နည်းပြသစ်တွေ မျက်နှာပန်းလှမယ်ဆိုတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အတွက် ခန့်မှန်းချက်များ

၂၀၂၁ ရဲ့ နောက်ဆုံးပိတ် နိုင်ငံတကာ ပွဲစဉ် ကာလအပြီး ပြန်လည် စတင်မယ့် ပရီးမီးယားလိဂ် ပွဲတွေ ကတော့ စိတ်ဝင်စားဖို့ အရမ်းကောင်းနေ ပါတယ် ။

ဒီအပတ် မှာ ဗီလာ ၊ နယူးကာဆယ် နဲ့ နောဝှစ်ချ် တို့ဟာ နည်းပြသစ်တွေ နဲ့ စာမျက်နှာသစ်တွေ ဖွင့်ကြမှာပါ ။

စပါး ကလည်း ကွန်တီ ရဲ့ ပထမဆုံး အိမ်ကွင်းပွဲမှာ လိဒ်ယူနိုက်တက် ကို ဧည့်ခံ ကစားရပါမယ် ။

ကင်းပါဝါ က လက်စတာ – ချဲလ်ဆီး ပွဲကလည်း မနှစ်က FA Cup Final ကို ပြန်သတိရချင်စရာပါ ။

အကောင်းဆုံး ကတော့ အန်ဖီးလ် မှာ ကစားမယ့် လီဗာပူး နဲ့ အာဆင်နယ် တို့ရဲ့ ပွဲစဉ်ပါပဲ ။

 

ဒါကြောင့် ဒီတပတ် မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ပေါလ် မာဆွန် ရဲ့ ခန့်မှန်ုး သုံးသပ်ချက်တွေကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

 

၁ ။ လက်စတာ – ချဲလ်ဆီး

နိုင်ငံတကာပွဲတွေ ပြီးလို့ ပြန်စတဲ့ အခါမျိုးတွေမှာ အသင်းတွေ အကြားက ခြေစွမ်းကွာဟမှုတွေ ကျဉ်းမြောင်း သွားတတ် ပါတယ် ။

ဒါပေမယ့် လက်စတာ က အခုချိန်မှာ ခြေစွမ်းပိုင်း မတည်မငြိမ် ဖြစ်နေတဲ့ အချိန်ပါ ။ အသင်းထဲမှာလည်း နည်းပြ ရော်ဂျာ နဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ရာထူး အကြောင်းတွေက ပြောဖြစ်နေကြ ဦးမှာပါပဲ ။

အာဆင်နယ် နဲ့ပွဲက အရှုံးကို လက်စတာ တို့ ပြန်ချေပဖို့ လိုပါတယ် ၊ ဒါပေမယ့် ဒီလို ချေပဖို့ အတွက် ချဲလ်ဆီးက အကောင်းဆုံး အသင်း မဟုတ်နေတာ ကတော့ အသေအချာပါပဲ ။

ကျွန်တော် က တော့ ဒီပွဲကို ချဲလ်ဆီး နိုင်မယ်လို့ ထင်ပါတယ် ။ ဘန်လေ နဲ့ တုန်းက အမှားလိုမျိုးကို ထပ်ပြီး မလုပ်မိဘူး ဆိုရင်ပေါ့ ။

မာဆွန် ရဲ့ ခန့်မှန်းချက် – လက်စတာ ၁ – ၂ ချဲလ်ဆီး ဖြစ်ပါတယ် ။

၂ ။ ဝက်ဖိုဒ့် – မန်ချက်စတာ ယူနိုက်တက်

အိုလေဂန်နာ ဆိုးရှား အတွက် ပြဿနာတွေ ကို ဖြေရှင်းဖို့ အကောင်းဆုံး ပွဲပါပဲ ။ ဒါပြီးရင် ခက်ခဲ ကြပ်တည်းတဲ့ ပွဲတွေ ပြန်ရောက် လာမှာ ဖြစ်လို့ ဒီပွဲမှ ရလဒ် မကောင်းဘူး ဆိုရင်တော့ ဆိုးရှား နဲ့ ယူနိုက်တက် အတွက် ပိုပြီး ဆိုးရွားတဲ့ အနေအထားကို ရင်ဆိုင် ကြရမှာပါ ။

ယူနိုက်တက် ဟာ လီဗာပူး နဲ့ မန်စီးတီး ပွဲတွေမှာ တော်တော်လေး ဆိုးရွား ခဲ့ကြပါတယ် ၊ ဒါပေမယ့် ကြားထဲမှာ သူတို့ စပါးကို အနိုင် ကစားခဲ့ ပါတယ် ။

 

အခုလည်း သူတို့ ဝက်ဖိုဒ့် ကို နိုင်ဦးမှာပါ ။ ဒါပေမယ့် ဗီလာရီးရဲ ကိုရော နိုင် နိုင်ပါ့မလား ၊ ကျွန်တော် တော့ မထင်ပါဘူး ။ စပိန်မြေက သရေ ၁ မှတ်ဟာ သူတို့ကို အုပ်စုကနေ တက်ဖို့ အထောက်အကူ ဖြစ်စေမှာပါ ။ ဒါပေမယ့် ချန်ပီယံလိဂ် မှာ ဗိုလ်စွဲဖို့ . . . ဒါက လက်ရှိအနေအထားအရ ဖြစ်နိုင်တဲ့ ကိစ္စ ပါပဲ ။

