စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားတွေ အဖြစ် ထိပ်ဆုံးကနေ ရပ်တည်နေကြတဲ့ လီဗာပူး ကစားသမားများ

ဝက်စ်ဟမ်း ကို ရှုံးနိမ့်ပြီး နောက်ပိုင်း ယာဂန် ကလော့ပ် ရဲ့ လီဗာပူး ဟာ အိမ်ကွင်း အန်ဖီးလ်မှာ ပေါက်ကွဲ သံဇဉ်တွေ ဆက်တိုက် ဖော်ကျူးလျှက် ရှိနေပါတယ်။

နိုင်ငံတကာ ဘောလုံး ပွဲစဉ်တွေ အပြီးမှာ ကတည်းက သူတို့အသင်းဟာ အိမ်ကွင်း ပွဲစဉ် 3 ပွဲ ဆက်တိုက် ကစားခဲ့ရပြီး ၊ 3 ပွဲ စလုံးကို အနိုင် ရရှိကာ စုစုပေါင်း 10 ဂိုး အထိ သွင်းပြထားခဲ့တဲ့ အပြင် ပေးဂိုးကလဲ လုံး၀ မရှိပါဘူး။

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရှုံးပွဲ မရှိ စံချိန် မှတ်တမ်းတွေ နဲ့ ရှေ့ဆက်နေတဲ့ အာတီတာ ရဲ့ အာဆင်နယ် ကို 4-0 နဲ့ အနိုင်ယူပြီးနောက် စိတ်ဓါတ်ပိုင်း ဆိုင်ရာ ယုံကြည်ချက်တွေ ပြန်လည် မြင့်မားလာခဲ့တဲ့ အပြင် ၊ အမှတ်မလိုတော့တဲ့ ချန်ပီယံလိဂ် မှာလဲ ပေါ်တို ကို 2 ဂိုး ၊ မနေ့ညက ကစားခဲ့တဲ့ ဆောက်သမ်တန် နဲ့ ပွဲစဉ်မှာလဲ ဂျော်တာ ၊ ဗန်ဒိုက် ၊ တီယာဂို တို့ ရဲ့ သွင်းဂိုးတွေ နဲ့ အနိုင်ယူပြခဲ့ ပါတယ်။

ခံစစ်မှုး ဗန်ဒိုက် ကတော့ ကာလရှည် ဒဏ်ရာပြသနာ ကနေ ပြန်လည် သက်သာခဲ့ပြီး နောက်ပိုင်း အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ပြန်လည် ပြသနေပြီ ဖြစ်သလို ၊ ဂိုးပေါက်တောင် ပြန်လည် ရှာဖွေ သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် က ထုတ်ပြန်ထားတဲ့ မှတ်တမ်းတွေ အရ လက်ရှိ အချိန်ထိ ဘောလုံး ပေးပို့မှု အကြိမ်ရေ အများဆုံး စာရင်းမှာ ဗန်ဒိုက် က ထိပ်ဆုံးကနေ ပါဝင်နေပြီး စုစုပေါင်း 994 ကြိမ် အထိ ရှိခဲ့ပါတယ်။

ပွဲ အပေါ် အာရုံ စူးစိုက်မှု လျော့ကျမှုတွေ ရှိနေတယ်လို့ ဝေဖန်ခံခဲ့ရတဲ့ အလီဆွန် ကလဲ ပုံစံကောင်းတွေ ပြန်လည် ရရှိနေပြီလို့ ဆိုရမှာပါ။ 3 ပွဲ ဆက်တိုက် ပေးဂိုး လုံး၀ မရှိတဲ့ အပြင် ဒီရာသီ Clean Sheet အများဆုံး ရယူထားတဲ့ ဂိုးသမား စာရင်းမှာလဲ မန်စီးတီး က အီဒါဆင် ၊ ချဲဆီး က မန်ဒီ တို့နဲ့ အတူ ပူးတွဲ ရပ်တည်လျှက် ရှိနေပါတယ်။

