ပေါ့ဘာ ကို မလိုချင်တော့တဲ့ ရီးရဲ ၊ နည်းပြနေရာအတွက် ယူနိုက်တက် ရဲ့ ပစ်မှတ်သစ် ၊ မှတ်တမ်းသစ် စိုက်ထူတဲ့ ဘိုင်ယန် တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ရီးရဲ မက်ဒရစ် အသင်းဟာ လာမယ့် နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကို ခေါ်ယူဖို့ စိတ်မဝင်စား တော့ဘူးလို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ပေါ့ဘာ ဟာ ယူနိုက်တက် နဲ့ စာချုပ် သစ်ချုပ်ဆိုဖို့ ကြန့်ကြာ နေသူဖြစ်ပြီး နွေရာသီမှာ သက်တမ်းကုန်ဆုံးမယ့် ကစားသမား ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီ အကုန်မှာ ခန့်အပ်မယ့် အမြဲတမ်း နည်းပြ ရာထူး အတွက် စပို့တင်း လစ္စဘွန်း နည်းပြ ရူဘင် အမိုရင် ကို စိတ်ဝင်စား လာတယ်လို့လည်း သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

ယူနိုက်တက် ကို ယာယီ ကိုင်တွယ်မယ့် ရပ်ဖ် ရန်းနစ် ကတော့ ဗီဇာ ကိစ္စ တွေ ကြာမြင့်ဦးမှာ ဖြစ်တာကြောင့် လာမယ့် ကြားရက်မှာ ကစားမယ့် အာဆင်နယ် နဲ့ ပွဲ မတိုင်ခင် အသင်းကို ကိုင်တွယ် ဖြစ်ဖို့ အလားအလာ နည်းပါးတယ် လို့ သိရ ပါတယ် ။

ရန်းနစ် ရောက်ရှိလာမှုဟာ ဒေါ့မွန် တိုက်စစ်မှူးလေး အာလင်း ဟာလန်း ကို ခေါ်ယူရာမှာ ပြိုင်ဘက်တွေ ထက် အသာ ရရှိ စေလိမ့်မယ် လို့လည်း မန်ချက်စတာ ယူနိုက်တက် က ယူဆထားတယ် လို့ သိရ ပါတယ် ။

အာဆင်နယ် တိုက်စစ်မှူး လာကာဇက် ကတော့ သူ့ရဲ့ အေးဂျင့် နဲ့ သူတို့ဟာ ( အာဆင်နယ် မဟုတ်တဲ့ ) အခြား အရာတွေ ကို ရှာဖွေ စဉ်းစား နေတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

လာကာဇက် နဲ့ အာဆင်နယ် တို့ရဲ့ စာချုပ်ဟာလည်း ရာသီအကုန်မှာ သက်တမ်းပြည့်မှာ ဖြစ်ပါတယ် ။

ဘရန့်ဖိုဒ့် နည်းပြ သောမတ်စ် ဖရန့် ကတော့ နည်းပြတွေကို လွယ်လွယ် ထုတ်ပယ်နေတဲ့ ကလပ် အသင်းတွေကို ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။

ဒီရာသီ ပရီးမီးယားလိဂ် မှာ ဆိုးရှား ၊ နူနို ဆန်းတိုစ့် အပါအဝင် နည်းပြ အများအပြား ထုတ်ပယ် ခံထားရပြီး ဖြစ်ပါတယ် ။

ယမန်နေ့ ညက ကစားခဲ့တဲ့ စပိန် လာလီဂါ ပွဲစဉ် မှာတော့ ဘာစီလိုနာ ဟာ နည်းပြသစ် ဇာဗီ လက်ထက် မှာ နောက်ထပ် နိုင်ပွဲ ထပ်မံ ရရှိ ခဲ့ပါတယ် ။

ဘာစီလိုနာ ဟာ အဝေးကွင်းမှာ ဗီလာရီးရဲ ကို ၃-၁ နဲ့ အနိုင် ကစားခဲ့ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ ယူဗင်တပ် ဟာ အိမ်ကွင်းမှာ အတ္တလန်တာ ကို ၁ – ၀ နဲ့ ရှုံးနိမ့် ခဲ့ပါတယ် ။ ဒါဟာ ဒီရာသီမှာ သူတို့ အတွက် ( ပြိုင်ပွဲစုံ ) ၉ ပွဲမြောက် ရှုံးနိမ့်မှုလည်း ဖြစ်စေခဲ့ပါတယ် ။

အင်တာ မီလန် ကတော့ အဝေးကွင်းမှာ ဗီနီဇီယာ ကို ၂ – ၀ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

ဂျာမန်ဘွန်ဒစ်လီဂါ မှာတော့ ဒေါ့မွန် ဟာ အဝေးကွင်းမှာ ဝုဖ်ဘတ် ကို ၃-၁ နဲ့ အနိုင် ရရှိခဲ့ပြီး ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ ဟာလန်း ဟာ လူစားလဲဝင် အပြီးမှာ ၁ ဂိုး သွင်းယူပေး နိုင်ခဲ့ ပါတယ် ။

ဘိုင်ယန်မြုးနစ် ကတော့ အာမေးနီးယား ကို ၁ – ၀ နဲ့ အနိုင် ကစား အပြီးမှာ ဘွန်ဒစ်လီဂါ ရဲ့ ပြက္ခဒိန် တနှစ် အတွင်း ဂိုးအများဆုံး သွင်းယူနိုင်တဲ့ စံချိန်ဟောင်းကို ၁၀၂ ဂိုးနဲ့ ကျော်ဖြတ်ကာ မှတ်တမ်းသစ် ရေးထိုး လိုက်ပြီ ဖြစ်ပါတယ် ။

 

SPORTS MYANMAR