စူပါကွန်ပျူတာရဲ့ တွက်ချက်မှုမှာ ရာသီအကုန် ထိပ်သီး 4 သင်း စာရင်းတောင် ဝင်နိုင်ခြေ မရှိတဲ့အပြင် ချန်ပီယံလိဂ်မှာလည်း အခြေအနေ ဆိုးသွားဖို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြဟောင်း ဟိုဆေး မော်ရင်ဟို ကိုင်တွယ်ခဲ့တာကနေ အခုချိန်ထိ ဖလားလက််မဲ့ ဖြစ်နေခဲ့တာ အားလုံး အသိပါပဲ ။ ဒါ့ကြောင့် ယူနိုက်တက် ပရိသတ်တွေဟာ နှစ်စဥ် ဆုဖလား ဆွတ်ခူးရနိုင်ဖို့ မျှော်လင့်နေခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အခုတော့ ဒီနှစ်နွေမှာ ယူနိုက်တက်တို့ ကာလရှည် ပစ်မှတ််ထားနေခဲ့ကြတဲ့ ဂျေဒန် ဆန်ချိုကို ခေါ်ယူနိုင်ခဲ့တဲ့ အပြင်် တိုက်စစ်အတွက် ခရစ္စတီယာနို ရော်နယ်ဒို ၊ ခံစစ် ပြသနာ ဖြေရှင်းရေး အတွက် ရီးယဲမက်ဒရစ် အသင်းမှ ရာဖေးလ် ဗာရန်း တို့ကို ခေါ်ယူ အင်အားဖြည့်နိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ကမ္ဘာ့ အဆင့် ကစားသမားတွေ ရောက်ရှိလာမှုနဲ့ အတူ ဒီနှစ်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိလာလိမ့်မယ်လို့ ထင်ကြေးတွေ ပေးခံခဲ့ရပါတယ် ။ အခြားတဖက်မှာတော့ ယူနိုက်တက်တို့ ရာသီသစ် စတင်ပုံလည်း ကောင်းခဲ့ကြပါသေးတယ် ။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကစားသမားတွေဟာ တည်ငြိမ််တဲ့ စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ခဲ့ကြသလို အသင်းရဲ့ ရလဒ်တွေဟာလည်း အတော်လေး စိတ်ပျက်စရာ ဖြစ်သွားခဲ့ရပါတယ် ။ ထို့အတူ နည်းပြ ဆိုးလ်ရှားဟာလည်း အလုပ်ထုတ်ခံရဖို့ နီးစပ်တဲ့ အနေအထားတွေ ပိုင်ဆိုင်သွားခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နောက်ဆုံး 4 ပွဲ ကစားရာ 3 ပွဲ အထိ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပြီး အမှတ်ပေး ဇယား အဆင့် 6 နေရာ ၊ ထိပ်ဆုံးမှ ချဲလ်ဆီး အသင်းအောက် 9 မှတ် အကွာအထိ ကျဆင်းသွားခဲ့ရပါတယ် ။ ထို့အတူ ဆုဖလား မျှော်လင့်ချက်ဟာလည်း ဝေဝါး သွားခဲ့ရပါတယ် ။

အခုချိန် အထိတော့ ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ် ဖလားနဲ့ FA ဖလား တွေကို မျှော်လင့်လို့ ရနိုင်ပါသေးတယ်် ။ ဒါပေမဲ့ အခုလို ကစားပုံ ၊ စွမ်းဆောင်ရည်တွေကို ပြသသွားမယ် ဆိုရင်တော့ ဒီဖလားတွေကိုလည်း လက်လွှတ်် ဆုံးရှုံးခံရမှာ သေချာလှပါတယ် ။

အခုတော့ Five Thirty Eight စူပါ ကွန်ပျူတာ ရဲ့ ခန့်မှန်း တွက်ချက်မှုတွေအရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ကြီးမားတဲ့ ဆုဖလားတွေကို ရယူဆွတ်ခူးနိုင်ခြေ 1 % အောက်အထိတောင် ရောက်ရှိနေတယ်လို့ သိလိုက်ရပါတယ် ။ ဒါဟာ မကြာခင်က ပြသခဲ့တဲ့ စွမ်းဆောင််ရည် ၊ ရလဒ်တွေကြောင့် ပါပဲ ။

ဒါ့အပြင် ပရီးမီးယားလိဂ် ပြိုင်ပွဲအတွင်း ထိပ်သီး 4 သင််း စာရင်း ဝင်နိုင်ခြေကို တွက်ချက်ရာမှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝင်ရောက်နိုင်ခွင့် 29 % သာ ပိုင်ဆိုင်နိုင်ခဲ့ပါတယ် ။ ဒီနေရာမှာ မြို့ခံပြိုင်ဖက် မန်စီးတီး အသင်းက 98 % နဲ့ အများဆုံး ဖြစ်နေခဲ့ပါတယ် ။

သူ့ရဲ့ နောက်မှာတော့ လီဗာပူး အသင်းက 93 % ၊ ချဲလ်ဆီး အသင်းက 90 % နဲ့ တန်းစီ ရှိနေခဲ့ကြပြီး ဒီရာသီ ရလဒ််ကောင်းတွေ ပိုင်ဆိုင်နေခဲ့တဲ့ ဝက်စ်ဟမ်း အသင်းက 37 % ၊ ရလဒ်တွေ ဆက်တိုက် ပြန်ကောင်းလာခဲ့တဲ့ အာဆင်နယ် အသင်းက 20 % တို့ကို ပိုင်ဆိုင်ခဲ့ကြပါတယ် ။

ဒါ့ကြောင့် တွက်ချက်မှုကို အခြေခံတဲ့ အလေးပေးမှုမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆင့် 5 နေရာမှာပဲ ရပ်တည် နေခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ရေး အတွက် ဝက်စ်ဟမ်း ၊ အာဆင်နယ် အသင်းတွေနဲ့ ယှဥ်ပြိုင် သွားရနိုင်ခြေ များနေခဲ့ပါတယ် ။

ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ရေး အခွင့်အလမ်းမှာတော့ မန်စီးတီး အသင်းဟာ 49 % နဲ့ အတူ ထိပ်ဆုံးမှာ ရပ််တည် နေခဲ့ပါတယ် ။ ဒါ့အပြင် ချန်ပီယံလိဂ် ချန်ပီယံ ဖြစ််နိုင်ရေး မှာလည်း မန်စီးတီး အသင်းက 21 % ၊ လီဗာပူး အသင်းက 14 % ပိုင်ဆိုင်ခဲ့ကြပါတယ် ။

လက်ရှိ တွက်ချက်မှုတွေ အရတော့ ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ် အသင်းက 25 % နဲ့ ချန်ပီယံ ဖြစ်ဖို့ ရေပန််း အစားဆုံး ဖြစ်နေခဲ့ပါတယ် ။ ယူနိုက်တက် ကတော့ ဒီနေရာမှာ ရီးယဲ မက်ဒရစ် ၊ အင်တာမီလန် ၊ PSG အသင်းတွေရဲ့ အနောက်မှာသာ ရပ်တည်နိုင်ခဲ့ ပါတယ် ။

#Sports_Myanmar