လက်ရှိ အခိုက်အတန့်တွေ ရဲ့ အကောင်းဆုံး ဘောလုံး ဘောလုံးသမား က မို ဆာလာ ဖြစ်ပါတယ်။ ဒီရာသီ ပြိုင်ပွဲ ပေါင်းစုံ သူ ပါဝင် ကစားခဲ့တဲ့ ပွဲတွေ မှာ သွင်းဂိုး (သို့) ဂိုး ဖန်တီးမှု လုပ်ပြနိုင်ခြင်း မရှိတဲ့ ပွဲဆိုလို့ 2 ပွဲသာ ရှိခဲ့ဖူးပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ဆောက်သမ်တန် နဲ့ ပွဲမှာ ဆိုရင်လဲ ကိုယ်တိုင် ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်တိုင်အောင် အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ပုံဖော်ပြခဲ့သလို ၊ ဂျော်တာ ဂိုးသွင်းယူနိုင်ဖို့ အတွက်လဲ တစ်ကြိမ် ဖန်တီးမှု လုပ်ပေးနိုင်ခဲ့ပါတယ်။

မို ဟာ တောင်ပံ တိုက်စစ် ကစားသမား တစ်ယောက် ဖြစ်နေသည့်တိုင်အောင် ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ ရဲ့ သွင်းဂိုး အများဆုံး ကစားသမား အဖြစ်သာ မက ၊ ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ်ပါ ရပ်တည်လျှက် ရှိနေပါတယ်။

သူ့ရဲ့ စွမ်းဆောင်ရည်ဟာ 13 ပွဲ ကစား အပြီးမှာတောင် စုစုပေါင်း 11 ဂိုး သွင်းယူပြီး ၊ 8 ကြိမ် ဂိုး ဖန်တီး ပေးထားတာပါ။

ပိုပြီး ထူးခြားတာက ဂိုးအများဆုံး သွင်းယူထားတဲ့ စာရင်းမှာ မို ဆာလာ အပြင် ၊ မာနေး ၊ ဂျော်တာ တို့ကလဲ စုစုပေါင်း သွင်းဂိုး 7 ဂိုး စီ နဲ့ ဒုတိယ နေရာတွေမှာ ရပ်တည်လျှက် ရှိနေပါတယ်။ အာနိုး ကတော့ ဂိုး ဖန်တီးမှု ပေါင်း 7 ကြိမ် နဲ့ ဒုတိယ အများဆုံး ဖန်တီးသူ အဖြစ် ရပ်တည်နေတာပါ။

ဒါကြောင့်လဲ ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ စွမ်းဆောင်ရည်ပိုင်း ဆိုင်ရာ ကဏ္ဍတွေကို ခွဲခြား ကြည့်လိုက်မယ် ဆိုရင် သွင်းဂိုး အများဆုံး ၊ ဂိုးဖန်တီးမှု အများဆုံး ၊ ဘောလုံး ပေးပို့မှု အများဆုံး ၊ Clean Sheet ရယူနိုင်မှု အများဆုံး စတဲ့ အဓိက နေရာတွေမှာ လီဗာပူး ကစားသမားတွေပဲ စိုးမိုး ခြယ်လှယ်လျှက် ရှိနေပါတယ်။

ဂိုးအများဆုံး သွင်းထားသူများ –

11 ဂိုး – ဆာလာ
7 ဂိုး – မာနေး
7 ဂိုး – ဂျော်တာ
7 ဂိုး ဗာဒီ

ဂိုးဖန်တီးမှု အများဆုံး ပြုလုပ်ထားသူများ –

8 ကြိမ် – ဆာလာ
7 ကြိမ် – အာနိုး
7 ကြိမ် – ပေါ့ဘာ

Clean Sheet အများဆုံး ရယူထားသူများ –
7 ပွဲ – အလီဆွန်
7 ပွဲ – အီဒါဆင်
7 ပွဲ – မန်ဒီ

SM