ပရီးမီးယားလိဂ် title race မှာ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ရဲ့နောက် လီဗာပူးတို့ ပြတ်ကျန်သွားနိုင်တဲ့ အကြောင်းရင်းကို ထုတ်ဖော်လိုက်တဲ့ ရီဆား

လီဗာပူး ဘယ်နောက်ခံလူဟောင်း ဖြစ်သူ ဂျွန်အာနီရီဆားက သူ့ရဲ့ အသင်းဟောင်းဟာ ပရီးမီးယားလိဂ် title race မှာ မန်ချက်စတာစီးတီး နဲ့ ချဲလ်ဆီး တို့ကို သူတင်ကိုယ်တင် ယှဉ်ပြိုင်သွားရန် လုံလောက်တဲ့ အရန်အင်အား ရှိမနေဘူးလို့ စိုးရိမ်စွာနဲ့ ပြောလိုက်ပါတယ်။ ကလော့ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၀က်ဟမ်းကို အဝေးကွင်းမှာ ၃-၂ နဲ့ ရှုံးကာ ဇယားထိပ်မှာ ဦးဆောင်နေတဲ့ ချဲလ်ဆီးရဲ့အောက် ၄ မှတ်အကွာ အဆင့် ၄ နေရာကို ကျဆင်းသွားခဲ့ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း အရန်အင်အားတောင့်တင်းမှု မရှိတာကြောင့် အဓိက ကစားသမားတွေ ဒဏ်ရာ ပြသနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ရုန်းကန်ခဲ့ရပြီး ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ အတွက် အသဲအသန် လုပ်ခဲ့ရပါတယ်။ ဒီရာသီမှာလည်း လီဗာပူးဟာ ကွင်းလယ်ပိုင်း ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန်နေရတာကြောင့် အသင်းရဲ့ ကစားပုံ အပေါ် သက်ရောက်မှုတွေ ရှိစေခဲ့ကာ ရမှတ်တွေ ဆုံးရှုံးမှု ရှိနေပါတယ်။

ရီဆားက လီဗာပူး အနေနဲ့ ပြီးခဲ့တဲ့ရာသီကလိုမျိုး ဒဏ်ရာပြသနာ အကျပ်အတည်းကို ထပ်မံ ရင်ဆို်င်ရမယ် ဆိုရင် ဆက်လက် ရုန်းကန် ရနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ရီဆားက “လီဗာပူးရဲ့ အရန်အင်အား တောင့်တင်းမှု မရှိတဲ့ အပေါ် ကျွန်တော် အနည်းငယ် စိုးရိမ်မိပါတယ်။ ကျွန်တော်တို့ အနေနဲ့ အဓိက ကစားသမားတွေကို ဆုံးရှုံးခဲ့ရမယ် ဆိုရင် သူတို့ နေရာကို အစားထိုး ကစားနိုင်မယ့် ထိပ်တန်း ကစားသမားတွေ အရန် လူစာရင်းမှာ ရှိမနေပါဘူး။ ပြီးခဲ့တဲ့ ရာသီကလိုမျိုး ဗန်ဒိုက် နဲ့ အခြား ကစားသမား တစ်ချို့ကို ဆုံးရှုံးလိုက်ရတဲ့ အခါ လီဗာပူးတို့ ရုန်းကန်ခဲ့ရတာကို အားလုံး မြင်တွေ့ ခဲ့မှာပါ။

ဒီနှစ်မှာလည်း ဒီလိုမျိုး ဒဏ်ရာပြသနာ အကျပ်အတည်း ထပ်တွေ့မှာကို ကျွန်တော် ကြောက်နေပါတယ်။ အဓိက ကစားသမားတွေ ဒဏ်ရာရ ပွဲပယ်ခံရတဲ့ အချိန် နဲ့ အာဖရိကဖလား ပြိုင်ပွဲအတွက် မာနေး ဆာလား နဲ့ ကီတာ တို့ကို လက်လွှတ်ပေးရမယ့် အချိန်ရောက်ရင် လီဗာပူးတို့ title race ကနေ လွှင့်ထွက်သွားမှာကို ကျွန်တော် အနည်းငယ် စိုးရိမ်နေပါတယ်။ ကျွန်တော်တို့ဟာ မန်ချက်စတာစီးတီး နဲ့ ချဲလ်ဆီး တို့နဲ့ title race မှာ ကာလရှည် ယှဉ်ပြိုင်သွားဖို့ အတွက် လုံလောက်တဲ့ အရန်အင်အား ရှိမနေပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ဒီရာသီမှာလည်း လီဗာပူးဟာ ရာသီအစပိုင်းမှာတင် ကွင်းလယ်လူ ဟာဗေးအယ်လီယော့ကို ခြေကျင်း၀တ်ကျိုးသွားတဲ့ ဒဏ်ရာကြောင့် ကာလရှည် လက်လွှတ်ခဲ့ရပြီး ဖြစ်ပါတယ်။ တီယာဂိုအယ်ကန်တာရာ ကလည်း ပြီးခဲ့တဲ့ စနေနေ့က ၀က်ဟမ်းနဲ့ ပွဲစဉ်မှာ လူစား၀င် ကစားသွားခဲ့ပေမယ့်လည်း ခြေသလုံး ကြွက်သားဒဏ်ရာကြောင့် ၁ လခွဲကျော် နားခဲ့ရပါတယ်။ ကွင်းလယ်လူ ဖာဘင်ညိုကလည်း ဒီရာသီ လီဗာပူးရဲ့ ပွဲစဉ် တော်တော်များများကို လွဲချော်ထားခဲ့သူ ဖြစ်ကာ ဖာမီနို ကလည်း ပြင်းထန်တဲ့ ဒူးကောက်ကြော ဒဏ်ရာကြောင့် အနည်းဆုံး ၁ လလောက် နားသွားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကလော့ အတွက် အားတက်စရာ ကတော့ နိုင်ငံတကာ ပွဲစဉ်တွေ အပြီး အာဆင်နယ်နဲ့ ပွဲစဉ် မတိုင်မီ မီနာ ၊ ကီတာ ၊ ကာတစ်ဂျုံး တို့လို ကွင်းလယ်လူတွေ ပြန်ကစားပေးနို်င်တော့မယ့် အချက်ပဲ ဖြစ်ပါတယ်။

SM