မာဆင် ရဲ့ ခန့်မှန်းချက် က ဝက်ဖိုဒ့် ၁ – ၃ မန်ယူနိုက်တက် ဖြစ်ပါတယ် ။

၃ ။ မန်ချက်စတာ စီးတီး – အဲဗာတန်

အဲဗာတန် က လက်ရှိမှာ ပုံစံပျက်ပြီး ရုန်းကန် နေရပါတယ် ။ ဒါကြောင့် ဒီပွဲမှာ မန်စီးတီး နိုင်ဖို့က လွဲပြီး ကျန်တာကို ကျွန်တော် မမြင်မိ ပါဘူး ။ ဂိုးတော့ အများကြီး မသွင်းလောက်ဘူးလို့ ထင်မိ တာပါပဲ ။

စီးတီး က ချန်ပီယံလိဂ် ကို အခြားအရာတွေထက် ပိုပြီး လိုချင်ပါတယ် ၊ နောက်ပိုင်းမှာ ဥရောပ ကို အာရုံ ပိုစိုက် နိုင်ဖို့ ဒီလို ပွဲမျိုးကို အနိုင် ကစားမှာပါ ။

ပေါလ် မာဆွန် ကတော့ မန်စီးတီး ၃ – ၀ အဲဗာတန် လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

၄ ။ လီဗာပူး – အာဆင်နယ်

ဒီတပတ် ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ပွဲ ဖြစ်သလို ၂ သင်းစလုံး အတွက်လည်း အရေးပါတဲ့ ပွဲ ဖြစ်ပါတယ် ။ အမှတ်ပေး ချန်ပီယံဆုကို မျှော်လင့်ထားတဲ့ လီဗာပူး အနေနဲ့ ဝက်စ်ဟမ်း နဲ့ပွဲက အရှုံးကနေ ပြန်လည် နိုးထဖို့ လိုအပ် သလို အာဆင်နယ် ကလည်း အရင်လို အသင်းကြီး တသင်း ပြန်ဖြစ်လာပြီ ဆိုတာကို ပြသဖို့ အတွက် ဒီပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ် နေပါတယ် ။

အာဆင်နယ် သာ ရာသီအစ ကတည်းက အခု ကစားနေတဲ့ လူစာရင်းအတိုင်း ကစားခဲ့မယ် ဆိုရင် သူတို့ ထိပ်ဆုံး လေးသင်းထဲကို ရောက်နိုင်မှာပါ ။

 

အာဆင်နယ် ကတော့ သရေ ဆိုရင် ပျော်ရွှင် မှာပါ ။ လီဗာပူး ကတော့ ဒီရလဒ် ကို ကျေနပ်မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် လက်ရှိ အာဆင်နယ် ရဲ့ အနေအထား ၊ အတက်ဘက် ရောက်နေတဲ့ စိတ်ဓါတ် တွေနဲ့ ဆိုရင် အန်ဖီးလ် မှာ လီဗာပူး ဆီက အမှတ် ခွဲယူနိုင်ချေ ရှိပါတယ် ။

မာဆွန် ကတော့ လီဗာပူး ၁ – ၁ အာဆင်နယ် လို့ သုံးသပ် ခန့်မှန်း သွားခဲ့ ပါတယ် ။

၅ ။ တော့တင်ဟမ် ဟော့စပါး – လိဒ်ယူနိုက်တက်

ဒီပွဲမှာ ဟယ်ရီကိန်း ဂိုးမသွင်း နိုင်ဘူးဆိုရင် ကျွန်တော် တကယ်ကို အံ့သြမိ မှာပါ ။ နိုင်ငံ တကာ ရက်သတ္တပတ် ဟာ ကိန်း အတွက် တကယ့်ကို ပျော်စရာ ကောင်းခဲ့ ပါတယ် ။ ဒီလောက် ကောင်းတဲ့ မိုတီမျိုး သူ ထပ်ရဖို့ ဆိုတာ မလွယ် နိုင်ပါဘူး ။

စပါး တို့ လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ ဆိုရင် နိုင်ပွဲတွေ လိုအပ်ပါတယ် ။ အခုလို ကွန်တီ ရဲ့ ပထမဆုံး အိမ်ကွင်း ပွဲလို ပွဲမျိုးမှာပေါ့ ။

လိဒ် ရဲ့ ခံစစ်က စိတ်မချရပါဘူး ၊ တိုက်စစ်က တော့ ကောင်းပါတယ် ။ ဒါပေမယ့် ကွန်တီ က သေချာပြင်ဆင် ထားမှာပါ ။ စပါး နိုင်သွားမယ့်ဘက်မှာ ကျွန်တော် ရပ်ချင် ပါတယ် ။

မာဆွန် ရဲ့ ခန့်မှန်းချက် – စပါး ၂ – ၀ လိဒ် ဖြစ်ပါတယ် ။

အခြားပွဲစဉ် ခန့်မှန်းချက်များ –

 

၆ ။ အက်စတွန်ဗီလာ ၁ – ၁ ဘရိုက်တန်

 

၇ ။ နယူးကာဆယ် ၁ – ၀ ဘရန့်ဖိုဒ့်

 

၈ ။ ဘန်လေ ၁ – ၂ ခရစ္စတယ် ပဲလေ့စ်

 

၉ ။ ဝုဗ် ၁ – ၂ ဝက်စ်ဟမ်း

 

၁၀ ။ နော်ဝှစ်ချ် စီးတီး ၂ – ၀ ဆောက်သမ်တန်

 

SPORTS MYANMAR