နေရာရချင်လို့ အသင်းဖော်ကို လုပ်ကြံခဲ့တဲ့ တကယ့်အဖြစ်အပျက်

PSG အသင်းဖော် ဟမ်ရာအွိုင်း ကို ဒဏ်ရာရစေဖို့ လူငှား လုပ်ကြံစေခဲ့မှုနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စုံစမ်းမှုကို ခံနေရတဲ့ အမျိုးသမီး အသင်းသူ ဒီရယ်လို ရဲ့ ဖြစ်ရပ်ဟာ ဘောလုံး လောကကြီးကို ထိတ်လန့် စေခဲ့ ပါတယ် ။

ဒီရယ်လို နဲ့ ဟမ်ရာအွိုင်း တို့ဟာ PSG မှာရော ပြင်သစ် အသင်းမှာပါ အသင်းဖော် / နေရာလုဖက် တွေ အဖြစ် ရှိနေကြပြီး ရာအွိုင်း အခုလို ဒဏ်ရာ ရရှိမှုဟာ ဒီရယ်လို ရဲ့ နေရာ ရယူလိုမှုကြောင့် ဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေ ထွက်ပေါ် လာစေခဲ့ ပါတယ် ။

ဘောလုံးလောက အတွက်တော့ ဒီကိစ္စဟာ ထူးဆန်းပြီး အံ့အားသင့်စရာ ကိစ္စ ဖြစ်စေခဲ့ ပါတယ် ။ ဒါပေမယ့် သမိုင်းမှာတော့ ဒီလို ကိစ္စမျိုး တကယ် ရှိခဲ့ဖူး ပါတယ် ။

၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ ၊ အမေရိကန် နိုင်ငံရဲ့ အမျိုးသား နှင်းလျောစီး ပြိုင်ပွဲ မစတင်မီ တညအလိုမှာ နာမည်ကျော် စကိတ်မယ် နန်စီ ကာရီဂန် ဟာ စကိတ်လေ့ကျင့်ရေးကွင်း ကနေ ထွက်လာခဲ့ ပါတယ် ။

အဲ့ဒိ အချိန်မှာ လူတယောက်ဟာ ရဲတပ်ဖွဲ့တွေ သုံးလေ့ ရှိတဲ့ ဆွဲဆန့်တုတ် နဲ့ သူမ ရဲ့ ဒူးကို ရိုက်နှက်ခဲ့ ပါတယ် ။

နန်စီ ကာရီဂန် ဟာ ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲ မဝင် နိုင်တော့ပါဘူး ။

ပြိုင်ပွဲမှာတော့ ကာရီဂန် ရဲ့ အနီးကပ်ဆုံး ပြိုင်ဘက် စကိတ်မယ် တွန်ညာ ဟာဒင်း က ချန်ပီယံ ဖြစ်လာခဲ့ပြီး နော်ေ၀ နိုင်ငံမှာ ကျင်းပမယ့် ၁၉၉၄ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲကို ပါဝင်ခွင့် ရှိခဲ့ ပါတယ် ။

နောက် ၆ ရက် အကြာမှာတော့ အမေရိက ကို လှုပ်ခတ်စေမယ့် သတင်း တခု ပေါ်ထွက် လာခဲ့ပါတယ် ။

တွန်ညာ ဟာဒင်း ရဲ့ ဘော်ဒီဂတ် ဖြစ်သူဟာ ရဲတပ်ဖွဲ့ ရဲ့ စုံစမ်း မေးမြန်းမှုမှာ ကာရီဂန် ကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့ကြောင်း ထုတ်ဖော် ဝန်ခံ ခဲ့ပါတယ် ။

ဒီကိစ္စဟာ ဟိုးလေး တကျော်ကျော် ဖြစ်သွား ခဲ့ပြီး တွန်ညာ ဟာဒင်း အပေါ် မေးခွန်းထုတ်သူတွ ၊ ဝေဖန်ရှုံ့ချမှုတွေ များပြား လာခဲ့ ပါတယ် ။

ဒါပေမယ့် အမေရိက ရေခဲပြင် စကိတ် အဖွဲ့အစည်း ကတော့ အခြားခိုင်လုံတဲ့ သက်သေမတွေ့ ရှိသေးတာကြောင့် တွန်ညာ ဟာဒင်း ကို အိုလံပစ်မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ခွင့်ပြု ခဲ့ရ ပါတယ် ။

