ဒီကနေ့ည ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အတွက် ခန့်မှန်းချက်များ

ပရီးမီးယားလိဂ် ရဲ့ ဒီဇင်ဘာ ခရီးကြမ်း စတင်ပါပြီ ။ နှစ်သစ်ကူး အချိန်ကာလ အထိ အသင်းတိုင်းလိုလို ၃ ရက် ကို တပွဲနှုန်းနဲ့ ကစား ကြရမှာ ဖြစ်တာကြောင့် ပွဲပန်းမှုတွေ ၊ ဒဏ်ရာ အနာတရဖြစ်မှုတွေ ဟာ မထင်မှတ်တဲ့ ရလဒ်တွေ ကို ဖြစ်ပေါ် စေတတ် ပါတယ် ။

အခု ကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ ကို ယှဉ်ပြိုင် ကစား သွားကြမှာပါ ။ အင်္ဂါည မှာ ၂ ပွဲ ၊ ဗုဒ္ဓဟူးညမှာ ၆ ပွဲ နဲ့ ကြာသပတေးညမှာ ၂ ပွဲ ဆိုပြီး ၃ ည ခွဲကာ ယှဉ်ပြိုင် ကစား သွားကြမှာပဲ ဖြစ်ပါတယ် ။

 

လိဒ်ယူနိုက်တက် နဲ့ ခရစ္စတယ် ပဲလေ့စ် ၊ နယူးကာဆယ် နဲ့ နောဝှစ်ချ် စီးတီး တို့ရဲ့ ပွဲတွေ ကတော့ မနေ့ညက ကစားလို့ ပြီးသွားခဲ့ ပါပြီ ။

ဒီကနေ့ည မှာတော့ ချဲလ်ဆီး ၊ လက်စတာ ၊ မန်စီးတီး ၊ လီဗာပူး တို့ အပါအဝင် ပွဲစဉ် ၆ ပွဲကို ကစားသွား ကြမှာပဲ ဖြစ်ပါတယ် ။

အဲ့ဒိ အထဲမှာတော့ ဂူဒီဆင်ပါ့ခ် က အဲဗာတန် နဲ့ လီဗာပူး တို့ရဲ့ ပွဲက ပရိသတ် စိတ်ဝင်စားမှု အရှိဆုံး ဖြစ်နေမှာပါ ။

ဒါကြေင့် ဒီည ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် Sky Sports က လူးဝစ် ဂျုံးစ် ရဲ့ ခန့်မှန်း သုံးသပ်ချက်တွေကို ဖော်ပြ ပေးလိုက်ရပါတယ် ။

 

၁ ။ ဝက်ဖိုဒ့် – ချဲလ်ဆီး

 

မန်ယူနိုက်တက်ကြောင့် ဆုံးရှုံး သွားတဲ့ ၂ မှတ် အတွက် ဒီပွဲမှာ ချဲလ်ဆီးတို့ ပြန်ပြီး ပေါက်ကွဲ ပြပါလိမ့်မယ် ။

လူကာကူ ပွဲချိန်ပြည့် ကစားနိုင်မလား ဆိုတာ မသေချာ ပေမယ့် ချဲလ်ဆီး တို့ ဂိုးရဖို့ ကတော့ သေချာမှာပါ ။

ယူနိုက်တက် နဲ့ ပွဲတုန်းက သူတို့ ဂိုးကံခေခဲ့ကြသလို ဒီဂီယာ ကလည်း လက်စွမ်းပြ နိုင်ခဲ့ပါတယ် ။

ဝက်ဖိုဒ့် ကတော့ ဒီလို လုပ်နိုင်ဖို့ မလွယ်ပါဘူး ။

ချဲလ်ဆီး နိုင်ဖို့ သေချာသလောက် ရှိပေမယ့် ဂိုးတော့ အများကြီး ပြတ်မယ် မထင်ပါဘူး ။ သောမတ်စ် တူချယ် တို့လိုချင်တာလည်း အနိုင်ရလဒ်ပဲ ( ဂိုးများများ မများများ ) ဖြစ်မှာပါ ။

ခန့်မှန်းချက် – ဝက်ဖိုဒ့် ၀ – ၂ ချဲလ်ဆီး

၂ ။ အဲဗာတန် – လီဗာပူး

 

