ဒီတစ်ပတ် အတွက် လော်ရိုး ရဲ့ ခန့်မှန်းချက်များ

ဒီဇင်ဘာ ပွဲကျပ် ကာလ ကို ဖြတ်သန်းလာတာနဲ့ အမျှ နားရက် မရတဲ့ အသင်းကြီးတွေ အကြား ဒဏ်ရာပြသနာ နှောက်ယှက်မှုတွေကလဲ စတင် မြင်တွေ့လာရပါတယ်။
ဒါကြောင့် နည်းပြတွေဟာ သူတို့ရဲ့ ကစားသမား စာရင်းကို ဒဏ်ရာပြသနာတွေ နည်းနိုင်သမျှ နည်းအောင် Man Management ကို စနစ်တကျ ပြင်ဆင်လာကြမှာလဲ သေချာပါတယ်။

အထူးသဖြင့် ချန်ပီယံ တိုက်ပွဲဝင်နေကြတဲ့ အသင်းကြီးတွေ ၊ ဥရောပ ပ ပွဲစဉ်တွေ ဆက်တိုက် ကစားနေရတဲ့ အသင်းတွေ နဲ့ အသင်းငယ်တွေ အကြား နားရက် ရရှိမှု နှုန်းထားက ပိုပြီး သိသာလာနေတာကြောင့် ထင်မထားတဲ့ ရလာဒ်မျိုးတွေ ထွက်ပေါ်လာနိုင်တာလဲ သတိထားစရာပါ။

BBC ရဲ့ ဝါရင့် အားကစား ကလောင်ရှင် လော်ရိုး ကတော့ ဒီတစ်ပတ် သူ့ရဲ့ ခန့်မှန်းချက်တွေကို အခုလိုပဲ ပြောပြသွားခဲ့ ပါတယ်။

အာဆင်နယ် vs နယူးကာဆယ်

အာတီတာ နဲ့ ကလော့ပ် တို့ ကွင်းဘေးမှာ ပြသနာ မတက်ခင် အချိန်ထိ အာဆင်နယ် ဟာ ကွင်းထဲမှာ လီဗာပူး ကို အကောင်းဆုံး တုန့်ပြန် ကစားနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အဖြစ်အပျက်က အိမ်ရှင်တွေကို ကိုင်လှုပ်နှိုးသလို ဖြစ်သွားခဲ့ပါတယ်။

လီဗာပူး အတွက်တော့ နောက်ထပ် ကစားသမား တစ်ယောက် ထပ်တိုးလာသလို ဖြစ်သွားခဲ့ပြီး ၊ ချိန်သားကိုက် သွင်းဂိုးတွေ ရယူနိုင်ခဲ့တဲ့ အပြင် ပွဲကိုလဲ စနစ်တကျ နဲ့ ထိန်းချုပ် ကစားပြသွားခဲ့တယ်ေလေ။ ဒီရှုံးပွဲကြောင့် အာဆင်နယ် ရဲ့ ရှုံးပွဲမရှိ စံချိန် မှတ်တမ်း ပျက်ယွင်းသွားခဲ့ပေမယ့် သူတို့ဟာ အရှုံးကနေ ချက်ခြင်း နိုးထပြမယ် ဆိုတာ ခံစားမိနေပါတယ်။ နယူးကာဆယ် ရဲ့ စွမ်းဆောင်ရည်က အာဆင်နယ် ကို ခံစားပြနိုင်လောက်တဲ့ အဆင့်မျိုး မရှိသေးပါဘူး။

ဘရန်းဖို့ဒ် နဲ့ ကစားခဲ့တဲ့ ပုံစံအတိုင်း တိုက်စစ်ကို ဖွင့်လာဦးမယ် ဆိုရင်တော့ သေချာပေါက် ဂိုးတွေ ပေးရမှာပါ။ အက်ဒ်ီဟောင်း လက်ထက်မှာ တိုက်စစ်ကို အသားပေး ကစားလာတာ ဆိုးတော့ မဆိုးပါဘူး။ နိုင်ပွဲတွေ အရမ်းလိုအပ်နေတဲ့ အသင်းမျိုး ဖြစ်လို့ ဒီလိုပဲ ဖြစ်သင့်ပါတယ်။ သူတို့ဟာ အသင်းတချို့ ကို အနိုင်ယူပြမှာ ဖြစ်ပေမယ့် ၊ အဲဒီထဲမှာ အာဆင်နယ် ပါဝင်မှာ မဟုတ်ပါဘူး။
ခန့်မှန်းချက် – အာဆင်နယ် 2-0 နယူးကာဆယ်

