တီယာဂိုကို ယူနိုက်တက် ဂန္တ၀င်နဲ့ ခိုင်းနှိုင်းလိုက်ကာ ပေါ်တိုနဲ့ပွဲမှာ လီဗာပူး ကစားသမား တစ်ဦးနဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ပူမိတယ်လို့ ဆိုလိုက်တဲ့ အို၀င်

မိုက်ကယ်အို၀င်က မနေ့ညက ပေါ်တိုနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ နောက်ခံလူ အေဗရာဟီမာကိုနာတေးရဲ့ ပထမပိုင်း ကစားပုံနဲ့ ပက်သက်ပြီး သူ့အနေနဲ့ စိုးရိမ်ပူပန်မိတယ်လို့ ပြောလိုက်ပါတယ်။ လီဗာပူး နဲ့ ပေါ်တို တို့ဟာ ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့ပေမယ့်လည်း ဧည့်သည် အသင်းဟာ ပထမပိုင်းမှာ ဦးဆောင်ဂိုး ရနိုင်မယ့် အခွင့်အရေးကောင်းတွေ ရရှိခဲ့ပါတယ်။

ကိုနာတေးဟာ ပွဲချိန် မိနစ် ၃၀ မှာ မာရီယိုကို လုပ်ခဲ့တဲ့ challenge ကြောင့် အဝါကတ် ပြသခံခဲ့ရပါတယ်။ ဒ့ါအပြင် အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ပေါ်တိုတို့ ရရှိခဲ့တဲ့ အခွင့်အရေးကောင်းတွေ အတွက် အမှားအယွင်းတွေ လုပ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဘောလုံးအစီအစဉ် တင်ဆက်သူ အဖြစ် လုပ်ကိုင်နေတဲ့ လီဗာပူး တိုက်စစ်မှုး မိုက်ကယ်အို၀င်က ကိုနာတေး နဲ့ သူ့ရဲ့ တွဲဖက် ဗဟိုနောက်ခံလူ ဂျိုရယ်မာတစ် တို့ရဲ့ ကြားမှာ ပိုမို ကောင်းမွန်တဲ့ communication တွေ လိုအပ်ခဲ့တယ်လို့ ထောက်ပြ သွားခဲ့ပါတယ်။

အို၀င်က “ဒါဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ ပေါ်တို အတွက် အရမ်းကို အရေးကြီးတဲ့ ပွဲစဉ်ပါ။ သူတို့ဟာ ဒီပွဲစဉ်မှာ အပိုင် အခွင့်အရေး ၁ ကြိမ် ၂ ကြိမ်လောက် ရရှိခဲ့ပါတယ်။ ကိုနာတေးရဲ့ ကစားပုံဟာ ကျွန်တော့်ကို အနည်းငယ် စိုးရိမ်ပူပန်စေတယ်လို့ ပြောသွားရမှာပါ။ သူဟာ press တွေ အနည်းငယ် လုပ်ကာ လူကပ် ကစားရတာကို နှစ်သက်တဲ့ သူပါ။ ဒါပေမယ့် အကြိမ်တော်တော်များများမှာ သူဟာ နောက်မှာ ကျန်နေခဲ့ပါတယ်။

ပေါ်တို ကစားသမားတွေဟာ သူ့ကို ကျော်ဖြတ်သွားခဲ့တာကို ပထမပိုင်းမှာ ကျွန်တော်တို့ အကြိမ် အနည်းငယ် မြင်တွေ့ ခဲ့ရမှာပါ။ ဒါ့ကြောင့် လီဗာပူး အနေနဲ့ ဗာဂျယ်ဗန်ဒိုက် မပါ၀င်တဲ့ ပွဲစဉ်တွေမှာ ခံစစ်ပိုင်းကို ဂရုစိုက်ရ ပါလိမ့်မယ်။ ဗဟို နောက်ခံလူတွေကြားမှာ communication ဟာ အတော် အရေးပါပါတယ်။ မာတစ် နဲ့ ကိုနာတေး တို့ဟာ ဒီပွဲစဉ်မှာ တစ်ဦးနဲ့ တစ်ဦး သိပ်ပြီး ဆက်သွယ်တာကို ကျွန်တော်တို့ မမြင်ခဲ့ရပါဘူး။ သူတို့ကြားမှာ ဟာကွက်တွေ ရှိနေခဲ့ပါတယ်။ သူတို့ ဒီထက် ကျစ်ကျစ်လစ်လစ် ကစားဖို့ လိုအပ်ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူး အတွက် ဂိုးတွေကိုတော့ ဒုတိယပိုင်းမှာ တီယာဂိုအယ်ကန်တာရာ နဲ့ မိုဟာမက်ဆာလား တို့က သွင်းယူခဲ့ပြီး လီဗာပူးဟာ အက်သလက်တီကို အေစီမီလန် တို့လို အသင်းတွေ ပါ၀င်နေတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ၅ ပွဲကစား ၅ ပွဲ စလုံး အနိုင်ရခဲ့ပါတယ်။

ဆက်လက်ပြီး အို၀င်က ပေါ်တိုနဲ့ ပွဲစဉ်မှာ ကိုက် ၃၀ အကွာကနေ လှပစွာ ကန်သွင်းယူခဲ့တဲ့ တီယာဂိုရဲ့ ကန်ချက် အပေါ် အံ့သြမှင်သက်နေပြီး ယူနိုက်တက် ဂန္တ၀င် ပေါလ်စခိုးနဲ့ ခိုင်းနှိုင်းသွားခဲ့ပါတယ်။

အို၀င်က “သူဟာ လီဗာပူးမှာ ရှိတဲ့ အခြား ကစားသမားတွေနဲ့ ကွဲပြားတဲ့ အရည်အသွေးတွေ ရှိနေပါတယ်။ လီဗာပူးမှာ အထိုင်ကျဖို့ အချိန် အနည်းငယ် ယူခဲ့ရပေမယ့် သူဟာ အရမ်းကောင်းတဲ့ သူပါ။ သူ့ဆီမှာ စခိုးလ်ရဲ့ အရည်အသွေး တစ်ချို့ကို တွေ့နေရပါတယ်။ သူဟာ ဒီလို ဂိုးမျိုးကို သွင်းယူနိုင်တဲ့ ကစားသမား အနည်းငယ်ထဲက တစ်ဦး ဖြစ်ပါတယ်။” လို့ ချီးကျူးခဲ့ပါတယ်။

SM