လက်ရှိ အနေအထားမှာ အဲဗာတန်တို့ လီဗာပူး ကို ဘယ်လို ယှဉ် ကစားမလဲဆိုတာ တွေးကြည့်လို့ မရ ဖြစ်နေ ပါတယ် ။

မာဆေးဆိုက် ဒါဘီ ပွဲတွေမှာ အဲဗာတန်ုတိ့ု ပိုအားစိုက်လေ့ ရှိပေမယ့် လီဗာပူး နဲ့ က ခြေစွမ်းချင်း ကွာဟချက် ကြီးမားနေပါတယ် ။ ပြီးတော့ အဲဗာတန် ကစားသမားတွေက အရမ်းလော ပါတယ် ၊ ဒီရာသီမှာပဲ လူကျွံဘော အလုံး ၆၀ နီးပါး ပေးထားရပြီး ပါပြီ ။ ဒုတိယ အများဆုံး အသင်းထက် ၂၁ ကြိမ်တောင် ပိုနေတာပါ ။

လီဗာပူး ကတော့ ဝက်စ်ဟမ်း နဲ့ ပွဲကလွဲရင် ခြေစွမ်း အတက်ဘက်မှာ ရှိနေပြီး ပုံစံလည်း မှန်နေပါတယ် ။

လီဗာပူး ဂိုးစောစော မရအောင် အဲဗာတန်တို့ ကစားနိုင်မယ် ဆိုရင်တော့ ကပ်ပြီး ရှုံးရုံနဲ့ ပြီးသွားနိုင်သလို ကံကောင်းခဲ့မယ် ဆိုရင် သရေ ၁ မှတ်အထိ မျှော်မှန်း နိုင်ချေ ရှိမှာပါ ။

လီဗာပူးသာ ပထမပိုင်း မပြီးခင် မှာ ဂိုးရသွားမယ်ဆိုရင်တော့ အနည်းဆုံး ၂ ဂိုးလောက် ပြတ်သွားမှာ အသေအချာပါပဲ ။

ခန့်မှန်းချက် – အဲဗာတန် ၀ – ၂ လီဗာပူး

၃ ။ အက်စတွန် ဗီလာ – မန်စီးတီး

 

ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ချင်တဲ့ မန်စီးတီး အတွက်ရော ဗီလာ နည်းပြ ဂျရတ် အတွက်ပါ ဒီပွဲဟာ စမ်းသပ်မှု တခု ဖြစ်လာမှာပါ ။

ဗီလာဟာ စတီဗင် ဂျရတ် ရောက်လာချိန်ကစပြီး ရလဒ်တွေ ကောင်းနေပါတယ် ။ စိတ်ဓါတ်ပိုင်းလည်း အတက်ဘက်မှာ ရှိနေမှာ အသေအချာပါ ။

ဒါပေမယ့် မန်စီးတီး ဟာ ဗီလာ ရှေ့တုန်းက ကစားခဲ့တဲ့ အသင်းတွေနဲ့ လုံး၀ မတူပါဘူး ။

စီးတီး က ဘောလုံးပိုင်ဆိုင်မှု အသာ နဲ့ ဖိကစားထားမှာ ဖြစ်ပြီး ဗီလာ အတွက် အခွင့်အရေးက အများကြီး ရမှာ မဟုတ်တာ သေချာပါတယ် ။ ရလာတဲ့ အနည်းငယ်သော အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်မှ မျှော်လင့် ထားတဲ့ ရလဒ် အတွက် အလားအလာ ကောင်းမှာပါ ။

ဗီလာ ပါခ့် မှာတော့ စတီဗင် ဂျရတ် ကို နောက်တခေါက်လောက် ယုံကြည်လိုက်ချင် ပါတယ် ။

ခန့်မှန်းချက် – ဗီလာ ၁ – ၁ မန်စီးတီး

အခြားပွဲစဉ် ခန့်မှန်းချက်များ –

 

၄ ။ ဆောက်သမ်တန် ၂ – ၁ လက်စတာ စီးတီး

 

၅ ။ ဝုဗ် ၁ – ၁ ဘန်လေ

 

၆ ။ ဝက်စ်ဟမ်း ၁ – ၁ ဘရိုက်တန်

 

SPORTS MYANMAR