နော်ဝေပြန်သွားတဲ့ ဆိုးရှား ၊ လက်ရွေးစင်မှာ ပါလာတဲ့ စမစ်ရို ၊ ရှီဗာ လိုချင်တဲ့ EPL စတားတို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ အိုလေ ဂန်နာ ဆိုးရှားတို့ မိသားစုဟာ ယမန်နေ့က မန်ချက်စတာ ကနေ မိခင် နိုင်ငံ နော်ဝေကို ပြန်သွား ခဲ့ကြတယ်လို့ သိရ ပါတယ် ။ ရလဒ်ဆိုးတွေ ကြုံတွေ့ နေရပြီး ဖိအားတွေ ဝင်နေတဲ့ ဆိုးရှား ဟာ နိုင်ငံတကာ ပွဲစဉ် ရက်သတ္တပတ် မှာ အသင်းသားတွေ ကို တပတ် အနားပေး ခဲ့တာကြောင့် အားလုံး အံ့အား သင့်ခဲ့ရတယ် လို့လည်း သိရ ပါတယ် ။

မန်ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကတော့ ပြင်သစ် အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ် မှာ ပေါင်ကြွက်သား ဒဏ်ရာ ရရှိ သွားခဲ့ပုံ ရပြီး အိမ်ပြန် နားခဲ့ ရတယ်လို့ သိရှိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နည်းပြ အဖြစ် ကနေ ထုတ်ပယ် ခံလိုက်ရတဲ့ နည်းပြဟောင်း နူနို ဆန်းတိုစ့် က ဘောလုံး ဟာ အညှာအတာ ကင်းမဲ့ဆုံး အားကစားနည်း တခု ဖြစ်လာခဲ့ပြီလို့ ဆိုခဲ့ပြီး သူ့ အနေနဲ့ အချိန်ပေးပါက စပါး ကို ပိုမို တိုးတက်အောင် လုပ်ဆောင် နိုင်မှာ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် ဟာ ဘာပေ ရဲ့ လုပ်ခ လစာ ( နွေရာသီမှာ အလွတ် နဲ့ ခေါ်ယူပြီးပါက ) နဲ့ အာလင်း ဟာလန်း ကို ခေါ်ယူရေး အတွက် ပေါင် သန်း ၉၀ ကျော် ရရှိဖို့ စဉ်းစား နေပြီး ဟာဇက် ၊ အစ္စကို ၊ ဘေးလ် နဲ့ လူကာ ဂျိုဗစ် တို့ကို လာမယ့် ဇန်နဝါရီ မှာ ရောင်းထုတ် သွားဖို့ စိတ်ကူး နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေး ရက်ဖိုဒ့် နဲ့ ဆောက်သမ်တန် ကွင်းလယ်လူ ဂျိမ်းစ်ဝက် ပရောက် တို့ဟာ ဒဏ်ရာတွေကြောင့် အင်္ဂလန် လက်ရွေးစင် လူစာရင်း ကနေ နှုတ်ထွက် သွားခဲ့ကြပါတယ် ။

ဒါကြောင့် နည်းပြ ဆောက်ဂိတ် ဟာ အာဆင်နယ် နဲ့ ဒီရာသီမှာ ခြေစွမ်းပြ နေတဲ့ လူငယ်လေး အီမီလ် စမစ်ရို ကို လက်ရွေးစင် အသင်းကြီး အတွက် ပထမဆုံး အကြိမ် အဖြစ် ဆင့်ခေါ် ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ချဲလ်ဆီး အသင်းဟာ အက်သလက်တီကို မက်ဒရစ် ကနေ အငှား နဲ့ ခေါ်ယူ ထားတဲ့ စပိန် ကွင်းလယ်လူ ဆာအူးလ် နီဂွက် ကို အသင်းနဲ့ အံ့မဝင်မှုကြောင့် ဇန်နဝါရီ မှာတင် အေတီကို မက်ဒရစ် ထံ ပြန်ပို့ဖို့ စိတ်ကူး နေတယ်လို့ ကြားသိရ ပါတယ် ။

