ပေါ်တူဂီ အသင်း ကမ္ဘာ့ဖလား Play-off ကစားရတာဟာ ရိုနယ်ဒို အတွက် ဘယ်လို အကျိုးရှိစေတာလဲ ?

ပေါ်တူဂီ လက်ရွေးစင် ဘောလုံး အသင်းဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို တိုက်ရိုက် ခြေစစ်ပွဲ မအောင်ခဲ့ ပါဘူး ။

အုပ်စု နောက်ဆုံး ပွဲစဉ်မှာ သရေ ကျရုံနဲ့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မှာ ဖြစ်ပေမယ့် ဆားဘီးယား ကို ပေါ်တူဂီ မြေ ၊ ပေါ်တူဂီ ကွင်း ၊ ပေါ်တူဂီ ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ ရှုံးနိမ့် ခဲ့ရ ပါတယ် ။

ဒီ ရှုံးနိမ့်မှု ဟာ ပေါ်တူဂီ ကို ကမ္ဘာ့ဖလား မျှော်လင့်ချက် အတွက် Play-off ကစားရဖို့ ဖြစ်လာ စေခဲ့ပြီး ကံဆိုးပါက ခြေစွမ်းကောင်းတဲ့ အသင်းတွေ နဲ့ အတူ ယှဉ်လု ရဖို့ ဖြစ်လာ နိုင်ပါတယ် ။

ဆားဘီးယား ကို ရှုံးနိမ့်တဲ့ ပွဲ အပြီးမှာ ပေါ်တူဂီ အသင်း ခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒို တယောက် ကွင်းထဲမှာ ဝမ်းနည်း ပက်လက် နဲ့ မျက်ရည် ကျခဲ့တာကို မြင်တွေ့ ခဲ့ရ ပါတယ် ။

အသက် ၃၆ နှစ် ရှိပြီ ဖြစ်တဲ့ ရိုနယ်ဒို အတွက် ဒီ ကမ္ဘာ့ဖလား ဟာ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာနိုင်တာကြောင့် ဒီပြိုင်ပွဲကို ဝင်ခွင့် မရ သေးတာဟာ ရိုနယ်ဒို အတွက် ကြီးမားတဲ့ စိတ်ထိခိုက် စရာ ဖြစ်စေမှာ အမှန် ပါပဲ ။

ဒါပေမယ့် တဘက် မှာတော့ မှတ်တမ်း တခု ဟာ ခြေစစ်ပွဲ ( Play-off ) ဆက် ကစားရဦးမယ့် ရိုနယ်ဒို ကို အားတက် စေဖို့ စောင့်ကြိုလို့ နေပါတယ် ။

အဲ့ဒါ ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ သမိုင်း တလျောက် ခြေစစ်ပွဲ အဆင့်မှာ ဂိုးအများဆုံး သွင်းယူထားတဲ့ စံချိန် မှတ်တမ်း တခုပါပဲ ။

လက်ရှိ မှာ ဒီစံချိန်ကို ဂွာတီမာလာ လက်ရွေးစင် ကစားသမားဟောင်း ကားလိုစ့် ရုဇ် က ပိုင်ဆိုင် ထားတာပဲ ဖြစ်ပါတယ် ။

ကားလိုစ့် ရုဇ် ဟာ ၁၉၉၈ ကနေ ၂၀၁၆ အထိ ဂွာတီမာလာ လက်ရွေးစင် အသင်းမှာ ကစားခဲ့သူပါ ။

ဂွာတီမာလာ ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကို တကြိမ်မှ မအောင်မြင်ခဲ့ ပေမယ့် ကားလိုစ့် ရုဇ် ကတော့ သွင်းဂိုး ၃၉ ဂိုး နဲ့ ခြေစစ်ပွဲ တွေမှာ ဂိုးသွင်း အများဆုံး စံချိန်ပိုင်ရှင် ဖြစ်လာခဲ့ ပါတယ် ။

