ဒီရာသီ အသင်းရဲ့ အကောင်းဆုံးလို့ ဆိုနိုင်အောင် ခြေစွမ်းပြနေတဲ့ ဗီနီဆီယပ် ကို ချီးကျူးစကားဆိုလိုက်တဲ့ ရီးရဲ နည်းပြ အန်ဆယ်လော့တီ

ရီးရဲ မက်ဒရစ် အသင်းရဲ့ နည်းပြကြီး ကာလို အန်ဆယ်လော့တီ ဟာ မနေ့ညက ကစား ခဲ့တဲ့ လာလီဂါ ပွဲစဉ် အပြီးမှာ အသင်းရဲ့ တောင်ပံ ကစားသမား ဗီနီဆီယပ် ဂျူနီယာ ကို ချီးမွမ်း ပြောဆို သွားခဲ့ ပါတယ် ။

ဘရာဇီးသားလေးဟာ ဆီဗီးလား ကို ၂-၁ နဲ့ အနိုင် ရခဲ့တဲ့ ပွဲမှာ အကောင်းဆုံး ကစားခဲ့ပြီး အနိုင်ဂိုး ကိုလည်း လှလှ ပပ သွင်းယူ ပေးသွားခဲ့ ပါတယ် ။

ဒီနိုင်ပွဲဟာ ရီးရဲ အတွက် အဖိုးတန်ခဲ့ပြီး အမှတ်ပေး ဇယား မှာ ဒုတိယ နေရာက အသင်းကို ၄ မှတ် ဖြတ် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဧည့်သည် ဆီဗီးလား ဟာ ပွဲအစ ၁၂ မိနစ် မှာ ဦးဆောင်ဂိုး ရရှိခဲ့ ပါတယ် ။

ဒါပေမယ့် ရီးရဲ ဘက်က ၃၂ မိနစ်မှာ တိုက်စစ်မှူးကြီး ဘန်ဇီးမား ရဲ့ ချေပဂိုး ပြန်လည် ရရှိ ခဲ့ပြီး သရေ ရလဒ် နဲ့ ဆက်လက် ယှဉ်ပြိုင် ကစားနေခဲ့ ကြပါတယ် ။

ပွဲပြီးဆုံးဖို့ ၃ မိနစ်သာ လိုတော့တဲ့ အချိန်မှာတော့ ဗီနီဆီယပ် က ရီးရဲ အတွက် အနိုင်ဂိုး ကို သွင်းယူပြီး ဘာနေဗျူးရဲ့ တနင်္ဂနွေ ညချမ်းကို အကောင်းဆုံး ပိတ်သိမ်း စေခဲ့ ပါတယ် ။

ဗီနီဆီယပ် ဟာ ဒီရာသီမှာ ရီးရဲ အသင်းရဲ့ ဘယ်တောင်ပံ နေရာကို အပိုင်စား ရရှိ ထားသလို ကစားခွင့် ရရှိ နေပြီး ပြိုင်ပွဲစုံမှာ ၁၁ ဂိုးသွင်းယူထား နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဗီနီဆီယပ် ဟာ တိုက်စစ်မှူးကြီး ဘန်ဇီးမား နဲ့ အတွဲမိ နေပြီး ၂ ဦး စလုံးဟာ ပွဲတိုင်းလိုလို ဂိုးတွေသွင်း နေသလို ဖန်တီးမှုတွေလည်း ပြုလုပ် ထားနိုင်ခဲ့ ပါတယ် ။

“သူ ( ဗီနီဆီယပ် ) က တကယ့်ကို ထူးကဲတဲ့ ကစားသမားပါ ။ သူ့ခြေထဲကို ဘောလုံး ရောက်သွားပြီ ဆိုရင် မယုံကြည် နိုင်လောက်တဲ့ အရာတွေ ထွက်ပေါ်လာတာ ပါပဲ ။

ဒီညအတွက် ဗီနီ့ အပေါ် ကျွန်တော် အံ့အားသင့်ခဲ့ရတာ ကတော့ သူ့ရဲ့ သွင်းဂိုး ပါပဲ ။

တယောက်ချင်း ကျော်ဖြတ်မှုတွေမှာ ဗီနီ က ပြောစရာ မလိုအောင် ကောင်းပါတယ် ၊ ဒါပေမယ့် သူ့ရဲ့ သွင်းဂိုးတွေရဲ့ အရည်အသွေးတွေ ကလည်း တကယ့်ကို အံ့အားသင့် စရာပါ”

“ဗီနီ က အခုဆိုရင် ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမား တယောက် ဖြစ်လာဖို့ ခြေတလှမ်း ထပ်တိုး လိုက်ပြန် ပါပြီ ။

ဒါပေမယ့် အရေးအကြီးဆုံး ကတော့ အသင်းနဲ့ အတူ အာရုံစိုက် ကစားပြီး ပွဲထဲမှာ အကျိုး ရှိသူ တယောက် ဖြစ်နေဖို့ပါ” လို့ ရီးရဲ နည်းပြကြီး အန်ဆယ်လော့တီ က ဗီနီဆီယပ် ကို ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

ဆီဗီးလား နည်းပြ လိုပီတီဂွီ ကတော့ သူတို့ ဟာ ပင်နယ်တီ ရသင့်တဲ့ အနေအထားကို ငြင်းပယ် ခံခဲ့ ရတာကြောင့် စိတ်ပျက် မိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲ ဟာ ကြားရက် မှာ အသက်လက်တစ် ဘီဘာအို အသင်း နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး လာမယ့် ပိတ်ရက် မှာတော့ နောက်ကနေ ဖိအား လိုက်ပေးနေတဲ့ ရီးရဲ ဆိုဆီဒက် အသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR