ဆိုးလ်ရှားကို ဖိအားတွေအောက် ကျရောက်စေခဲ့တဲ့ အဓိကအကျဆုံး ပြသနာ နှစ်ခုကို ထုတ်ပြောလိုက်တဲ့ ဂယ်ရီ နဗီးလ်

ပြီးခဲ့တဲ့ ရက်သတ္တပါတ်တုန်းက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လက်စတာ စီးတီး အသင်းကို 4 – 2 ၊ လီဗာပူး အသင်းကို 0 – 5 ဆိုတဲ့ ရလဒ် တွေနဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ်မှာတော့ မြို့ခံပြိုင်ဖက် မန်စီးတီး အသင်းကို 0 – 2 နဲ့ ရှုံးနိမ့်သွားခဲ့ပြန်ပါတယ် ။

ဒီလိုရလဒ်တွေကြောင့် လီဗာပူး အသင်းကို ရှုံးနိမ့်ခဲ့စဥ် ကတည်းက အထုတ်ခံဖို့ သတင်းကြီးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ မန်စီးတီးကို ရှုံးနိမ့်အပြီး အထုတ်ခံရဖို့ ပြန်လည် သတင်းကြီးလာခဲ့ပါပြီ ။ ဒါပေမဲ့ သူ့ဖက်က ကာကွယ်ပေးသူတွေကြောင့် အသင်းမှာ ဆက်ရှိနေပါသေးတယ် ။

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ဆိုးလ်ရှားဟာ အထုတ်ခံရဖို့ အတွက် ကြီးမားတဲ့ ဖိအားတွေအောက် ကျရောက်နေခဲ့တာတော့ အသေအချာပါပဲ ။ အခုလို ဖြစ်ရတဲ့ အကြောင််းအရင်းကို ပြောဆိုရာမှာ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ်က ယူရိုပါလိဂ် ဖိုင်နယ် ရှုံးပွဲ ၊ ကာရာဘောင် ဖလား ပြိုင်ပွဲမှ ထွက်ခွာမှုတွေကို လက်ညှိုးထိုး သွားခဲ့လိုက်ပါတယ် ။

” ပြီးခဲ့တဲ့ နှစ်နှစ် ၊ သုံးနှစ် အတွင်းမှာ အိုလီဟာ အသင်းကို ရှေ့ဆက် စေနိုင်ခဲ့ ပါတယ် ။ သူဟာ ယူနိုက်တက် ကို အဆင့် 6 ၊ အဆင့် 3 ၊ အဆင့် 2 နေရာတွေဆီ တက်လှမ်း စေနိုင်ခဲ့တယ်လေ ။ သူတို့တွေဟာ ဗီလာ ရီးယဲ နဲ့ ရင်ဆိုင်ခဲ့စဥ်တုန်းက ယူရိုပါလိဂ် ဖလားတောင် ရခဲ့သင့်ပါသေးတယ် ”

” ကျွန်တော် အဲ့ဒီအချိန်ကို ပြန်ကြည့်တိုင်း ဆိုးရွားလွန်းတဲ့ အခိုက်အတန့်ပဲလို့ ခံစားရပါတယ် ။ ခင်ဗျား ဖလားတွေကို လက်လွှတ်ရမယ် ၊ ဖိုင်နယ်တွေမှာ ရှုံးမယ်ဆိုရင် အဲ့တာတွေက ကစားသမားတွေ အပေါ် သက်ရောက်မှု ကြီးမားလှပါတယ် ”

” အဲ့တာရဲ့ ပြောင်းပြန်ကို ပြောရမယ်ဆိုရင် ခင်ဗျား ဆုဖလားတွေ ဆွတ်ခူးမယ် ၊ လည်ပင်းမှာ ဆုတံဆိပ် ချိတ်ခွင့် ရမယ်ဆိုရင် အဲ့တာက ခင်ဗျားတို့ နှစ်တွေ အတော်ကြာ အထိ ဖလား မရခဲ့တဲ့ ခံစားချက်ဆိုး တွေကို ပယ်ဖျောက်ပေးနိုင်စွမ်း ရှိလှပါတယ် ။ ခင်ဗျား ဖလားရဖို့ တကယ်ပဲ လိုအပ်လှ ပါတယ် ”

” ကာရာဘောင်း ဖလား ပြိုင်ပွဲမှာ ဝက်စ်ဟမ်း အသင်းကြောင့် ထွက်ခွာခဲ့ရခြင်း ကလည်း ပြသနာ တစ်ခုပါပဲ ။ ဒါက ကြီးမားတဲ့ ပြသနာ တစ်ခုပါ ။ ခင်ဗျား ကာရာဘောင်် ဖလား ပြိုင်ပွဲကနေ အခုလို ထွက်ခွာလိုက်လို့ မရပါဘူး ။ ဒါက ခင်ဗျား ရယူနိုင်ခွင့် ရှိနေတဲ့ ဆုဖလား တစ်ခုပါ ”

” ပြီးတော့ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ်တွေ အကြောင််းကို ပြောရမယ်ဆိုရင် ပရီးမီးယားလိဂ် က ပြီးသွားပါပြီ ။ အခုအချိန်မှာ မရနိုင်လုနီးပါး ဖြစ်သွားခဲ့ရပါပြီ ။ ချန််ပီယံလိဂ် ဖလား ဆွတ်ခူးရေး ဆိုတာကလည်း 100 % မှာ ဖြစ်နိုင်ခြေ 1% လောက်ပဲ ရှိတဲ့ အရာ တစ်ခုပါ ။ ဒီမှာ ပြိုင််နေတဲ့ အသင်းတွေရဲ့ အရည်အသွေးတွေကြောင့်ပေါ့ ”

” ဒါ့ကြောင့် အခွင့်အရေးက 1% ထက်တောင် နည်းနိုင်ပါသေးတယ် ။ ဒါ့ကြောင့် FA ဖလား ၊ ကာရာဘောင် ဖလားတွေဆိုတာ အလွယ်တကူ ထွက်လို့ ကောင်းနိုင်တဲ့ ပြိုင်ပွဲတွေ မဟုတ်ရပါဘူး ။ ကာရာဘောင်း ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာက တကယ့်ကို ဆိုးရွားတဲ့ အခိုက်အတန့်ပဲလို့ ကျွန်တော် ထင်မိပါတယ် ”

” ပရိသတ်တွေဟာ စိတ်ပင်ပန်းလွန်းလို့ မန်စီးတီးနဲ့ ပွဲစဥ်မှာ ကွင်းထဲကနေ ထွက်ခွာခဲ့ကြတာပါ ။ ယူနိုက်တက် အသင််း ပြန်လာရေး ခရီးစဥ်မှာ ကျွန်တော်တို့ ဘယ်နေရာကို ရောက်ရှိနေကြပြီလဲ ? ယူနိုက်တက် အသင်း ပြန်လာနိုင်မလား ” လို့ ဂယ်ရီ နဗီးလ် က ထုတ်ဖော် ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar