ဆိုးလ်ရှားရဲ့ နေရာအတွက် ယူနိုက်တက်တို့ ဘယ်လိုနည်းပြမျိုးကို လိုအပ်မလဲဆိုတာ ပြောပြလိုက်တဲ့ အလန် ဟတ်တန်

အက်စတွန် ဗီလာ နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းတို့ရဲ့ ညာနောက်ခံလူဟောင်း တစ်ဦးဖြစ်တဲ့ အလန် ဟတ်တန် က မန်ချက်စတာ ယူနိုက်တက် တို့ဟာ အသင်းကို ပြန််လည် အသက်ဝင်စေဖို့ အတွက် နာမည်ကျော် နည်းပြ တစ်ဦးကို လိုအပ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

ဒီရာသီ အတွင်း တည်ငြိမ်တဲ့ ရလဒ်တွေကို ရယူနိုင်ဖို့ ရုန််းကန်နေခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားဟာ လက်စတာ စီးတီး ၊ လီဗာပူး ၊ မန်စီးတီး အသင်းတွေကို ရှုံးနိမ့်ခဲ့တဲ့နောက် အထုတ်ခံရဖို့ နီးစပ်တဲ့ အနေအထား တစ်ရပ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ် ။

လက်ရှိ အချိန်အထိတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘယ်သူ့ကို နည်းပြသစ် အဖြစ် ရွေးချယ်မလဲဆိုတာ မဆုံးဖြတ်ရသေးတဲ့အပြင် ဆိုးလ်ရှား အပေါ် ထောက်ခံမှုတွေပါ ရှိနေသေးတဲ့ အတွက် နော်ဝေသား ဟာချက်ချင်း အလုပ်ပြုတ်ဖို့ မဖြစ်နိုင်သေးပါဘူး ။

ဒါပေမဲ့ သူ့ရဲ့ အနာဂတ် အိုးလ် ထရပ်ဖို့ဒ်မှာ ဆက်လက် ရှိနိုင်မလား ဆိုတာကတော့ မရေရာတာ သေချာနေခဲ့ပါပြီ ။ အခုတော့ ဟတ်တန် က ယူနိုက်တက် အသင်းကို ထိပ်တန််း နည်းပြ တစ်ဦး ခေါ်ယူဖို့ လိုအပ်ကြောင်း တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

” ဒါက ခက်ခဲတဲ့ အခိုက်အတန့် တစ်ခုပါပဲ ။ ဆိုးလ်ရှားဟာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့အတွက် ပိုများတဲ့ အချိန်ပေးမှုတွေကို ရရှိခဲ့ပြီးပါပြီ ။ ယူနိုက်တက်က ဒီလို လုပ်ဆောင်တဲ့ အပေါ် ကျွန်တော် နားလည်ပေးနိုင်ပါတယ် ”

” ဒါပေမဲ့ မန်ချက်စတာယူနိုက်တက် အသင်းဖက်ကသာ ထိပ်သီး လေးသင်း စာရင်းထဲကို ဝင်ရောက်နိုင်ဖို့အတွက် စိန်ခေါ်လိုတယ် ဆိုရင်တော့ ထိပ်တန်း နည်းပြ တစ်ဦးကို သေချာပေါက် ခေါ်ယူသွားဖို့ လိုအပ်နေပါလိမ့်မယ် ”

” အသင်းကို ပြန်လည် တည့်မတ်ပေးဖို့ အတွက် သူတို့ဟာ တစ်စုံတစ်ယောက်ကို လိုအပ်နေပါလိမ့်မယ် ။ ကျွန်တော်် ဒီနှစ် သူတို့ရဲ့ ပွဲစဥ် အချို့ကို ကြည့်ခဲ့ဖူး ပါတယ် ။ လက်စတာ နဲ့ ပွဲပေါ့ ။ သူတို့တွေက တစ်ကိုယ်တော် စွမ်းရည်ကောင်း များနေတဲ့ အသင်း တစ်သင်းသာ ဖြစ်နေခဲ့ပါတယ် ”

” သူတို့က အစုအဖွဲ့ တစ်ခုအဖြစ် ဖိကစားနိုင်ခြင်း မရှိခဲ့ပါဘူး ။ သူတို့က အကျိုးသက်ရောက်မှု ပေးနိုင်တဲ့ အစုအဖွဲ့ မဟုတ်ခဲ့ရပါဘူး ။ ဒါကို ဖြေရှင်းဖို့ အတွက် ကြီးမားတဲ့ နည်းပြ တစ်ဦးတစ်ယောက် ရောက်လာဖို့ တကယ်ပဲ လိုအပ်နေပါတယ် ” လို့ ဟတ်တန် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာ ယူနိုက်တက် နည်းပြ ရာထူး အတွက် လက်စတာ မှ ဘရန်ဒန် ရော်ဂျာ ၊ အေဂျက် မှ အဲရစ် တန်ဟတ် ၊ ရီးယဲ မက်ဒရစ် အသင်းမှ နည်းပြဟောင်း ဇနက်ဒင်း ဇီဒန်း တို့က ရေပန်းစား နေကြပေမဲ့ အခုထိ ဘယ်သူမှ ဦးစားပေး အဖြစ် မရှိကြသေးဘူးလို့ သိရပါတယ် ။

#Sports_Myanmar