ဒီစံချိန် နဲ့ အနီးဆုံးကတော့ ခရစ္စတီယာနို ရိုနယ်ဒို ဖြစ်ကာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွေမှာ ၃၆ ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ ပါတယ် ။ အကယ်၍ လာမယ့် Play-off ပွဲစဉ်မှာသာ ရိုနယ်ဒို ၃ ဂိုး သွင်းနိုင်မယ် ဆိုရင် ကားလိုစ့် ရုဇ် ရဲ့ စံချိန် ကို ပူးတွဲ ပိုင်ဆိုင်ခွင့် ရရှိ သွားမှာပါ ။

ရိုနယ်ဒို ဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက အလီဒါယီ ရဲ့ နိုင်ငံ တကာ လက်ရွေးစင် ကစားသမား ဘ၀ ဂိုး အများဆုံး သွင်းယူသူ စံချိန်ကို ချိုးဖျက် ပြီး စံချိန်သစ် ပိုင်ရှင် ဖြစ်လာခဲ့ ပါတယ် ။

ပေါ်တူဂီသားကြီး ဟာ လက်ရွေးစင် အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာလည်း ၆ ဂိုး အထိ သွင်းပေးထားခဲ့ ပါတယ် ။

ဥရောပ ဇုန် Play-off မဲခွဲပွဲ ကို ဒီလ ၂၆ ရက်နေ့မှာ ပြုလုပ် သွားမှာ ဖြစ်ပြီး ပေါ်တူဂီ ရဲ့ အနာဂါတ် ကိုတော့ အဆိုပါ မဲခွဲပွဲ အပြီးမှာ သိရှိရ တော့မှာပါ ။

၃၆ နှစ် ရှိနေပြီ ဖြစ်တဲ့ ရိုနယ်ဒို အတွက် နောက်ထပ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကို ဝင်ကစားဖို့ ဆိုတာ အလားအလာ နည်းနေပါပြီ ။

ဒါကြောင့် သူ့ရဲ့ နောက်ဆုံး အခွင့်အရေးတောင် ဖြစ်လာနိုင်တဲ့ ဒီ Play-off မှာ ရိုနယ်ဒို တယောက် ဂိုးတွေ သွင်းပြီး ( အနည်းဆုံး ၃ ဂိုး ) ကားလိုစ့် ရုဇ် ရဲ့ စံချိန် ကို လိုက်မီ / ကျော်ဖြတ် သွားနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေမှာပါ . . .

ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ဂိုးအများဆုံး သွင်းယူထားသူ ၁၀ ဦး –

၁ ။ ကားလိုစ့် ရုဇ် ( ဂွာတီမာလာ ) – ၃၉ ဂိုး ( အနားယူ )

၂ ။ ခရစ္စတီယာနို ရိုနယ်ဒို ( ပေါ်တူဂီ ) – ၃၆ ဂိုး

၃ ။ အလီဒါယီ ( အီရန် ) – ၃၅ ဂိုး ( အနားယူ )

၄ ။ ရောဘတ် လီဝန်ဒေါ့စကီး ( ပိုလန် ) – ၂၉ ဂိုး

၅ ။ ကာရင် ဘက်ဟီရီ ( အီရန် ) – ၂၈ ဂိုး ( အနားယူ )

၆ ။ ကာဇု မီယူရာ ( ဂျပန် ) – ၂၇ ဂိုး ( လက်ရွေးစင်မှ အနားယူ ၊ ဘောလုံးဆက်ကစားနေဆဲ )

၇ ။ လီယွန်နယ် မက်ဆီ ( အာဂျင်တီးနား ) – ၂၇ ဂိုး

၈ ။ အန်ဒရီ ရှက်ဗ်ချန်ကို ( ယူကရိန်း ) – ၂၆ ဂိုး ( အနားယူ )

၉ ။ လူးဝစ် ဆွာရက် ( ယူရဂွိုင်း ) – ၂၆ ဂိုး

၁၀ ။ တင် ကာဟေး ( သြစတြေးလျ ) – ၂၅ ဂိုး ( အနားယူ )

 

SPORTS MYANMAR