နိုင်ငံတကာ ပွဲစဥ်တွေ ရှိနေတဲ့ အားလပ်ရက်မှာ အလုပ်တွေ အထူးကြိုးစားနေကြတဲ့ ယူနိုက်တက် ကစားသမား သုံးဦး

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား 3 ဦး ဖြစ်ကြတဲ့ အန်သိုနီ မာရှယ် ၊ နီမန်ဂျာ မာတစ် နဲ့ အဲလက်စ် တဲလက်စ် တို့ဟာ နိုင်ငံတကာပွဲစဥ်တွေ ရောက်ရှိနေစဥ် အားလပ်ရက်တွေ ပိုင်ဆိုင််ထားချိန်မှာ လေ့ကျင့်ရေးတွေကို အချိန်ထုတ်ပြီး ကြိုးစား လုပ်ဆောင်နေကြတယ်လို့ သိလိုက်ရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မြို့ခံ ပြိုင်ဖက် အသင်းဖြစ်တဲ့ မန်စီးတီးကို 0 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ဖိအားတွေအောက် ရောက်နေခဲ့တဲ့ နည်းပြဆိုးလ်ရှားက နိုင်ငံတကာပွဲစဥ်တွေ ရောက်လာချိန် ကစားသမားတွေကို အံ့ဖွယ်အားလပ်ရက် ပေးဆောင်ခဲ့ပါတယ် ။

ဒါ့အပြင် သူကိုယ်တိုင်လည်း မိသားစုနဲ့ အတူ မွေးရပ်မြေ ဖြစ်တဲ့ နော်ဝေးကို ခေတ္တ ပြန်သွားခဲ့ပါတယ် ။ ဒီလို အချိန်မျိုးမှာ ယူနိုက်တက် ကစားသမားတွေ အနေနဲ့ ရှားရှားပါးပါး ရရှိခဲ့တဲ့ အားလပ်ရက်တွေကို မိသားစုနဲ့ အတူနေ ၊ လုပ်ချင်တာတွေ လုပ်ရင်း ဖြတ်သန်းရမှာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ကစားသမား အချို့ကတော့ အသင််းရဲ့ ရလဒ်တွေ အပေါ် စိတ််ပျက်နေကြတဲ့ ပရိသတ်တွေ အားလျော့မသွားအောင် ၊ သူတို့ရဲ့ ကြံ့ခိုင်မှုတွေ ကောင်းသထက် ပိုကောင်းမွန်လာအောင် လေ့ကျင့်ရေး အစီအစဥ်တွေကို အချိန်ပိုယူ ၊ အတိိုးချ လုပ်ဆောင်နေခဲ့ကြတယ်လို့ သိလိုက်ရပါတယ် ။

အဲ့ဒီထဲမှာတော့ ဒီရာသီ ကြံ့ခိုင်မှု ပြသနာ အချို့နဲ့ အတူ ယူနိုက်တက် အသင်းမှာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေခဲ့တဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်လည်း ပါဝင်နေခဲ့ပြီး သူကတော့ စက်ဘီးစီး လေ့ကျင့်ရေးတွေနဲ့ အတူ အပြေးပါ လေ့ကျင့်နေတဲ့ ဗွီဒီယိုဖိုင်ကို လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ။

ပြင်သစ် နိုင်ငံသား တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ အားလပ်ရက် မတိုင်မီ တုန်းက ယူနိုက်တက်တို့ အဲဗာတန် နဲ့ 1 – 1 သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဥ်မှာ အဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပြီး ဒုတိယပိုင်း လူစားလဲခံခဲ့ရတဲ့နောက် အသင်းအတွက် ပြန်လည်် ကစားပေးခွင့် မရခဲ့သူပဲ ဖြစ်ပါတယ် ။

သူဟာ ယူနိုက်တက်တို့ အတ္တလန္တာ ၊ မန်စီးတီး အသင်းတွေနဲ့ ကစားခဲ့တဲ့ ပွဲစဥ်တွေမှာ အရံခုံပေါ် ထိုင်ခွင့် ပြန်လည်် ရရှိခဲ့ပေမဲ့ လူစားဝင် ကစားခွင့်တော့ ပျောက်ဆုံးခဲ့ရပါတယ် ။ အခုတော့ သူဟာ ပွဲထွက်ခွင့်တွေ ပြန်လည် ရရှိဖို့ လေ့ကျင့်ရေး အစီအစဥ်တွေကို ပိုမို ကြိုးစားလုပ်ဆောင််နေပါပြီ ။

နောက်ထပ် အလုပ်တွေကို ကြိုးစားနေသူကတော့ ယူနိုက်တက် ဝါရင့် ကွင်းလယ်လူ နီမန်ဂျာ မာတစ်ပဲ ဖြစ်ပါတယ်် ။ သူကတော့ ဘဲလ်ဂရိတ် က recovery centre မှာ ကြံ့ခိုင််မှုတွေ ပြန်လည်ကောင်းမွန်ဖို့အတွက် ကြိုးစားလေ့ကျင့်နေကြောင်း ပုံရိပ်တွေကို လူမှုကွန်ယက် အထက်မှာ တင််ခဲ့တာပဲ ဖြစ်ပါတယ် ။

မာတစ်ကတော့ အသင်းရဲ့ ကွင်းလယ် ခံစစ် နေရာမှာ ပေါ့ဂ်ဘာ ၊ ဖရက်ဒ် နဲ့ တော်မီနေး တို့ ဦးစားပေး အဖြစ် နေရာ ရရှိနေခဲ့တဲ့ အတွက် လိုချင်သလောက် ပွဲကစားခွင့် မိနစ်တွေ မပိုင်ဆိုင်ခဲ့ရသူပဲ ဖြစ်ခဲ့ရပါတယ် ။ အခုတော့ အသက် 33 နှစ် အရွယ် ကွင်းလယ်လူလည်း လေ့ကျင့်ရေးတွေကို ကြိုးစားလုပ်ဆောင်နေပါပြီ ။

ယူနိုက်တက်မှာ ပွဲထွက်ခွင့်တွေ ရရှိဖို့ ဆက်လက် ကြိိုးစားနေသူ တစ်ဦးကတော့ ဘယ် နောက်ခံလူ အဲလက်စ် တဲလက်စ် ပဲ ဖြစ်ပါတယ် ။ လက်ရှိ အချိန်မှာ လုခ်ရှောဟာ ပုံစံကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတဲ့အတွက် တဲလက်စ် ဟာ ဆက်လက် ကြိုးစားပါက အခွင့်အရေး ရရှိသွားဖွယ် ရှိနေပါတယ် ။

#Sports_Myanmar