ဒါဘီပွဲ ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ကို ဟာသလုပ်လိုက်တဲ့ ဂယ်ရီ လိုင်နီကာ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မန်စီးတီး အသင်းကို ဧည့်ခံရင်း မန်ချက်စတာ ဒါဘီ ပွဲစဥ် နွှဲခဲ့ရပြီး 0 – 2 ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်သွားခဲ့ရပါတယ် ။ ထို့အတူ ယူနိုက်တက်ရဲ့ အိမ်ကွင်းမှတ်တမ်းလည်း စုတ်သထက် စုတ်ချာသွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ပွဲကစားချိန် 7 မိနစ်မှာပဲ မန်စီးတီး နောက်ခံလူ ကန်ဆယ်လိုဟာ ဘယ်တောင်ပံ ကနေ ဖြတ်တင်ဘော ပေးပို့ခဲ့ရာ ယူနိုက်တက် ဗဟိုနောက်ခံလူ အဲရစ်ဘိုင်လီက ဖျက်ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ထိထိမိမိ မရှိခဲ့ရတဲ့အတွက် ဘောလုံးဟာ ကိုယ့်ဂိုးဖက်ကိုသာ ရောက်ရှိသွားခဲ့ပြီး own goal ဖြစ်သွားခဲ့ရပါတယ် ။

အဲ့ဒီနောက် ပထမပိုင်း ပွဲစဥ် ပြီးဆုံးခါနီးမှာပဲ ကန်ဆယ်လိုက နောက်တစ်ကြိမ် ဖြတ်တင်ဘော ပေးခဲ့ရာ ယူနိုက်တက် နောက်ခံလူ လုခ်ရှော က ဟန့်တားနိုင်ခွင့် ရှိနေခဲ့ပေမဲ့ ဂိုးအောက်ဘော ဖြစ်ပါစေဆိုပြီး လွှတ်ပေးခဲ့ရာမှာ ဘာနာဒို ဆေးလ်ဗားက အမြန်ရောက်လာခဲ့ပြီး ပိတ်သွင်းရင်း ဒုတိယမြောက် ဂိုးကို ရရှိစေခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာ နှစ်ဖက်အသင်းက ဂိုးရရှိနိုင်ဖို့ ဆက်လက် ကြိုးစား အားထုတ်ခဲ့ကြပေမဲ့ ဂိုးမရရှိနိုင်ခဲ့တဲ့ အတွက် 0 – 2 ဆိုတဲ့ ရလဒ် နဲ့သာ ပွဲစဥ်ဟာ ပြီးဆုံး သွားခဲ့ရ ပါတယ် ။ အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ဟာလည်း အထုတ်ခံရဖို့ နီးစပ်လွန်းတဲ့ အနေအထား တစ်ရပ်ကို ပိုင်ဆိုင်သွားခဲ့ပါပြီ ။

ဒါပေမဲ့ ယူနိုက်တက် တာဝန်ရှိသူတွေက ထုတ်ပါ့မလားဆိုတာကို ဆက်လက် စောင့်ကြည့်ဖို့ လိုအပ် နေပါသေးတယ် ။ အဆိုပါ ပွဲစဥ် အပြီးမှာတော့ အင်္ဂလန် တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ ဂယ်ရီ လိုင်နီကာ က လူမှုကွန်ယက် ဖြစ်တဲ့ အင်စတာဂရမ်မှာ စာတစ်ကြောင်း တင်ရင်း ယူနိုက်တက် အသင်းကို ဟာသလုပ် လှောင်ပြောင် သွားခဲ့လိုက်ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်တော့ နောက််တစ်ကြိမ် ခွက်ခွက်လန်အောင် ရှုံးနိမ့်သွားရခြင်းပါပဲ ။ သူတို့တွေဟာ ကွန်တီကို အရခေါ်ယူနိုင်ဖို့ အမြဲတမ်း အခွင့်အရေးကောင်း ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ တို့လို့တွဲလောင်းပဲ ဖြစ်ခဲ့ရပါတယ် ” လို့ လိုင်နီကာ က ရေးသား လှောင်ပြောင်ခဲ့တာပဲ ဖြစ်ပါတယ် ။

 

ဂယ်ရီ လိုင်နီကာ ပြောခဲ့သလိုပါပဲ ၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လီဗာပူး အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ 5 ဂိုးပြတ် ရှုံးနိမ့်သွားခဲ့တဲ့နောက် ဆိုးလ်ရှားကို ထုတ်ပယ်ပြီး နည်းပြအဖြစ် ကွန်တီကို ခန့်အပ်ဖို့ အတော်လေး သတင်းကျယ်လောင်ခဲ့ပါသေးတယ် ။ ဒါ့အပြင် ကွန်တီ ကိုယ်တိုင်လည်း ယူနိုက်တက် အသင်းရဲ့ နည်းပြ ရာထူးကို စိတ်ဝင်စားကြောင်း သိခဲ့ရပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေကတော့ ဆိုးလ်ရှား ကိုပဲ ဆက်လက် ထောက်ခံအားပေးခဲ့ကြပြီး စပါးစ် ၊ အတ္တလန္တာ ၊ မန်စီးတီး နဲ့ ပွဲစဥ်တွေကို ကြည့်ရှုပြီးမှု ဆုံးဖြတ်ချက် တစ်ခုခုကို ချမှတ်ဖြစ်လိမ့်မယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက်ရဲ့ ရလဒ်တွေ ကျေနပ်ဖွယ် မဖြစ်ခဲ့ရပါဘူး ။

ဒါပေမဲ့ ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ ဆိုတာကလည်း အဆင််မပြေနိုင်တဲ့ အနေအထား တစ်ခုကို ရောက်ရှိနေခဲ့ရပါပြီ ။ ဘာဖြစ်လို့လဲ ဆိုတော့ ယူနိုက်တက်တို့ အလိုရှိနေခဲ့ကြတဲ့ ကွန်တီကို တော့တင်ဟမ် ဟော့ စပါး အသင်းက ကြားရက်မှာ ခေါ်ယူသွားခဲ့လို့ပဲ ဖြစ်ပါတယ် ။ ဒီအတိုင်းသာဆို ယူနိုက်တက်တို့ ဆိုးလ်ရှားနဲ့ပဲ ဆက်လက် နှစ်ပါးသွားရဖို့ ရှိနေပါတယ် ။

ဒီကြားထဲမှာတော့ နိုင်ငံတကာ ပွဲစဥ်တွေကို ကစားသွားရမှာ ဖြစ်တဲ့အတွက် ယူနိုက်တက်တို့ဟာ နည်းပြ အပြောင််းအလဲ လုပ်မလား ၊ မလုပ်ဘူးလားဆိုတဲ့ အပေါ် ဆုံးဖြတ််ချက်ချဖို့ အချိန်ရရှိကြပါလိမ့်မယ် ။ အကယ်လို့ မထုတ််ဖြစ်ခဲ့ရင်တော့ နိုင်ငံ့ပွဲစဥ်တွေ ပြီးဆုံးပါက ဆိုးလ်ရှားဟာ ဝက်ဖို့ဒ် ၊ ဗီလာ ရီးယဲ ၊ ချဲလ်ဆီး ၊ အာဆင်နယ် အသင််းတွေကို ဆက်လက် ရင်ဆိုင်သွားရပါလိမ့်မယ် ။

#Sports_Myanmar