ဆိုးလ်ရှားရဲ့ ကစားကွက် ပြောင်းလဲမှုက ရော်နယ်ဒိုအတွက် ဘယ်လို ကောင်းကျိုးတွေ ဖြစ်စေခဲ့လဲဆိုတာ ပြောပြလိုက်တဲ့ ဂယ်ရီ နဗီးလ်

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဥ် 10 အဖြစ် တော့တင်ဟမ် ဟော့ စပါး အသင်းနဲ့ အဝေးကွင်း ပွဲစဥ် ကစားခဲ့ရပြီး 0 – 3 ဆိုတဲ့ ရလဒ် နဲ့ ပရိသတ်တွေ မျှော်လင့် နေတဲ့ ဂိုးပြတ် နိုင်ပွဲ ရယူသွားနိုင်ခဲ့ ပါတယ် ။

အိုလီ ဂန်နား ဆိုးလ်ရှား ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ စတင် ရောက်ရှိ ကတည်းက 4-2-3-1 ဆိုတဲ့ ကစားကွက်ကိုချည်း တွင်တွင် အသုံးပြုနေခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ် ။ ဒါ ထိုက်သင့်သလောက်လည်း အလုပ်ဖြစ်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ ဒီနှစ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 4 ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးပြီး အမှတ်ပေး ဇယား အဆင့် 7 နေရာ အထိဆင်း ၊ ဆိုးလ်ရှားလည်း အထုတ်ခံရဖို့ထိ နီးစပ် သွားခဲ့တဲ့ အချိန်မှာ နော်ဝေသားဟာ ကစားကွက် ပြောင်းလဲသွားခဲ့ပါတယ် ။

စပါးနဲ့ ပွဲမှာတော့ ဆိုးလ်ရှားဟာ 5-3-2 အဖြစ် ပြောင်းလဲလို့ ရနိုင်တဲ့ 3-4-1-2 ကစားကွက်ကို ခင်းကျင်းခဲ့ပြီး ခံစစ် အားသန် ကစားသမား 7 ဦး အထိ ထည့်သွင်းသွားခဲ့လိုက် ပါတယ် ။ ဒါဟာ ကနဦးမှာ ပရိသတ်တွေ အတွက် ဝေဖန်စရာ ဖြစ်ခဲ့ရပါသေးတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ ယူနိုက်တက်တို့ 0 – 3 နဲ့ နိုင်ခဲ့တဲ့ အတွက် ဝေဖန်သံတွေ ပျောက်ကွယ် သွားခဲ့ရပါတယ် ။ အခုတော့ ယူနိုက်တက် ဂန္ဓဝင် ဂယ်ရီ နဗီးလ် က ကစားကွက်် ပြောင်းလဲမှုက စီ ရော်နယ်ဒိုရဲ့ ခံစစ် ဆင်းကူရေး ဖိအားတွေကို လျှော့ချပေးနိုင်ခဲ့ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ 37 ပွဲလုံး 4-2-3-1 ဆိုတဲ့ ကစားကွက််ကိုချည်း ခင်းကျင်းခဲ့ပါတယ် ။ 5-3-2 ကစားဖို့ ဆိုတာက သူ့ရဲ့ plan မဟုတ်ခဲ့ရပါဘူး ။ အခုလို ကစားကွက် ပြောင်းလဲလိုက်ခြင်းက ခရစ္စတီယာနို အတွက် လိုက်ဖက် ခဲ့တယ်လို့ ထင်မိပါတယ် ”

” အဲ့ဒီလို ကစားခြင်းက သူ့ကို ခံစစ်ဆင်းကူရေး ဖိအားတွေကနေ လွတ်မြောက်စေနိုင်ခဲ့တယ်လို့ ထင်မိပါတယ် ။ ပြီးခဲ့တဲ့ လီဗာပူး ၊ လက်စတာ အသင်းတွေနဲ့ ပွဲစဥ်မှာ သူ့ရဲ့ ကစားပုံကို ကြည့်နေရတာက ကောင်လေး တစ်ယောက််ကို မြင်နေရသလို ဖြစ်ခဲ့ရပါတယ် ”

” ဒါပေမဲ့ ဒီနေ့တော့ ပြောင်းလဲလာတဲ့ ကစားကွက်မှာ သူဟာ အံဝင်စွာ ကစားပေးနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ် ။ ဒီနေ့က သူ့အတွက် နေ့ကောင်း ဖြစ်ခဲ့ရပါတယ် ။ ဂိုးသွင််းနိုင်ခဲ့လို့ ဒီလို ပြောတာ မဟုတ်ရပါဘူး ၊ ဒီပွဲမှာ သူဟာ အသင်းရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင် ကစားပေးနိုင်ခဲ့တယ်လေ ”

 

” ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေတုန်းက သူ့ရဲ့ ကစားပုံတွေဟာ သီးခြားဖြစ်နေခဲ့သလို ပါပဲ ။ အဲ့ဒီ ကစားကွက်မှာ သူဟာ ပြိုင်ဖက်တွေကို ဖိအားပေး ကစားဖို့ တောင်းဆိုခံခဲ့ရပေမဲ့ မလုပ်ပြနိုင်ခဲ့ပါဘူး ” လို့ ဂယ်ရီ နဗီးလ် က သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar