ဆိုးလ်ရှားကို ” ဝေဖန်ခံရဖို့ မိနစ် 90 သာ လိုအပ်သူ ” လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ဂျိုကိုးလ်

ချဲလ်ဆီးနဲ့ လီဗာပူး အသင်းတို့ရဲ့ ကွင်းလယ်လူဟောင်း တစ်ဦး ဖြစ်သူ ဂျိုကိုးလ် က ယူနိုက်တက် နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားဟာ ဝေဖန်ခံရဖို့ မိနစ် 90 သာ လိုအပ်သူ တစ်ဦး ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန် ထိုးနှက် သွားခဲ့လိုက် ပါတယ် ။

 

ပရီးမီးယားလိဂ် ပွဲစဥ် 11 ပြီးဆုံးခဲ့ချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဝေးကွင်း 5 ပွဲ ကစားထားခဲ့ပြီး 3 ပွဲနိုင် ၊ 1 ပွဲသရေ ၊ 1 ပွဲရှုံး နဲ့ ရမှတ် 10 မှတ် ရှာဖွေနိုင််ခဲ့ပါတယ် ။ ဒါပေမဲ့ အိမ်ကွင်း 6 ပွဲမှာတော့ 2 ပွဲသာ နိုင်ပြီး 1 ပွဲသရေ ၊ 3 ပွဲထိ ရှုံးနိမ့်ထားခဲ့ပါတယ် ။

ဒါ့ကြောင့် အဝေးကွင်းမှာ ဒီရာသီ ယူနိုက်တက် အသင်းရဲ့ ရလဒ်တွေဟာ စိတ်ပျက်စရာချည်း ဖြစ်ခဲ့ရ ပါတယ် ။ အဆိုပါ ရှုံးပွဲတွေထဲမှာတော့ ယူနိုက်တက်တို့ အိုးလ် ထရပ်ဖို့ဒ် မှာ လီဗာပူး ကို 0 – 5 ၊ မန်စီးတီး ကို 0 – 2 ဆိုတဲ့ ရလဒ််တွေနဲ့ ရှုံးနိမ့်တာလည်း ပါဝင်ခဲ့ပါတယ် ။

အခုတော့ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ်မှာ 11 ပွဲ ကစားအပြီးနောက် အမှတ်ပေး ဇယားကို ဦးဆောင်နေခဲ့တဲ့ ချဲလ်ဆီး အသင်းအောက် 9 မှတ် အကွာကို ရောက်ရှိ သွားခဲ့တာကြောင့် ဆိုးလ်ရှားဟာလည်း အထုတ်ခံရဖို့ နီးစပ််နေတဲ့ ဖိအားတွေအောက် ကျရောက်ခဲ့ပါပြီ ။

အခုတော့ ချဲလ်ဆီး နဲ့ လီဗာပူး ကစားသမားဟောင်း ဂျို ကိုးလ်က ဆိုးလ်ရှားမှာ ကြိုတွက်လို့ရတဲ့ ပုံသေနည်းတစ်ခု ရှိကြောင်း ၊ သူဟာ ဝေဖန်မှု တစ်ကြိမ် ခံရဖို့ အတွက် မိနစ်် 90 သာ စောင့်ဆိုင်းရသူ တစ်ဦးဖြစ်ကြောင်း ထိုနှက်ခဲ့လိုက်ပါတယ် ။

” ဆိုးလ်ရှားနဲ့ ပတ်သက်လို့ ပုံသေနည်းတစ်ခုနဲ့ ခံစားပေးလို့ ရနိုင်ပါတယ် ။ သူ့ကို ကြည့်ရတာ ဝေဖန်မှုတွေ ခံရနိုင်ဖို့ အမြဲတမ်း မိနစ် 90 သာ လိုအပ်ခဲ့တဲ့ပုံ ပေါ်နေခဲ့ပါတယ် ။ ယူနိုက်တက် အသင်း ရလဒ်တွေ ဆိုးရွားနေခဲ့ပါတယ် ။ ဒါပေမဲ့ သူ့ကို အားပေးထောက်ခံသူတွေ ရှိနေဆဲပါပဲ ”

” ဒီနှစ်က သူ့အတွက်တော့ လုပ်ပြမလား ဒါမှမဟုတ် အသင််းကနေ ထွက်ခွာသွားမလား ဆိုတဲ့ ဘောလုံးရာသီ တစ််ခုပဲလို့ ကျွန်တော်တို့ ပြောဆိုနေခဲ့ဖူးပါတယ် ။ သူ့ အနေနဲ့ ဒီနှစ်မှာ အသင်းကို အောင်မြင်မှုရရှိအောင် မဖြစ်မနေ ကြိုးစားအားထုတ်ပြရမှာ ပါပဲ ”

” ယူနိုက်တက် တစ်ခေတ်တုန်းက သူတို့တွေက ဘယ်လို အသင်းမျိုးကိုမဆို အနိုင်ယူနိုင်စွမ်း ရှိခဲ့ဖူးကြ ပါတယ် ။ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာတော့ အရည််အသွေးကောင်းတွေ ရှိနေပါတယ် ၊ ဒါပေမဲ့ ကွင်းလယ်မှာတော့ ဟန်ချက်တစ်ခု ရှိမနေပါဘူး ”

” သတင်းသုံးသပ်သူတိုင်းက ဒီအချက်ကို အမြဲ ပြောဆိုနေခဲ့ကြပါတယ် ။ ဒါပေမဲ့ ယူနိုက်တက် အသင်းကတော့ အားနည်းချက်တွေ ရှိနေဆဲ ပါပဲ ။ ဒီနေရာမှာတော့ မန်စီးတီး အသင်းဟာ အရမ်းကို တောင့်တင်းလွန်း ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက်သာ ဒီအားနည်းချက်ကို မပြင်နိုင်ရင် ဆုဖလားအတွက် ယှဥ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး ”

” သူတို့ရဲ့ တိုက်စစ် အင်အားကို ကြည့်လိုက်မယ်ဆိုရင် ပွဲတိုင်း 4 ၊ 5 ဂိုးလောက် သွင်းနိုင်လိမ့်မယ်လို့ ထင််ကြေးပေးလို့ ရနိုင်ပါတယ် ။ ဒီရာသီ သူတို့တွေ ဆုဖလားတွေကို ဆွတ်ခူးနိုင်မလား ဆိုတာနဲ့ ပတ်သက်လို့ ကျွန်တော်ဟာ ပြီးခဲ့တဲ့ သုံး ၊ လေးပါတ်ထဲက ဆုံးဖြတ်ခဲ့ပြီးပါပြီ ”

” ဒီရာသီ သူတို့ကို သုံး ၊ လေးကြိမ်လောက် စောင့်ကြည့်ခဲ့ရုံနဲ့ ဒီအချိန်မှာ သူတို့ဟာ မန်စီးတီး ၊ လီဗာပူး ၊ ချဲလ်ဆီး အသင်းတွေကို ယှဥ်နိုင်စွမ်း မရှိမှန်း သိသာထင်ရှားနေခဲ့ပါတယ် ။ သူတို့ဟာ အလုပ်တွေ ဆက်ကြိုးစားဖို့ လိုနေပါသေးတယ် ” လို့ ဂျို ကိုးလ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar