ပွဲထွက်ခွင့်တွေ မရရှိမှုနဲ့အတူ အသင်းပြောင်းဖို့ သတင်းကြီိးနေခဲ့တဲ့ ကွင်းလယ်လူရဲ့ အနာဂတ် အကြောင်း ပြောလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ် ကစား သမား ဖြစ်သူ ဂျက်စီ လင်ဂတ်ဟာ လက်ရှိ ဘောလုံး ရာသီိအတွင်း ပွဲထွက် ကစားခွင့်တွေ နည်းပါး နေခဲ့တဲ့ အတွက်် ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖို့ သတင်းကြီးနေခဲ့ပါတယ် ။

သူဟာ လာမဲ့ ဇွန်လမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန််ဆုံးသွားဖို့ ရှိနေပါတယ် ။ ဒါပေမဲ့ အသင်းဖက်ကတော့ အခုထိ စာချုပ်သက်တမ်း တိုးဖို့ မလုပ်ဆောင်နိုင်ခဲ့သေး ပါဘူး ။ ဒါ့ကြောင့် သူ့ကို မကြာမီမှာ အလွတ်ပြောင်းရွှေ့ကြေး နဲ့ ဆုံးရှုံးကောင်း ဆုံးရှုံးသွားရပါလိမ့်မယ် ။

လင်ဂတ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 2020 နှစ်သစ် ကတည်းက အခုထိ ပွဲထွက် ကစားခွင့် မရရှိခဲ့သေးပါဘူး ။ သူဟာ ဒီရာသီတော့ လူစားဝင် ကစားခွင့် အနည်းငယ်သာ ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ သူဟာ ပါဝင်ခွင့် ရရှိခဲ့တဲ့ မိနစ် အနည်းငယ်မှာပဲ အသင်းအတွက် ဂိုးသွင်းယူ ၊ ဖန်တီးမှုတွေ လုပ်ဆောင်ရင််း ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ သူ့ရဲ့ ပွဲထွက် ကစားခွင့် မိနစ်တွေကတော့ ဆိုးလ်ရှား လက််အောက်မှာ အခုထိ ရေရာသေချာမှု မရှိသေးပါဘူး ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကိုယ်တိုင်က ကွင်းလယ်လူဟာ လာမဲ့ ရက်သတ္တပါတ်တွေမှာ အသင်း အတွက် ပါဝင် ကစားခွင့် မိနစ်တွေ ပိုင်ဆိုင်သွားဖို့ ရှိနေကြောင်း ၊ မကြာခင် ပွဲထွက် ကစားခွင့်တွေ ပေးဆောင် သွားဖို့ ရှိနေကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ဂျက်စီ (လင်ဂတ်) ဟာ တကယ်ပဲ လေ့ကျင့်ရေးတွေကို ကြိုးစား လုပ်ဆောင်နေပါတယ် ။ ဒါက တကယ်ပဲ ကောင််းမွန်လှပါတယ် ။ သူဟာ အဆင်သင့် ဖြစ်နေသလို ကျွန်တော့် အတွက် အမြဲတမ်း ပါဝင်ပေးနိုင်တဲ့သူ တစ်ဦးပါပဲ ။ သူဟာ ပွဲထွက်ခွင့်တွေ ပိုမရခဲ့တဲ့အတွက် စိတ်ပျက်နေခဲ့တာတော့ အမှန်ပါပဲ “

” ဒါပေမဲ့ စာချုပ် ကိစ္စ ဆွေးနွေးမှု အပိုင်းမှာတော့ ကျွန်တော််ဟာ သူနဲ့ နီးကပ်စွာ ရှိမနေခဲ့ရပါဘူး ။ ကျွန်တော့် အတွက််တော့ ဂျက်စီဟာ အသင်းအတွက် တကယ့်ကို ကြီိးမားတဲ့ ၊ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါပဲ ။ သူဟာ အသင်းထဲ အရည်အသွေးကောင်းတွေ အမြဲတမ်း ဖြည့်ထည့် ပေးနိုင်ပါတယ် “

” ကစားသမားတိုင်းက တက်နိုင်သလောက် ပွဲထွက်ခွင့်တွေ ပိုရချင်ကြပါတယ် ။ ဂျက်စီရော ၊ အခြားသူတွေရောပေါ့ဗျာ ။ သူတို့ တကယ်ပဲ အလုပ်တွေ ကြိုးစား နေခဲ့ကြပါတယ် ။ သူတို့တွေဟာ ကစားပေးဖို့ အသင့် ရှိနေကြပြီး ခေါ်ယူတဲ့ အခါမှာလည်း အမှားကင်းအောင် ကစားပေးနိုင်ဖို့ ဆန္ဒရှိနေကြပါတယ် “

” ကျွန်တော်တို့ အတွက် ကစားပေးခဲ့စဥ် အတွင်း ဂျက်စီဟာ အလုပ်တွေ ကောင်းကောင်း လုပ်ပြနိုင်ခဲ့ပါတယ် ။ ပွဲစဥ်တွေ ဆက်လာတဲ့ အခါ သူဟာ ပါဝင်ခွင့် ရရှိလိမ့်မယ်ဆိုတာကို ကောင်းကောင်းသိထားသူ တစ်ဦးပါပဲ ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar