နိုင်ငံအသင်းပွဲတွေမှာ ခြေစွမ်းပြ ဂိုးတွေသွင်းပြီး တောက်ပခဲ့ကြတဲ့ အာဆင်နယ် ကစားသမား ၁၀ ဦး

လိဂ်ပြိုင်ပွဲတွေ ၊ ဥရောပပြိုင်ပွဲတွေ ခဏ ရပ်နားချိန်မှာ နိုင်ငံပွဲတွေ ကစားခဲ့ကြပြီး အာဆင်နယ် အသင်းက စီနီယာ ကစားသမားတွေရော လူငယ် ကစားသမားတွေပါ ခြေစွမ်းပြ ဂိုးတွေ သွင်းနိုင် ခဲ့ကြပါတယ် ။

နိုင်ငံအသင်းပွဲတွေမှာ ခြေစွမ်းပြ ဂိုးတွေသွင်းပြီး တောက်ပခဲ့ကြတဲ့ အာဆင်နယ် ကစားသမား ၁၀ ဦး ကို ဖော်ပြ ပေးလိုက်ပါတယ် ။

အော်ဘာမီယန်း (ဂါဘွန်)

ဂန်းနား အသင်း ခေါင်းဆောင် အော်ဘာမီယန်း ဟာလည်း လစ်ဗျား နဲ့ ပွဲမှာ ဂါဘွန် အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူ ပေးခဲ့ကာ နိုင်ငံ အသင်းရဲ့ ကမ္ဘာ့ဖလား ဝင်ခွင့် မျှော်လင့်ချက် ဆက်လက် ရှင်သန်အောင် ကူညီ ပေးခဲ့ပါတယ် ။

ဆာကာ ( အင်္ဂလန် )

ဆာကာ ဟာ ဆမ်မာရီနို အသင်းကို ၁၀ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ အင်္ဂလန်လက်ရွေးစင် အသင်းကြီး အတွက် နောက်ဆုံးဂိုးသွင်းယူပေးခဲ့ပြီး ပွဲချိန်ပြည့် ပါဝင် ကစားခဲ့ပါတယ် ။ ဆာကာ ဟာ အင်္ဂလန် လက်ရွေးစင် အသင်းကြီးအတွက် ၁၀ ပွဲ ပွဲထွက် ကစားထားပြီး ၊ ၄ ဂိုးသွင်း ၃ ဂိုးဖန်တီးထားကာ MOTM ၄ ကြိမ် ရထားပါတယ် ။

 

စမစ်ရို ( အင်္ဂလန် )

အင်္ဂလန် အသင်းကြီးမှာ ပထမဆုံး အကြိမ် ရွေးချယ် ခံရတဲ့ စမစ်ရို ဟာ အယ်ဘေးနီးယား ကို ငါးဂိုးပြတ် အနိုင်ရတဲ့ ပွဲမှာ စီနီယာ ပွဲဦးထွက် အဖြစ်လူစားဝင် ကစားခွင့် ရခဲ့ပါတယ် ။ ဆမ်မာရီနို နဲ့ ပွဲမှာတော့ စမစ်ရို ဟာ ပွဲအစကတည်းက ကစားခွင့် ရခဲ့ပြီး တစ်ဂိုးသွင်း တစ်ဂိုးဖန်တီး ပေးခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။

ရမ်စ်ဒဲလ်(အင်္ဂလန်)

ဆန်မာရီနို နဲ့ ပွဲမှာ အင်္ဂလန် အသင်းအတွက် ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရခဲ့တဲ့ ရမ်စ်ဒဲလ် ဟာ ဒီရာသီ သူ့အတွက် နောက်ထပ် clean-sheet ပွဲ တစ်ပွဲကို ထပ်မံ ရယူ နိုင်ခဲ့ပါတယ် ။ ဒါကြောင့် ရမ်စ်ဒဲလ် ဟာ ဒီရာသီ clean-sheet ၆ ပွဲ အထိ ရှိလာ ခဲ့ပါပြီ ။

တီယာနေး(စကော့တလန်)

တီယာနေး ဟာ စကော့တလန် ရဲ့ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး ၂ ပွဲ စလုံးမှာ ပွဲထွက် ကစားခွင့် ရခဲ့ပြီး Clean-sheet ရအောင် ကူညီ ပေးခဲ့ပါတယ် ။ မော်ဒိုဗာ နဲ့ ပွဲမှာဆို ပြိုင်ဘက် ကစားသမား ရဲ့ပင်နယ်တီ ကန်ချက်ကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဂိုးမပေးရအောင် ခက်ခက်ခဲခဲ ကာကွယ် ဖျက်ထုတ် ပေးခဲ့ပါတယ် ။ တီယာနေးရဲ့ စကော့တလန် အသင်းဟာ ကမ္ဘာ့ဖလား play-off ကစားခွင့် ရထားပါတယ် ။

ဘာလိုဂန်(အင်္ဂလန်ယူ၂၁)

လူငယ် တိုက်စစ်မှူး ဘာလိုဂန် ဟာလည်း ချက် ယူ၂၁ နဲ့ ပွဲမှာ အင်္ဂလန် ယူ၂၁ အတွက် ပွဲထွက် ကစားပြီး တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူ နိုင်ခဲ့ပါတယ် ။

တာဗာရက်စ် ( ပေါ်တူဂီ ယူ၂၁ )

ဘယ်နောက်ခံလူ တာဗာရက်စ် ကတော့ ပေါ်တူဂီ ယူ၂၁ အသင်း ဆိုက်ပရပ်စ် ယူ၂၁ အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင်ရတဲ့ ပွဲမှာ ပါဝင် ကစားပြီး Clean-sheet ရယူ ပေးနိုင်ခဲ့ပါတယ် ။

တိုမီယာစု(ဂျပန်)

တိုမီယာစု ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဂျပန် အသင်း အတွက် ပွဲချိန်ပြည့် ပါဝင်ကစားပေးခဲ့ပြီး ဗီယက်နမ် အသင်းကို ၁-၀ နဲ့ အနိုင် ရရှိအောင် စွမ်းဆောင် ပေးခဲ့ပါတယ် ။ တိုမီယာစု ဟာ ဂျပန် အသင်းမှာ left-centre-back အဖြစ် ကစားခဲ့တာ ဖြစ်ပါတယ် ။

အယ်နီနီ(အီဂျစ်)

အယ်နီနီ ဟာလည်း အန်ဂိုလာ အသင်း နဲ့ တစ်ဖက် နှစ်ဂိုးစီ သရေ ကျခဲ့တဲ့ ပွဲမှာ ပွဲချိန်ပြည့် ပါဝင် ကစားခဲ့ပြီး အရေးပါတဲ့ ချေပဂိုး တစ်ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

ဆာလီဘာ (ပြင်သစ်ယူ၂၁)

ဆာလီဘာ ဟာလည်း ပြင်သစ် ယူ၂၁ အသင်းကို အသင်း ခေါင်းဆောင် အဖြစ် ဦးဆောင်ပြီး ၇ ဂိုးပြတ် အနိုင်ရအောင် စွမ်းဆောင် ပေးခဲ့ပါတယ်။

ဆာလီဘာ ဟာ ပြင်သစ် ယူ၂၁ အသင်း နဲ့ လေးပွဲကစားရာမှာ Clean-Sheet ၄ ပွဲ ရထားပါတယ် ။

SM