လီဗာပူး – ဆောက်သမ်တန်
ဝက်စ်ဟမ်း ကို ရှုံးနိမ့်ခဲ့တဲ့ လီဗာပူး ဟာ အာဆင်နယ် နဲ့ ပေါ်တို ကို ဆက်တိုက် အနိုင်ကစားပြပြီး အကောင်းဆုံး တုန့်ပြန် ပြထားပါတယ်။ ဆောက်သမ်တန် ရဲ့ ကစားပုံက တိုးတက်လာတယ် လို့ ထင်ခဲ့ပေမယ့် ၊ နောက်ဆုံးပွဲမှာ နော့ဝှစ်ချ် ကို အရှုံးပေးထားရတယ်လေ။ အန်ဖီးလ်မှာတော့ အများကြီး လုပ်ပြနိုင်မယ် မထင်ပါဘူး။

လီဗာပူး ဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို သက်တောင့်သက်သာ နဲ့ တက်ရောက်နိုင်ခဲ့သလို ၊ ပေါ်တို နဲ့ ပွဲမှာလဲ အဓိက ကစားသမား တချို့ကို အနားပေးနိုင်ခဲ့ပါတယ်။ သူတို့ ဟာ စိန့် နဲ့ ပွဲအတွက်လဲ အကောင်းဆုံး ပြင်ဆင်လာဦးမှာပါ။
ခန့်မှန်းချက် – လီဗာပူး 2-0 ဆောက်သမ်တန်

မန်စီးတီး vs ဝက်စ်ဟမ်း
နိုင်ငံတကာ ပွဲစဉ်တွေ ပြီး ကတည်းက မန်စီးတီး ဟာ ရစ်သမ် ပြန်မှန်နေသလိုပါပဲ။ အဲဗာတန် ကို တဖက်သတ် နဲ့ အသာစီး ကစားပြခဲ့သလို ၊ ချန်ပီယံလိဂ်မှာလဲ ပီအက်စ်ဂျီ ကို နောက်ကောက်ချပြခဲ့တယ်လေ။

ဝက်စ်ဟမ်း ကလဲ ပုံစံကောင်းတွေ ဆက်တိုက် ပြပြီး လီဗာပူး ကိုတောင် အနိုင်ယူပြခဲ့ပေမယ့် ဝုဖ်နဲ့ ပွဲမှာ ဘယ်လို ဖြစ်သွားမှန်းတောင် မသိပါဘူး။ သူတို့ဟာ အကောင်းဆုံး ပုံစံတွေကို ပြန်လည် တည့်မတ် ရယူနိုင်မှာပါ။ ဒါပေမယ့် အီတီဟတ် မှာ ကစားပြီးမှ ဖြစ်ပါလိမ့်မယ်။
ခန့်မှန်းချက် – မန်စီးတီး 2-0 ဝက်စ်ဟမ်း

ချဲဆီး vs ယူနိုက်တက်
ကြားဖြတ် မန်နေဂျာ နဲ့လဲ အောင်မြင်မှု ရယူနိုင်ခွင့် ရှိနေတယ် ဆိုတာ ချဲဆီး က 2009 ခုနှစ် မှာ ဂု ဟင့်ဒင့် နဲ့ လက်တွဲရင်း အက်ဖ်အေ ဖလား ရယူကာ သက်သေပြဖူးပါတယ်။ ဒါပေမယ့် ယူနိုက်တက် အတွက်တော့ တော်တော်လေးကို စိန်ခေါ်မှု ကြီးမားမှာပါ။

ပြီးခဲ့တဲ့ ကာလ တစ်ခုအတွင်း ယူနိုက်တက်ဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့ အချိန်ရောက်ရင် ထိထိရောက်ရောက်ဖြစ်အောင် ရွေးချယ်နိုင်စွမ်း နည်းပါးတယ် ဆိုတာ မြင်ထားရပါတယ်။ ချဲဆီး ကတော့ လက်ရှိ အချိန်မှာ သောမတ် တူချယ် ကို ခန့်အပ်ရင်း ပုံစံကောင်းတွေ ဆက်တိုက် ရယူပြနေတယ်ဗျာ။
ခန့်မှန်းချက် – ချဲဆီး 2-1 ယူနိုက်တက်

အခြားပွဲစဉ် ခန့်မှန်းချက်များ

ပဲလေ့ 1-1 ဗီလာ
နော့ဝှစ်ချ် 1-1 ဝုဖ်
ဘရိုတ်တန် 0-2 လိဒ်
ဘရန်းဖို့ဒ် 2-1 အဲဗာတန်
ဘန်လေ 1-2 စပါး
လက်စတာ 3-0 ဝက်ဖို့ဒ်

 

SPORTS MYANMAR