တော့တင်ဟမ် နည်းပြ ဘဝ ပထမဆုံး ရှုံးပွဲ ကြုံတွေ့သွားပြီးနောက် ဝန်ခံမှု တစ်ခုပြုလုပ်လိုက်တဲ့ ကွန်တီ

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ကွန်းဖရန့်လိဂ် အုပ်စု ပွဲစဉ်(၅) တွင် အင်္ဂလန် ကလပ် တော့တင်ဟမ် အသင်းဟာ အဝေးကွင်းမှာ အုပ်စု အောက်ဆုံးက ဆလိုဗေးနီးယား ကလပ် Mura အသင်းကို အံအား သင့်ဖွယ် ရှုံးနိမ့် သွားခဲ့ပါတယ် ။

Mura အသင်းဟာ ပွဲချိန် ၁၁ မိနစ်မှာ ဟောဗက် ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပြီး ၊ ပွဲချိန် ၃၂ မိနစ်မှာ တော့တင်ဟမ် က ဆက်ဇက်နွန် နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ် ခံရတာကြောင့် တစ်ယောက် အသာနဲ့ ကစားခွင့် ရခဲ့ပါတယ် ။

ဒါပေမယ့် ဟယ်ရီကိန်း က ဒုတိယပိုင်းမှာ တော့တင်ဟမ် အတွက် ချေပဂိုး ပြန်သွင်း ပေးခဲ့တာကြောင့် ၁-၁ ပြန်ဖြစ်သွားခဲ့ပါတယ် ။ သရေရလဒ် နဲ့ ပွဲပြီးဆုံးတော့မယ်လို့ ထင်မှတ် နေချိန်မှာ Mura အတွက် အနိုင်ဂိုးကို မာရိုဆာ က နာကျင် အချိန်ပိုမှာ သွင်းယူ နိုင်ခဲ့ပါတယ် ။

ဒီနေ့ ရှုံးပွဲဟာ ကွန်တီ အတွက် တော့တင်ဟမ် အသင်း နည်းပြ ဘဝ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ ခဲ့ရခြင်း ဖြစ်ပါတယ် ။ ဒီနေ့ ရှုံးပွဲကြောင့် တော့တင်ဟမ် အသင်းဟာ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ရန်းနက်စ် အသင်းကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်သွားပြီလည်း ဖြစ်ပါတယ် ။

ပွဲအပြီးမှာတော့ ကွန်တီ က ” တကယ့်ကို ဆိုးရွားတဲ့ ရှုံးနိမ့်မှု ပါပဲ ၊ ကစားပုံ စွမ်းဆောင်ရည်ကလည်း ညံ့ဖျင်း ခဲ့ပါတယ် ။ ကျွန်တော်တို့ ရှေ့လျှောက် အများကြီး လုပ်ဆောင်ရဦးမယ်ဆိုတာ သိပါတယ် ၊ ကျွန်တော်တို့ အတွက် တကယ့်ကို ခက်ခဲတဲ့ အခိုက်အတန့် တစ်ခုပါပဲ ။ ”

” တိုးတက်လာဖို့ ၊ ပြန်ကောင်းလာဖို့ အတွက်တော့ စိတ်ရှည်ဖို့ လိုအပ်ပါလိမ့်မယ် ။ ကျွန်တော်တို့ နည်းစနစ်ပိုင်း နဲ့ နည်းဗျူဟာ ပိုင်းပါ ညံ့ဖျင်း ခဲ့ရုံမက စိတ်ဓတ်ပိုင်းဆိုင်ရာလည်း အားနည်း ခဲ့ပါတယ် ၊ အရင် ကောင်းခဲ့တဲ့ တော့တင်ဟမ် အသင်းကို ပြန်ဖြစ်လာဖို့ အချိန်ယူရပါမယ် ။ ”

” ခင်ဗျားတို့ကို ရိုးရိုးသားသား ပြောပြစရာ တစ်ခု ရှိပါတယ် ၊ တော့တင်ဟမ် အသင်းကို သုံးပတ်တာ ကိုင်တွယ်အပြီးမှာ အခြေအနေတွေကို နားလည်စ ပြုလာပါပြီ ၊ ကျွန်တော် ပြောပြနိုင်တာက အခြေအနေတွေက မရိုးရှင်းပါဘူး ၊ အခု အချိန်မှာတောတင့်ဟမ် ရဲ့အဆင့်အတန်းက သိပ်အမြင့်ကြီးလည်း မဟုတ်နေပါဘူး ။ ”

” အင်္ဂလန် က ထိပ်သီး အသင်းတွေကြားမှာ ကွာဟချက် ကြီးကြီးမားမား ရှိနေပါတယ် ၊ ကျွန်တော်တို့ ကြောက်နေဖို့ ပြောတာ မဟုတ်ပါဘူး ၊ ကျွန်တော် ဒီကို ရောက်လာတာက အလုပ်လုပ်ဖို့ နဲ့ အသင်း တိုးတက်အောင် လုပ်ဖို့ပါ ။ကျွန်တော်တို့ အတူတကွ စုစုစည်းစည်း နဲ့ ဘက်ပေါင်းစုံကနေ တိုးတက်ကောင်းမွန်လာအောင် ကြိုးစားသွားရမှာပါ ၊ ကျွန်တော်တို့ အချိန်တော့လိုပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM