ဘစ်ဆာကာကို ယူနိုက်တက်တို့ အသုံးပြုပုံ မှားယွင်းနေတယ်လို့ ချက်ကျလက်ကျ ပြောပြလိုက်တဲ့ မီကာ ရစ်ချက်

မန်စီးတီး အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ မီကာရစ်ချက် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ညာနောက်ခံလူ အာရွန် ဝမ် ဘစ်ဆာကာကို လွဲမှားတဲ့ နေရာမှာထားပြီး အသုံးပြုနေတယ်လို့ ထင်မှတ်ကြောင််း ပြောကြားသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2019 ခုနှစ် နွေအပြောင်းအရွှေ့ တုန်းက ခရစ္စတယ် ပဲလေ့စ် အသင်း မှ ညာ နောက်ခံလူ ဖြစ်တဲ့ အာရွန် ဝမ် ဘစ်ဆာကာ ကို ပေါင် သန်း 50 နဲ့ ခေါ်ယူ ခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီထဲက အသက် 23 နှစ် ရှိပြီဖြစ်တဲ့ ဝမ် ဘစ်ဆာကာ ဟာ ခံစစ်အားသန် ကစားသမားတစ်ဦးဖြစ်တဲ့ အားလျှော််စွာ ယူနိုက်တက်ရဲ့ ခံစစ်ပိုင်း တာဝန်တွေကို အတော်လေး ကျေပွန်စွာ ထမ်းဆောင်ပြထားနိုင်ခဲ့ပါတယ် ။

အဆိုပါ အချိန်ကာလအတွင်း သူဟာ ပြိုင်ဖက် အသင်းရဲ့ အားထားရတဲ့ တောင်ပံ တိုက်စစ် ကစားသမား အများစုကို လွယ်ကူစွာ ထိုးဖောက် ကျော်ဖြတ်ခွင့် မပေးနိုင်တဲ့ အထိ ခံစစ် ကစားပုံ ယုံကြည် စိတ်ချခဲ့ရပါတယ် ။

ဒါပေမဲ့ ခံစစ်ကစားသမားတွေ တိုက်စစ် လိုက်ပါ ကူညီပေးတတ်ကြတဲ့ မော်ဒန် ဘောလုံး လောကမှာတော့ ဘစ်ဆာကာ ရဲ့ တိုက်စစ် လိုက်ပါမှု ၊ ဖြတ်တင်ဘော ပေးပို့မှုတွေက သာမန်မျှသာ ဖြစ်ခဲ့ရတဲ့ အတွက် ပရိသတ်တွေ အားမလို အားမရ ဖြစ်ခဲ့ကြရပါတယ် ။

အခုတော့ မန်စီးတီး ကစားသမားဟောင်း ဖြစ်တဲ့ မီကာ ရစ်ချက် က မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ကစားသမားရဲ့ အားသာချက်ကို အသုံးချဖို့ လိုအပ်သေးကြောင်း ၊ ဘစ်ဆာကာကို သုံးယောက်တန်း ခံစစ်ရဲ့ ညာ အစွန်လူ အဖြစ် ထားသင့်ကြောင်း အကြံပေးခဲ့လိုက် ပါတယ် ။

” ဝမ် ဘစ်ဆာကာ ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကစားနေခဲ့တယ် ဆိုတာကို မမေ့လိုက်ကြပါနဲ့ ။ အကယ်လို့ ခင််ဗျားဟာ ကစားသမား တစ်ဦးကို ခေါ်ယူလိုက်တယ်ဆိုရင် ဒီကောင် ခံစစ်ကစားနိုင်လား ၊ ဘောလုံး ပေးပို့နိုင်ရဲ့လား ၊ တိုက်စစ်ဆင်တတ်လား ၊ နေရာယူပုံ ကောင်းရဲ့လား ဆိုတာတွေကို ကြည့်ရှုဖြစ်မှာပါပဲ ”

” အဲ့တာပြီးရင် ကလပ်အသင်းဖက်က ချမှတ်ရမဲ့ အကြီးမားဆုံး ဆုံးဖြတ်ချက်က သူ ဒါကို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာရော လုပ်နိုင်မလားဆိုတာပါပဲ ။ သူတို့ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ပြင်းအားကို ရုပ်ပိုင်ဆိုင်ရာ ခုခံနိုင်ပါ့မလားဆိုတာ တွေးဖို့ လိုပါတယ် ။ ဒါဟာ အရမ်း ၊ အရမ်းကို သတိိထားသင့်တဲ့ အရာတစ်ခုပါပဲ ”

” အကယ်လို့ ခင်ဗျားဟာ ပက် (ဂွာဒီယိုလာ) ရဲ့ အသင်းမှာ ကစားရမယ်ဆိုရင် ဘောလုံး ပေးပို့မှုတွေ လုပ်တတ်ဖို့ ၊ ဘောလုံးကိုင် ကစားတတ်ဖို့ လိုအပ်လှပါတယ် ။ ဝမ်ဘစ်ဆာကာ ဆိုတာက ပြိုင်ဖက် ကစားသမားတွေနဲ့ တစ်ဦးချင်း ရင်ဆိုင်တွေ့တဲ့ အခါတွေမှာ ကစားပုံ အရမ်းကောင်းတဲ့ ကစားသမား တစ်ဦးပါ ”

” အကယ်လို့ ခံစစ် 3 ယောက်ထားပြီး ကစားစေချင်တယ််ဆိုရင် သူဟာ ခံစစ် အတန်း သုံးယောက်ရဲ့ ညာခံစစ် ကစားသမား ဖြစ်သင့်ပါတယ် ။ တိုက်စစ်ရော ၊ ခံစစ်ပါ လိုက်ကစားရတဲ့ ခံစစ် အစွန်လူ မဖြစ်သင့်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဘစ်ဆာကာဟာ တိုက်စစ်ပိုင်း တက်ရောက် ကစားတဲ့အခါမှာ မကောင်းဘူးဆိုတာ ကျွန်တော်တို့ သိထားကြလို့ပါပဲ ”

” ဒါ့ကြောင့် သူ လက်ရှိ ကစားနေတဲ့ ပုံစံကို ကြည့်လိုက်မယ်ဆိုရင် သူ့ကို အသုံးပြုပုံ အနည်းငယ် မှားယွင်းနေတယ််ဆိုတာကို မြင်တွေ့ရပါလိမ့်မယ် ။ ခင်ဗျား သူ့ကို ခံစစ် အစွန်လူ အဖြစ် သုံးပြီး တိုက်စစ်ပါ လိုက်ခိုင်းမယ်ဆိုရင်တော့ အဲ့တာက အလုပ်ဖြစ်သွားဖို့ မရှိပါဘူး ” လို့ မီကာ ရစ်ချက် က အကြံပေး သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar