ပိုချက်တီနိုဟာ အကျော်အမော် နည်းပြ တစ်ဦး မဟုတ်ဘူးလို့ ယူနိုက်တက်ကို ပြောလိုက်တဲ့ စပါး တိုက်စစ်မှူးဟောင်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့ တုန်းက ဝက်ဖို့ဒ် အသင်းကို အဝေးကွင်းမှာ ပထမပိုင်း အပြီီး 2 – 0 ၊ ပွဲစဥ် အပြီး 4 – 1 ဆိုတဲ့ ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ဖိအားတွေအောက် ကျရောက်နေခဲ့တဲ့ နည်းပြ ဆိုးလ်ရှားဟာ 5 နာရီ အကြာမှာပဲ အသင်းနဲ့ လမ်းခွဲခဲ့လိုက်ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရီးယဲ မက်ဒရစ် နည်းပြဟောင်း ဇီဒန်း ၊ PSG နည်းပြ ပိုချက်တီနို ၊ အေဂျက်ဇ် နည်းပြ အဲရစ် တန်ဟတ် ၊ လက်စတာ စီးတီး အသင်း နည်းပြ ဘရန်ဒန် ရော်ဂျာ တို့ဟာ သတင််းတွေ ထွက်ခဲ့ကြပါသေးတယ် ။

ဒါပေမဲ့ အခုအချိန်မှာတော့ ယူနိုက်တက် နည်းပြသစ် ဖြစ််လာဖို့ အတွက် PSG အသင်းမှာ သိပ်ပြီး မပျော်မရွှင် ဖြစ််နေခဲ့တဲ့ ၊ ပရီးမီးယားလိဂ် အတွေ့အကြုံကို တော့တင်ဟမ် ဟော့ စပါး အသင်း နဲ့ ပိုင်ဆိုင်ခဲ့တဲ့ ပိုချက်တီနို က ရေပန််း အစားဆုံး ဖြစ်လာခဲ့ပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက် ပရိသတ် အမျာစုကလည်း တော့တင်ဟမ် ဟော့ စပါး အသင်းကို ကိုင်တွယ်် ခဲ့စဥ် တုန်းက အသင်းကို တစ်ဆင့် မြင့်အောင် မြှင်တင် ပေးနိုင်ခဲ့တဲ့ ပိုချက်တီနို ကို နည်းပြသစ် အဖြစ် မြင်တွေ့ လိုချင် နေခဲ့ကြ ပါတယ် ။

ဒါပေမဲ့ တော့တင်ဟမ် ဟော့ စပါး နဲ့ အင်္ဂလန် လက်ရွေးစင်် အသင်းတွေရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ ဒါးရင်းဘန့် ကတော့ ပိုချက်တီနိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ်မြှင့်တင်ပေးနိုင်မယ့် အ​ကျော်အမော် နည်းပြမျိုး မဟုတ်ဘူးလို့ ယုံကြည်နေပါတယ် ။

” ကျွန်တော် ကတော့ ပိုချက်တီနို ဆိုတာ အကျော်အမော် နည်းပြ တစ်ဦး မဟုတ်ဘူးလို့ ထင်မှတ်နေဆဲ ပါပဲ ။ ကျွန်တော်် ဆိုလိုချင်တာက သူ ရုန်းကန် နေခဲ့ရတဲ့ အခိုက်အတန့်တွေကိုပဲ ကြည့်လိုက်ကြပါ ”

” အဲ့တာနဲ့ ပတ်သက်ရင်တော့ ဒန်နီ မာဖီ ​​ပြောဆိုခဲ့တာကို ကျွန်တော့်ဖက်မှ အပြည့်အဝ ထောက်ခံ ပါတယ် ။ သူဟာ အကျော်အမော် ကစားသမား တွေကို ကိုင်တွယ်နည်းပြ နိုင််တဲ့ အကျော်အမော် နည်းပြ တစ်ဦး ဖြစ်ကြောင်းကို သက််သေပြဖို့ လိုအပ်နေသေးဆဲ ပါပဲ ”

” ကျွန်တော် ဆိုလိုချင်တာက သူဟာ ရုန်းကန်နေရဆဲပဲ ဆိုတဲ့ ပုံစံမျိုး ပေါ်လွင် နေခဲ့ပါတယ် ။ သူ အခုထက်ထိ နေမာ ၊ အက်ဘက်ပီ ၊ မက်ဆီ တို့ကို တည်ငြိမ်မှု တစ်ခုနဲ့ ကစားစေနိုင်အောင် ဦးဆောင် ပေးနိုင်စွမ်း မရှိခဲ့သေးဘူး ဆိုတာ သိသာနေခဲ့ပါတယ် ” လို့ ဒါးရင်းဘန့် က ပြောခဲ့လိုက် ပါတယ် ။

ဒါးရင်းဘန့် ပြောခဲ့သလိုပဲ ဒီရာသီမှာ PSG အသင်းဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး ၊ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်ကို ပိုင်ဆိုင်ထားခဲ့ပေမဲ့ အသင်းတိုင်း ရွံ့ကြောက် နေရမဲ့ အသင်းမျိုး ဖြစ်မလာနိုင်ခဲ့သေးပါဘူး ။ ပိုချက်တီနိုဟာ သူတို့ သုံးဦးလုံး ခြေစွမ်းပြနိုင်အောင် လုပ်ပေးနိုင်စွမ်း ကင်းမဲ့နေဆဲပါပဲ ။

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာလည်း ရော်နယ်ဒိုလို ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ရှိနေသလို အလားအလာကောင်းတွေ ပိုင်ဆိုင်ထားကြတဲ့ ရပ်ရှ်ဖို့ ၊ ဆန်ချို ၊ ဘရူနို ၊ ပေါ့ဂ်ဘာ နဲ့ ဂရင်းဝုဒ် တို့လို ကစားသမားတွေ ရှိနေကြပါတယ် ။

ဒါ့ကြောင့် ပိုချက်တီနိုဟာ ဒီလို ကစားသမားတွေရဲ့ အရည်အသွေးတွေကို ပိုမိုတောက်ပြောင်အောင် လုပ််ဆောင်ပေးနိုင်မလား ၊ အသင််းကို ဆုဖလား အောင်မြင်မှုတွေ ရယူပေးသွားနိုင်ပါ့မလားဆိုတာက ကြိုသိဖို့ ခက်ခဲလှပါတယ် ။

#Sports_Myanmar