” ဒီကောင် အသက် 35 နှစ် ရောက်လည်း ပေါက်ကရတွေ လုပ်နေဦးမှာပဲ ” ယူနိုက်တက် ကြယ်ပွင့်ကို အထူး ဝေဖန်လိုက်တဲ့ ပေါလ် စခိုးလ်

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ အီတလီမြေမှာ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဥ် 4 အဖြစ် အတ္တလန္တာ အသင်းကို ရင်ဆိုင် ကစားခဲ့ရပြီး 2 – 2 ဆိုတဲ့ သရေ ရလဒ် နဲ့သာ ကျေနပ် ခဲ့လိုက်ရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ ပွဲချိန် 12 မိနစ်ထဲက ခံစစ် ကစားသမားတွေနဲ့ အမှားတွေက တစ်ဆင့် အတ္တလန္တာကို အဖွင့်ဂိုး ပေးခဲ့လိုက်ရပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 38 မိနစ််မှာ ဗာရန်း ဒဏ်ရာကြောင့် ထွက်ခွာခဲ့တဲ့နောက် ယူနိုက်တက်တို့ရဲ့ ခံစစ်ကစားပုံ ပိုညံ့သွားခဲ့ရပါတယ် ။

အထူးသဖြင့် ဒီပွဲမှာ ကွင်းလယ်ခံစစ် ကစားသမား အဖြစ်် နေရာယူခဲ့ကြတဲ့ မက်တော်မီနေး နဲ့ ပေါလ် ပေါ့ဂ်ဘာတို့ရဲ့ ကစားပုံဟာ ခံစစ်ကို လိုအပ်သလောက် ကာကွယ်မှု မပေးနိုင်ခဲ့တဲ့ အတွက် အီလီစစ် ၊ ဇာပါတာ တို့ရဲ့ တိုက်စစ်ကို ထိန်းဖို့ ခက်ခဲခဲ့ရပါတယ် ။

အထူးသဖြင့် ပေါ့ဂ်ဘာ ခံစစ် ကစားပုံတွေ ညံ့နေခဲ့ခြင်း ၊ ဘောလုံးကိုင် ကစားချိန်မှာ ပြိုင်ဖက် ကစားသမားတွေရဲ့ ဖိအားပေး ကစားတဲ့ ဒဏ်ကို မခံယူနိုင်ခြင်း ၊ ကိုယ်တိုင်ကလည်း ဖိအားပေး ကစားနိုင်စွမ်း ကင်းမဲ့နေခြင်းတွေက စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

ဒါ​ပေမဲ့ ရော်နယ်ဒိုက ပထမပိုင်း ပြီးဆုံးခါနီး နဲ့ ဒုတိယပိုင််း ပြီးဆုံးခါနီးတွေမှာ အသင်းအတွက် တစ်ဂိုးစီ သွင်းယူပေးခဲ့တဲ့အတွက် ယူနိုက်တက်တို့ဟာ အီတလီ​မှာ သရေ ရလဒ် ၊ အဝေးကွင်း ရမှတ် တစ်မှတ်ကို ရရှိသွားခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ် က အတ္တလန္တာ နဲ့ ပွဲစဥ်မှ ကွင်းလယ်လူ ပေါ့ဂ်ဘာ ရဲ့ ဘောလုံးကိုင် ကစားပုံ ၊ ဘောလုံး ပိုင်ဆိုင်မှုတွေ အလွယ်တကူ ဆုံးရှုံးခဲ့ပုံတွေကို အထူး ဝေဖန် သွားခဲ့လိုက် ပါတယ် ။

” သူက အနားမှာ နေပေးပြီး တစ်ချိန်လုံး စကားတွေပြော ၊ ညွှန်ကြား ပေးနေမဲ့သူ လိုအပ်နေပါတယ် ။ တကယ့်ကို အတွေ့အကြုံ များလွန်းပြီး ၊ လူသူ လေးစားခံရတဲ့ ကစား သမား တစ်ယောက်တော့ သူ့ရဲ့ အနားမှာ ရှိနေဖို့ လိုအပ်နေတာ အသေအချာပါပဲ ”

” ပေါလ် က တစ်ကယ့်ကို အတွေ့အကြုံ ကြွယ်ဝလှတဲ့ ကစားသမား တစ်ဦးပါ ။ ဒါပေမဲ့ သူဟာ အသက် 35 နှစ်သာ ရောက်သွားမယ် ကွင်းထဲ ဘောလုံးကိုင် လှိမ့်နေတာမျိုး ပေါက်ကရတွေ ဆက်လုပ်နေဦးမှာ ပါပဲ ။ ဒါကို လူတွေလည်း သိကြပါတယ် ”

” ဒီနေရာမှာ ပြောစရာ အကြီးကြီး ဖြစ်သွားခဲ့ရတာက ကစားသမားရဲ့ အာရုံ စူးစိုက်မှု အပိုင်းပါပဲ ။ သူဟာ တစ််ခါတလေ အာရုံ စူးစိုက်မှု ပျံ့လွင့် နေသလို ပါပဲ ။ သူဟာ ဂျူဗင်တပ် အသင်းမှာ အရမ်းကို ကောင်းခဲ့ပါတယ် ။ ဒါ့ကြောင့် ကျွန်တော်တို့ သူ့ကို ခေါ်ခဲ့ကြတာပါ ”

” အဲ့ဒီတုန်းက သူ့အနားမှာ ပီယာလို ၊ ချီလီနီ ၊ ဘူဖွန် နဲ့ တိုက်ခိုက်လိုစိတ်ရှိတဲ့ နည်းပြတွေ ဝန်းရံနေခဲ့ကြပါတယ် ။ သူဟာ အသက် 35 နှစ် ရောက်တဲ့ အချိန်အထိ သူတို့လို အနားမှာ ပြောဆိုနေမဲ့သူတွေ လိုအပ်တဲ့ ကစားသမားမျိုး ပါပဲ ” လို့ ပေါလ် စခိုးလ် က ဝေဖန်သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar