး ။ ကျွန်တော်တို့ ပိုပြီးကောင်းအောင် လုပ်နိုင်စွမ်း ရှိကြပါတယ် ။ ကျွန်တော်တို့ အခုထက်် ပိုကောင်းခဲ့သင့်ပါတယ် ။ အခုခေတ်မှာ စွမ်းဆောင်ရည််က အရမ်းကို အရေးပါလှပါတယ် “

” တခါတလေ ကန်ချက်တွေဟာ ဂိုးတိုင် ထိတတ်သလို တခါတလေမှာတော့ ဂိုးအောက် သွားတတ်ပါတယ် ။ တခါတလေမှာတော့ ဂိုးဝင်သွားတတ်ပါတယ် ။ အဲ့တာတွေက အသင်းအပေါ် သက်ရောက်မှု ကြီးမားလှပါတယ် ။ ကျွန်တော်တို့ အကောင်းဆုံး စတင်နိုင်ဖို့ အာရုံစိုက်ရပါ့မယ် “

” ကစားသမားတွေ ၊ ဝန်ထမ်းတွေ ၊ ကျွန်တော် ကိုယ်တိုင််နဲ့ ကလပ်ဟာ ပန်းတိုင်တစ်ခုအတွက် အလုပ်လုပ်နေကြပါတယ် ။ ပိုမို တိုးတက်ဖို့ ၊ ရလဒ်တွေ ပိုကောင်းဖို့ အတွက််ပေါ့ဗျာ ။ ပရိသတ်တွေက အသင်းနဲ့ ကလပ်ကို ထောက််ခံ အားပေးနေကြဆဲပါပဲ ။ သူတို့လည်း အခုလို အခိုက်အတန့်မျိုး ဖြတ်သန်းခဲ့ပြီးကြပါပြီ “

” အသင်း ပြန်လည်တည်ဆောက်ရေး အတွက်လည်း သူတို့တွေ အားပေးခဲ့ကြပါတယ် ။ ခင်ဗျား ပွဲစဥ် တစ်ပွဲရှုံးတိုင််း မကျေမနပ် ဖြစ်မယ် ၊ ဖိအားတွေအောက် ရောက်ရှိမှာပါပဲ ။ ဒါပေမဲ့ ကျွန်တော်တို့ကြား ဆက်ဆံရေးမှာ ရိုးသားမှု ၊ ပွင့်လင်းမှုတွေ ရှိနေသေးဆဲပါပဲ ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။

#Sports_Myanmar