ကာရီဂန် တိုက်ခိုက်ခံရ အပြီး ရက်ပေါင်း ၂၀ အကြာမှာတော့ ဒီ ဖြစ်ရပ် ကို အဓိက ကြိုးကိုင် ခဲ့သူ ဂီလိုလီ ( တွန်ညာ ဟာဒင်း ရဲ့ အမျိုးသားဟောင်း ) က ဟာဒင်း နဲ့ သူ အပါအဝင် လူ ၅ ဦးဟာ ဒီတိုက်ခိုက်မှု မှာ ပါဝင်ခဲ့ကြောင်း ထုတ်ဖော် ဝန်ခံ သွားခဲ့ ပါတယ် ။

တွန်ညာ ဟာဒင်း ကတော့ သူမဟာ နှုတ်ကြမ်း စိတ်ကြမ်းသူ တယောက် ဖြစ်ပေမယ့် ဒီလိုမျိုး အားကစားသမား စိတ်ဓါတ် မရှိတဲ့ လုပ်ရပ်မျိုးကို လုံး၀ မလုပ်ခဲ့ကြောင်း ငြင်းဆန်သွားခဲ့ ပါတယ် ။

ပြိုင်ပွဲ နီးကပ်လာချိန် ဖြစ်တာကြောင့် အမေရိက စကိတ် အဖွဲ့အစည်းဟာ တွန်ညာ ဟာဒင်း ကို ပြိုင်ပွဲ ဝင်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ ပါတယ် ။

ပြိုင်ပွဲမှာ တွန်ညာ ဟာ အဆင့် ၈ သာ ရခဲ့ ပါတယ် ။ ခြေထောက် ဒဏ်ရာကြောင့် အမျိုးသား ချန်ပီယံရှစ် ရွှေတံဆိပ် ကို လက်လွှတ်ခဲ့ရတဲ့ ကာရီဂတ် ကတော့ အိုလံပစ် မှာ ငွေတံဆိပ်ဆုရှင် ဖြစ်လာခဲ့ ပါတယ် ။

နောက် ၂ လ အကြာမှာတော့ တွန်ညာ ဟာဒင်း က သူမဟာ ဒီတိုက်ခိုက်မှု ကို သိရှိ ထားခဲ့ကြောင်း ၊ ဒါပေမယ့် ခင်ပွန်းဟောင်း ဖြစ်သူက တိုက်ခိုက်မှု ပြုလုပ်ပြီးမှ ပြောကြားတာကို သိရှိ ခဲ့တာဖြစ်ကြောင်း ဝန်ခံ သွားခဲ့ ပါတယ် ။

အဖွဲ့ချုပ် ဟာ တွန်ညာ ဟာဒင်း ရဲ့ ၁၉၉၄ စကိတ် ချန်ပီယံဆု ကို ပြန်လည် ရုပ်သိမ်း ခဲ့သလို အမေရိကန် အတွင်းမှာ ရှိတဲ့ ဘယ်လို ရေခဲပြင် စကိတ် ပြိုင်ပွဲ ကိုမှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုဖို့ ထာဝရ ပိတ်ပင် ခဲ့ပါတယ် ။ ဒေါ်လာ ၁၆၀၀၀၀ ကိုလည်း ဒဏ်ငွေ ချမှတ်ခဲ့ ပါတယ် ။

တွန်ညာ ကလွဲရင် ဒီတိုက်ခိုက်မှုမှာ ပါဝင် ခဲ့သူ အားလုံး အချုပ်ကျခဲ့ကြ ပါတယ် ။

ဒီဖြစ်ရပ်မှန်ကို ၂၀၁၇ ခုနှစ်မှာ I, Tonya ဆိုတဲ့ အမည်နဲ့ ရုပ်ရှင် ရိုက်ကူးခဲ့ပြီး Suicide Squad မင်းသမီး Margot Robbie က တွန်ညာ ဟာဒင်း အဖြစ် ပါဝင် သရုပ်ဆောင် သွားခဲ့ ပါတယ် ။

 

SM