ဖိအားတွေအောက် ရောက်နေတဲ့ ဆိုးလ်ရှားကို အလုပ်မပြုတ်ဖို့ ဘာလုပ်ရမလဲဆိုတာ အကြံကောင်းပေးလိုက်တဲ့ Big Sam

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့လတုန်းက ကင်းပါဝါ ကွင်းထဲ လက်စတာ စီးတီး အသင်းကို 4 – 2 ၊ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ လီဗာပူး အသင်းကို 0 – 5 ၊ မန်စီးတီး အသင်းကို 0 – 2 ဆိုတဲ့ ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် နည်းပြ ဆိုးလ်ရှားဟာ အလုပ်ထုတ်ခံရဖို့ နီးစပ်တဲ့ ဖိအားတွေအောက် ကျရောက်ခဲ့ပါတယ် ။

အခုတော့ နိုဝင်ဘာလတုန်းက ရလဒ်ဆိုးတွေကြောင့် ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယားကို ဦးဆောင်နေခဲ့တဲ့ ချဲလ်ဆီး အသင်းအောက် 9 မှတ် အကွာ ၊ အဆင့် 6 နေရာကို ရောက်ရှိ သွားခဲ့ပါတယ် ။ ဒါပေမဲ့ အသင်းရဲ့ တာဝန်ရှိသူတွေက ဆိုးလ်ရှား ဖက်မှ ဆက်လက် ထောက်ခံနေကြဆဲပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက် နည်းပြသစ် ရာထူးအတွက် ဘရန်ဒန် ရော်ဂျာ ၊ ဇနက်ဒင်း ဇီဒန်း ၊ အဲရစ် တန်ဟတ် ၊ ရဲ့လ်ဖ် ရန်းဂ်နစ် တို့က သတင်းတွေကြီးနေခဲ့ကြပါသေးတယ် ။ ဒါ့ကြောင့် ဆိုးလ်ရှား အတွက်တော့ နိုင်ငံ့ပွဲတွေ ပြီးဆုံးသွားရင် ရလဒ်ကောင်းတွေ ရရှိအောင် အစွမ်းကုန်် ကြိုးစားရဖို့ ရှိနေပါတယ် ။

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ဒီကြားထဲ သူနဲ့ ပတ်သက်လို့ ဝေဖန်သံတွေဟာ အဆက်မပြတ် ကြားနေရဦးမှာပါပဲ ။ အခုတော့ အင်္ဂလန် နည်းပြဟောင်း ဆမ်အလာဒွိုက်စ်က ဆိုးလ်ရှား အနေနဲ့ နည်းပြရာထူး တည်မြဲနိုင်ရေးအတွက် ပြင်ပမှ လွှမ်းမိုးမှုတွေကို လျစ်လျူရှူပြီး အကောင်းဆုံး ဆက်လက် ကြိုးစားဖို့ လိုအပ်ကြောင်း အကြံပေး သွားခဲ့လိုက်ပါတယ် ။

” ခင်ဗျားတို့ သူ့ရဲ့ ဆံပင်တွေကိုသာ ကြည့်လိုက်ကြပါ ။ အခုလို အခိုက်အတန့်မျိုးတွေကို ကျော်ဖြတ်ပြဖို့အတွက် အိုလီ အနေနဲ့ သူ့ရဲ့ ဝန်းထမ်းတွေဆီက အကူအညီ လိုအပ််သလို ကစားသမားတွေကို လမ်းကြောင်း အမှန်အပေါ် ပြန်လည် တည့်မတ်ပေးနိုင်ဖို့လည်း လိုအပ်လှပါတယ် ”

” နည်းပြ အဖွဲ့ဝင်တွေလည်း ပွဲစဥ်တိုင်းမှာ မှန်ကန်စွာ ကူညီိပေးဖို့ လိုအပ်လှပါတယ် ။ မန်နေဂျာ တစ်ဦး ဖြစ်လာခဲ့ရင် ချီးကျူးမှုတွေ ၊ ဝေဖန်မှုတွေ အားလုံးကို ခံစားရမှာပါပဲ ။ ဒါပေမဲ့ အသင်းမှာ မှန်ကန်တဲ့ဝန်ထမ်းတွေ မရှိကြဘူးဆိုရင်တော့… ကျွန်တော် ရခဲ့တဲ့ အောင်မြင်မှုတွေက ကျွန်တော့် ဝန်ထမ်းတွေ မရှိပဲ ရနိုင်ခဲ့မှာ မဟုတ်ပါဘူး ”

” ကျွန်တော့် ခေါင်းပေါ်က ဆံပင်တွေ အားလုံး ငွေရောင် မပြောင်းသေးတဲ့ အတွက် ကျွန်တော် တခါတလေ မယုံနိုင် ဖြစ်ရပါတယ် ။ လူတွေက ကျွန်တော် ဆေးဆိုးတယ်လို့ ထင်ကောင်း ထင်ကြပါလိမ့်မယ် ။ ဒါပေမဲ့ မဟုတ်ရပါဘူး ။ ကျွန်တော့် အသက်နဲ့ဆို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ထဲက ဆံပင်တွေ အားလုံး ဖြူနေခဲ့ရမှာပါ ”

” ဒီအတွက် ကျွန်တော် အိုလီကို ပေးချင်တဲ့ မက်ဆေ့က ပြင်ပမှ ဝေဖန်သံတွေ အထဲကို မရောက်စေဖို့ တံခါးတွေကို အလုံပိတ်ထားဖို့ ပါပဲ ။ တကယ်တော့ ကိုယ့်အလုပ်ကိုပဲ အာရုံစူးစိုက်ပြီး ပြင်ပမှု ဝေဖန်သံတွေ ၊ လွှမ်းမိုးမှုတွေကို လျစ်လျူရှုနိုင်ဖို့ ဆိုတာ ဖြစ်နိုင်ခြေ နည်းလှပါတယ် ”

” ဒါပေမဲ့ အဲ့တာတွေ လုပ်ဆောင်နိုင်ဖို့ အတွက် ခင်ဗျား အနေနဲ့ ဝန်ထမ်း အဖွဲ့တွေနဲ့ ပူးပေါင်းပြီး နည်းလမ်းတစ်ခု ရှာဖွေလို့ ရနိုင်ပါတယ် ။ အခုအချိန်ထိ ကြည့်လိုက်မယ်ဆိုရင် အိုလီ ရဲ့ ဝန်ထမ်းတွေက ဒီထက်ပိုပြီး အရေးကြီးတဲ့ သူတွေ မဖြစ်နိုင်ခဲ့ကြတာ သိသာထင်ရှားလှပါတယ် ”

” အိုလီအနေနဲ့ ဝန်ထမ်းတွေကို အလေးပေးပြီး ဒါတွေကို ကျော်ဖြတ်လို့ ရနိုင်ပါတယ်။ ဒီအတွက် ကစားသမားတွေကိုလည်း မှန်ကန်တဲ့ လမ်းကြောင်းပေါ် ဆွဲတင်ဖို့ လိုအပ်လှပါတယ် ။ ဝန်ထမ်းတွေ အကောင်းဆုံး ဖြစ်နေဖို့လည်း လိုအပ်လှပါတယ် ” လို့ ဆမ် အလာဒွိုက်စ် က အကြံပေး သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar