ဒိုင်ဘားလား ၊ လီဝန် ၊ ဖာတီ ၊ ရိုနယ်ဒို . . ချန်ပီယံလိဂ် ညချမ်းက သူရဲကောင်းတို့ရဲ့ ပြောစကားများ

Paulo Dybala ( Juventus )

“ဒီလို ညနေခင်းမျိုးကို ကျွန်တော်တို့ လိုအပ်ခဲ့ ပါတယ် ။ စိတ်ရှည် သည်းခံမှုက ဒီပွဲရဲ့ အဓိက သော့ချက် ပါ ။ ဘာလို့လည်း ဆိုတော့ ပထမပိုင်း မှာကတည်းက ကျွန်တော်တို့ ကစားပုံ ကောင်းနေခဲ့လို့ ပါပဲ ။ ဒါကြောင့် စိတ်ပူပင်တာမျိုး မရှိဘဲ အေးအေးလူလူ ကစားနိုင်ခဲ့ ပါတယ် ။ ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ ကစားတာ ပိုကောင်း လာခဲ့ပါတယ်”

“ပြိုင်ဘက် ဧရိယာနားမှာ ကိုယ့်လူတွေ များများ ရှိနေလေ ၊ များများ ရောက်နိုင်လေ ၊ ဂိုးရဖို့ ပိုပြီး အလားအလာ ကောင်းလေ ပါပဲ ။ တိုက်စစ်ပိုင်း မှာ ကျွန်တော်တို့ ကစားတာ ကျေနပ်စရာ ကောင်းတယ်လို့ ထင်ပါတယ် ၊ အမှန် ဆိုရင် ဒီထက်တောင် ပိုပြီး သွင်းနိုင်ခဲ့သင့် တာပါ”

ယူဗင်တပ် ဟာ အိမ်ကွင်းမှာ ဇင်းနစ် အသင်းကို ၄-၂ နဲ့ အနိုင် ရရှိပြီး ဒိုင်ဘားလား က ၂ ဂိုး သွင်းပေးခဲ့ ပါတယ် ။ ဒီနိုင်ပွဲ ကြောင့် ယူဗင်တပ် ဟာ ပွဲစဉ် ၄ အပြီးမှာတင် အုပ်စု အဆင့်ကနေ နောက်တဆင့်ကို တက်ရောက် သွားနိုင်ခဲ့ပါတယ် ။

Robert Lewandolski ( Bayern Munich )

“ပင်နယ်တီ မှာ ဂိုးသမား ဘယ်ဘက်ကို လှဲချတယ် ဆိုတာ ကျွန်တော် သေချာ သိနေလို့ ဆန့်ကျင်ဘက် ထောင့်ထဲကို ကန်သွင်းခဲ့ ပါတယ် ၊ ဒါပေမယ့် ထိချက် မမှန်ခဲ့ ပါဘူး ။ ဒါက ကျွန်တော့ရဲ့ အမှားပါ ။ ကံကောင်းချင်တော့ ကျွန်တော်တို့ ဂိုးတွေ ထပ်သွင်း နိုင်ခဲ့ပြီး ၃ မှတ် ရယူနိုင်ခဲ့ ပါတယ်”

“အဖွင့် မိနစ် ၂၀ အတွင်းမှာ ကျွန်တော် ဘောလုံး သိပ် မထိရပါဘူး ၊ တိုက်စစ်မှူး တယောက် အတွက် စိတ်ရှည် ရတာက တကယ်ကို မလွယ်တဲ့ ကိစ္စပါပဲ ။ ၁ ဂိုးလောက် သွင်းလို့လည်း ပြီးသွားရော ကိစ္စတွေ က လွယ်သွားသလို ခံစား လာမိပါတယ် ။ ဒီနေ့ အတွက် အကြိုက်ဆုံး ကတော့ ဒုတိယဂိုး ပါပဲ”

လီဝန်ဒေါ့စကီး ကတော့ ဘင်ဖီကာ အသင်းကို ၅-၂ နဲ့ အနိုင် ရခဲ့တဲ့ ပွဲမှာ ပင်နယ်တီ မဝင်ခဲ့ ပေမယ့် ဟက်ထရစ် ရယူ နိုင်ခဲ့ ပါတယ် ။ ဘိုင်ယန် ဟာလည်း ၄ ပွဲ ကစားအပြီးမှာ ၁၂ မှတ်နဲ့ နောက်တဆင့် တက်သွားခဲ့ပြီ ဖြစ်သလို လီဝန်ဒေါ့စကီး ဟာလည်း သွင်းဂိုး ၈ ဂိုး နဲ့ ချန်ပီယံလိဂ် ရဲ့ ဂိုးအများဆုံး သွင်းသူ အဖြစ် ရပ်တည်နေ ပါတယ် ။

Ansu Fati ( Barcelona )

“ဒီပွဲက တကယ် အရေးပါတဲ့ နိုင်ပွဲပါ ၊ ဒါကို အရယူ နိုင်ခဲ့လို့ ဝမ်းသာမိ ပါတယ် ။ အုပ်စုတွင်း အနေအထား အရ ဒီပွဲကို နိုင်ဖို့ တကယ်ကို လိုအပ် နေခဲ့တာပါ ။ အခု ကျွန်တော်တို့ တိုက်ပွဲဝင် နိုင်ခဲ့ ပါတယ် ။ အခု နောက်တဆင့် တက်ဖို့က ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီး နိုင်တဲ့ အနေအထားကို ပြန်ရောက် လာခဲ့ပါပြီ”

