ဖာမီနို ၊ ကာတစ်ဂျုံး ၊ ဂိုးမက်ဇ် ၊ ကီတာ ၊ မီနာတို့ရဲ့ ဒဏ်ရာအခြေအနေနဲ့ ဖာဘင်ညို ၊ တီယာဂို တို့ရဲ့ ကြံ့ခိုင်မှုကို ပြောပြလိ်ုက်တဲ့ ကလော့

 

ယာဂန်ကလော့က ရော်ဘတ်တိုဖာမီနိုဟာ အက်သလက်တီကိုမက်ဒရစ်ကို လီဗာပူးတို့ ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် အတွင်း ပြင်းထန်တဲ့ ဒူးကောက်ကြော ဒဏ်ရာ ရရှိခဲ့တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ ဘရာဇီး တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အက်သလက်တီကို ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဒုတိယပိုင်းမှာ ဆာဒီယိုိမာနေး အစား လူစား၀င်လာခဲ့တာ ဖြစ်ပြီး ဒဏ်ရာ ပြသနာ ရရှိခဲ့တာကြောင့် လူစားပြန်လဲခဲ့ရပါတယ်။

၀က်ဟမ်းနဲ့ ပွဲစဉ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ကလော့က “ဘော်ဘီဟာ ပြင်းထန်တဲ့ ဒူးကောက်ကြော ဒဏ်ရာ ရရှိခဲ့တာကြောင့် ဒါဟာ ကံမကောင်းစွာနဲ့ သတင်းကောင်းတော့ မဟုတ်ခဲ့ပါဘူး။ သူ ဘယ်လောက်ထိ အနားယူသွားရမလဲ ဆိုတာတော့ ကျွန်တော်တို့လည်း မသိပါဘူး။ ဒါပေမယ့် နိုင်ငံတကာ ပွဲစဉ်ကာလ အပြီးမှာတော့ သူ ချက်ချင်း ပြန်ကစားနိုင်ဖို့တော့ မရှိပါဘူး။ ကျွန်တော်တို့ ဒါနဲ့ ပက်သက်ပြီး အလုပ်လုပ် သွားရမှာပါ။” လို့ ပြောသွားပါတယ။်

ဂိုးမက်ဇ် နဲ့ ကာတစ်ဂျုံး တို့ဟာ ဒဏ်ရာ ပြသနာကြောင့် ၀က်ဟမ်းနဲ့ ကစားရမယ့် ပွဲစဉ်ကို လွဲချော်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူး နည်းပြက အဆိုပါ ကစားသမား ၂ ဦးဟာ နိုင်ငံတကာ ပွဲစဉ် ကာလအပြီးမှာတော့ ပြန်လည် ကစားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း ပြောလိုက်ပါတယ်။

ကလော့က “ကာတစ်ဂျုံးရဲ့ ဒဏ်ရာဟာ ဖာမီနိုနဲ့ လုံး၀ ခြားနားပါတယ်။ သူဟာ လေ့ကျင့်ရေးကွင်းမှာ ကံမကောင်းစွာနဲ့ ဒဏ်ရာ ရခဲ့တာပါ။ သူ့ရဲ့ မျက်လုံးဟာ ကစားသမား တစ်ဦးရဲ့ လက်ညှိးက ခြစ်မိသွားတာပါ။ သူဟာ ဒီဒဏ်ရာကနေ recovery လုပ်နေပါပြီ။ ဒါပေမယ့် ဘယ်လောက်ထိ နားရမလဲ ဆိုတာ အတိအကျသိဖို့တော့ ကျွန်တော်တို့ စောင့်သွားရမှာပါ။

နိုင်ငံတကာပွဲစဉ် ကာလအပြီးမှာ သူ ပြန်လာမှာ သေချာပါတယ်။ ဒါပေမယ့် နိုင်ငံတကာ ပွဲစဉ်ကာလ အတွင်းမှာတော့ သူ ဘယ်အချိန် ပုံမှန် ပြန်လည် လေ့ကျင့်နိုင်မလဲ ဆိုတာ ကျွန်တော်တို့ စောင့်သွားရမှာပါ။ ပြီးတော့ ဂိုးမက်ဇ် ကလည်း နိုင်ငံတကာ ပွဲစဉ် အပြီးမှာ ပြန်ကစားနိုင်မှာ ပါပဲ။”

နာဘီကီတာ နဲ့ ဂျိမ်းမီနာ တို့ကလည်း ဒူးကောက်ကြော ဒဏ်ရာ ကနေ အနားယူနေခဲ့ရတာ ဖြစ်ပြီး ၎င်းတို့ ၂ ဦးရဲ့ အခြေအနေနဲ့ ပက်သက်ပြီး လီဗာပူး နည်းပြက ယခုလို ရှင်းပြခဲ့ပါတယ်။

The Boss က “ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ နိုင်ငံတကာ ပွဲစဉ်ကာလ အပြီး ကစားရမယ့် ပွဲဟာ ၂ ပတ် ကျော်ကျော် လိုနေပါသေးတယ်။ ဒါဟာ သူတို့ ပြန်ကစားနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ထားတဲ့ အချိန်ပါ။ ဒါပေမယ့် ဒါကို ကတိတော့ မပေးနိုင်ပါဘူး။ ဒါပေမယ့် နိုင်ငံတကာ ပွဲစဉ် အပြီးမှာ ပြန်ကစားနိုင်ဖို့ ကျွန်တော်တို့ အလုပ်လုပ်နေပါတယ်။”

ဖာဘင်ညို နဲ့ တီယာဂိုအယ်ကန်တာရာ တို့ဟာ ပြီးခဲ့တဲ့ ကြားရက်က အက်သလက်တီကိုနဲ့ ပွဲမှာ ၀င်ကစား သွားခဲ့ကြပြီး ဒီ weekend မှာ ကစားရမယ့် ပွဲစဉ် အတွက် ကလော့ရဲ့ လူရွေးချယ်မှုမှာ ပါ၀င်သွားမှာ ဖြစ်ပါတယ်။

“သူတို့ဟာ အသင်းအတွက် ဘယ်လောက် အရေးပါသလဲဆိုတာ ခင်ဗျားတို့ တွေ့မှာပါ။ ဖာဘင်ညိုရဲ့ အခြေအနေက ရှင်းပါတယ်။ သူ့အနေနဲ့ အက်သက်လက်တီကိုနဲ့ ပွဲစဉ်မှာ ဆက်ကစား သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို မိနစ် ၆၀ ပဲ ကစားစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူနဲ့ တီယာဂို တို့ကို လဲပစ်ခဲ့တာဟာ မှန်ကန်တဲ့ အရာ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ဟာ ကြီးမားတဲ့ ခြေလှမ်းကို လှမ်းထားနိုင်ခဲ့ပါပြီ။ ဒါ့ကြောင့် အားလုံး အိုကေပါတယ်။” လို့ ဆိုိုလိုက်ပါတယ်။

SM