ပွဲစဥ်တွေ ပြန်လည် စတင်တော့မဲ့ ရက်သတ္တပါတ် မတိုင်မီ အသင်းဖော်တွေကို သတိပေးလိုက်တဲ့ မာတစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ နီမန်ဂျာ မာတစ် က နိုင်ငံတကာ ပွဲစဥ်တွေ အပြီး ဝက်ဖို့ဒ် အသင်းနဲ့ ရင်ဆိုင်ရမဲ့ ပွဲစဥ် မတိုင်မီ ဒီပွဲမှာ အနိုင်ထက် လျှော့တဲ့ ရလဒ်မျိုး လုံးဝ မထွက်ဖို့ လိုအပ််ကြောင်း သတိပေးသွားခဲ့လိုက်ပါတယ် ။

နိုင်ငံတကာ ပွဲစဥ်တွေ ပြီးဆုံးသွားပြီး ပရီးမီးယားလိဂ် ပွဲစဥ်တွေ ပြန်လည် ကစားရမဲ့ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝက်ဖို့ဒ် ၊ ဗီလာ ရီးယဲ ၊ ချဲလ်ဆီး အသင််းတွေနဲ့ အဝေးကွင်း ပွဲစဥ် သုံးပွဲဆက် ကစားသွားရဖို့ ရှိနေပြီ အာဆင်နယ် နဲ့ ဆက်လက် ရင်ဆိုင်ရပါလိမ့်မယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင််းဟာ အောက်တိုဘာလ အတွင်း ရလဒ်တွေ တည်ငြိမ်မှု မရှိခဲ့တဲ့ အတွက် ဖိအားတွေအောက် ရောက်ရှိနေခဲ့တဲ့ နည််းပြ ဆိုးလ်ရှားဟာ ဒီပွဲတွေမှာ တက်နိုင်သလောက် တည််ငြိမ်တဲ့ ရလဒ် ရရှိအောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက်ဟာ ဒီရာသီ အိမ်ကွင်းထက် အဝေးကွင်း ပွဲစဥ်တွေမှာ ရလဒ်တွေ သိသိသာသာ တိုးတက်ကောင်းမွန်နေခဲ့တဲ့ အတွက် မာတစ်က ရလဒ်ကောင်းတွေ ပြန်လည် ပိုင်ဆိုင်နိုင်ရေး အတွက် ဝက်ဖို့ဒ် နဲ့ ပွဲမှာ အကောင်းဆုံး စတင်နိုင်ဖို့ လိုအပ်တယ်လို့ ယုံကြည်နေခဲ့တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော်တို့ဟာ ဝက်ဖို့ဒ် အသင်းနဲ့ တကယ့်ကို ခက်ခဲတဲ့ ပွဲစဥ် တစ်ပွဲ ကစားသွားရဖို့ ရှိနေပါတယ် ။ အဲ့တာ ပြီးရင်တော့ ဗီလာ ရီးယဲ အသင်း နဲ့ အဝေးကွင်း ပွဲစဥ် ၊ ပြီးရင်် ချဲလ်ဆီး အသင်းနဲ့ နောက်ထပ် အဝေးကွင်း ပွဲစဥ်တွေပေါ့ဗျာ ”

” တကယ့်ကို အလုပ်ရှုပ်ရမဲ့ ရက်သတ္တပါတ်ပါ ။ ဒီလို အပါတ်မှာ အနိုင် ရလဒ်နဲ့ စတင်နိုင်ဖို့ ဆိုတာက တစ်ကယ်ပဲ အရေးကြီးလှပါတယ် ။ အဟုန် တစ်ခုကို တည်ဆောက်နိုင်ဖို့ ၊ တစ်ပွဲထက် တစ်ပွဲ ပိုကောင်းတဲ့ အသင်း တစ်သင််း ဖြစ်နိုင်ဖို့က တကယ်ပဲ အရေးကြီးလှပါတယ် ”

” မကြာခင် ခရစ္စမတ် လာပါတော့မယ် ။ အဲ့တာပြီးရင် ဘောက်ဆင်ဒေးပေါ့ ၊ အဲ့တာတွေက အရမ်း အရမ်းကို အလုပ်များတဲ့ ရက်စွဲတွေ ပါပဲ ။ ကျွန်တော်တို့ ပွဲစဥ်တွေ အများကြီး ကစားကြရဖို့ ရှိနေပါတယ် ။ အဲ့တာတွေအတွက်် အသင့်ဖြစ်နေဖို့ လိုအပ်တယ်လေ ”

” နိုင်ငံတကာ အားလပ်ရက်တွေကို အနားယူရက် အဖြစ် အသုံးချနိုင်ဖို့က အရမ်းပဲ အရေးကြီးလှပါတယ် ။ ဒါဟာ ခန္တာကိုယ်ကို အနားပေးဖို့ ၊ အားမွေးဖို့ ၊ လာမဲ့ ပွဲစဥ်တွေ ၊ စိန်ခေါ်မှုတွေ အတွက် အသင့်ရှိနေဖို့ တကယ်ပဲ လိုအပ်လှပါတယ် ”

” ပရီးမီးယားလိဂ် ခက်ခဲတာ ခင်ဗျားတို့ သိပြီးသားပါ ။ ကျွန်တော်တို့မှာ ချန်ပီယံလိဂ် ၊ FA ဖလား ပြိုင်ပွဲတွေလည််း ရှိနေပါသေးတယ် ။ ဒါ့ကြောင့် လာမဲ့ ရက်သတ္တပါတ်တွေမှာ ကျွန်တော်တို့ဟာ ခက်ခဲတဲ့ ပွဲစဥ် ဇယားတွေကို ကြုံတွေ့ရမှာ အသေအချာပါပဲ ” လို့ မာတစ် က ပြောခဲ့လိုက် ပါတယ် ။

#Sports_Myanmar