“လာမယ့် ဘင်ဖီကာ ၊ ပြီးတော့ ဘိုင်ယန် ၊ အဲ့ဒိ ပွဲတွေမှာ အရာအားလုံး ပေးဆပ် ကစားသွားမှာပါ ။ ကျွန်တော် လည်း တပွဲပြီး တပွဲ ပုံစံ ပိုမှန်လာပြီလို့ ခံစားမိ ပါတယ် ။ ကာယပိုင်း ကတော့ နည်းနည်း လိုနေသေး သလိုပါပဲ ။ ချန်ပီယံလိဂ် ဆိုတာ အရမ်း ခက်ခဲတဲ့ ပြိုင်ပွဲ တခုပါ ။ ကျွန်တော်တို့မှာလည်း တိုးတက်ဖို့ လိုနေတာတွေ ရှိနေသေးပါတယ်”

ဘာစီလိုနာ ဟာ ယမန်နေ့ ညက ဒိုင်နမိုကိဗ် အသင်းရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစားခဲ့ပြီး အန်ဆု ဖာတီ ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ ဒီနိုင်ပွဲ ဟာ ဘာစီလိုနာ အတွက် အရေးပါခဲ့ပြီး နောက်တဆင့် တက်ဖို့ အတွက် အခွင့်အရေး ရှိလာခဲ့ပြီဖြစ်ပါတယ် ။ အန်ဆု ဖာတီ ကတော့ ဒီသွင်းဂိုးဟာ နှလုံးခုန်မှု မမှန်တာကြောင့် ၃ လခန့် နားရမယ့် ဘာစီလိုနာ တိုက်စစ်မှူးကြီး အဂွေရို အတွက် ရည်စူးကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

Crisitano Ronaldo ( Manchester United )

“ခက်ခဲတဲ့ ပွဲတပွဲပါ ။ အရင်ကတည်းက ဘာဂါမို မှာ ကစားရတာက ခက်ခဲတယ် ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ် ။ ဒါပေမယ့် နောက်ဆုံး အချိန်အထိ ယုံကြည်မှု အပြည့် နဲ့ ကျွန်တော်တို့ ကစားခဲ့ ကြပါတယ် ။ ဒီအတွက် ကျွန်တော် ဝမ်းသာမိပါတယ်”

“ကျွန်တော်တို့ ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး ၊ နောက်ဆုံး အချိန်အထိ ယုံကြည်ခဲ့ ကြတယ် ။ ဒီရလဒ် ဟာ ကျွန်တော်တို့ အတွက် ရလဒ်ကောင်း တခုပါပဲ ။ ပွဲအစက ခက်ခဲ ခဲ့သလို အတ္တလန်တာ ကလည်း ဖိအားတွေ အများကြီး ပေးခဲ့ ပါတယ် ။ သူတို့ နည်းပြကလည်း တကယ်တော်တဲ့ နည်းပြပါ”

“ကံလည်း နည်းနည်း ကောင်းခဲ့တယ်လို့ ထင်ပါတယ် ။ ဒါပေမယ့် ဘောလုံးမှာ ဒါမျိုးတွေ က ဖြစ်တတ်ပါတယ် ။ တခါတလေ ကိုယ့်ဘက် က သွင်းနိုင်ပြီး တခါတလေကျ ကိုယ့်ဘက်ကိုယ် ပြန်သွင်း ခံလိုက်ရတာမျိုးတွေ ရှိဖူးပါတယ် ။ ကျွန်တော်တို့ မှာ အရည်အသွေး မတူကွဲပြားတဲ့ ကစားသမားကောင်းတွေ ရှိပါတယ် ။ အားလုံး အတွဲ မိမိ ကစားနိုင်ဖို့ အချိန်တခုတော့ ယူရမှာပါ ။ အချိန် ကြာလာတာနဲ့ အမျှ ကျွန်တော်တို့ ပိုကောင်းပြီး တိုးတက် လာမှာပါ”

မန်ချက်စတာ ယူနိုက်တက် ဟာ အတ္တလန်တာ ကွင်းမှာ အိမ်ရှင် အသင်းရဲ့ ဦးဆောင်မှု ကို ၂ ကြိမ်တိုင် ခံခဲ့ရပြီး ၂ ကြိမ်စလုံးမှာ ရိုနယ်ဒို ချေပဂိုး ပြန်သွင်းပေးခဲ့ ပါတယ် ။ ဒီဂိုးတွေကြောင့် ယူနိုက်တက်တို့ အီတလီ မြေပေါ်မှာ ၁ မှတ်ပြန်ရခဲ့ပြီး ပွဲစဉ် ၄ ပွဲပြီးသည် အထိ အုပ်စု ပထမ နေရာကို ဆက်လက် ရယူထားနိုင်ခဲ့ ပါတယ် ။

 

SPORTS MYANMAR