ဒဏ်ရာ နဲ့ ကြံ့ခိုင်ရေး အားနည်းနေမှုကြောင့် PSG တို့ အသုံးမပြုတဲ့ လီယွန်နယ် မက်ဆီ ကို အာဂျင်တီးနား လက်ရွေးစင် နည်းပြ စကာလိုနီ က လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ အတွက် အသုံးပြု ဖို့ စိတ်ကူး နေတယ်လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဂျီနိုအာ နည်းပြသစ် ဖြစ်လာခဲ့တဲ့ အန်ဒရီ ရှက်ဗ်ချန်ကို ဟာ ချဲလ်ဆီး ရဲ့ အမေရိကန် ကွင်းလယ်လူ ခရစ်ရှန် ပူလီဆစ် နဲ့ မန်စီးတီး နောက်ခံလူ ဇင်ချန်ကို တို့ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရှိရ ပါတယ် ။

အက်စတွန် ဗီလာ အသင်းကတော့ ဒီအပတ်ထဲ မှာ ရိန်းဂျားစ် အသင်း နည်းပြ စတီဗင် ဂျရတ် နဲ့ တွေ့ဆုံပြီး ဗီလာ နည်းပြ နေရာအတွက် ဆွေးနွေး သွားမယ်လို့ သိရပါတယ် ။

ကမ္ဘာကျော် ဘောလုံးသမားကြီး ဒီယေဂို မာရာဒိုနာ ( ကွယ်လွန် ) ရဲ့ မိသားစု ဟာ သူတို့ကို အသိမပေးဘဲ နာပိုလီ အသင်းကို မာရာဒိုနာ ရဲ့ ရုပ်ပုံ ပါဝင်တဲ့ အထူး ဂျာစီတွေကို ဝတ်ဆင် ကစားဖို့ ခွင့်ပြု ခဲ့တဲ့ မာရာဒိုနာ ရဲ့ မန်နေဂျာဟောင်း စတီဖာနို ဆီစီ ကို တရားစွဲသွားမယ် လို့ သိရ ပါတယ် ။

ဆီဗီးလား နဲ့ ခရိုအေးရှား ကွင်းလယ်လူ အိုင်ဗန် ရာကီတစ် ကတော့ ရီးရဲ မက်ဒရစ် တိုက်စစ်မှူးကြီး ဘန်ဇီးမား ဟာ ၂၀၂၁ ရွှေဘောလုံး ဆုနဲ့ ထိုက်တန်သူ ဖြစ်ပါတယ် လို့ ပြောဆို ထောက်ခံ သွားခဲ့ ပါတယ် ။

ဘာစီလိုနာ နည်းပြသစ် ဖြစ်လာတဲ့ ဇာဗီ ဟာ လာမယ့် နှစ် အတွင်းမှာ ဘရာဇီး လက်ရွေးစင် အသင်း ရဲ့ နည်းပြသစ် နေရာ အတွက် စကာတင် ရွေးချယ် ခံထားရသူ ဖြစ်ပေမယ့် အသင်းဟောင်း ဘာစီလိုနာ ကိုသာ ပြန်လာဖို့ ရွေးချယ် ခဲ့တာ ဖြစ်တယ်လို့ သိရှိရ ပါတယ် ။

ဒီတပတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ရဲ့ အကောင်းဆုံး အသင်း ကတော့ –

နစ်ပုပ် ( ဘန်လေ )

ရစ်ဆီ ဂျိမ်းစ် ( ချဲလ်ဆီး ) ၊ ဘန်ဝှိုက် ( အာဆင်နယ် ) ၊ ဆာလီဆူ ( ဆောက်သမ်တန် ) ၊ ကန်ဆယ်လို ( မန်စီးတီး )

နောမန်း ( နောဝှစ်ချ် ) ၊ ကိုယာတေး ( ပဲလေ့စ် ) ၊ ဘာနာဒို ဆေးလ်ဗား ( မန်စီးတီး )

ဂယ်လာဟာ ( ပဲလေ့စ် ) ၊ အမ်းစထရောင်း ( ဆောက်သမ်တန် ) ၊ ဖော်နယ်လ်စ် ( ဝက်စ်ဟမ်း ) တို့ပဲ ဖြစ်ကြပါတယ် ။

 

SPORTS MYANMAR